RFA
RFA Burmese
2024.06.19
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP Photo
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အမြန်ဆုံး နေရပ်ပြန်ခေါ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုတွေအရ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေမရာဖြစ်လာချိန်မှာ အခုလို ထုတ်ပြန်လိုက်တာပါ။
ဒီအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနဲ့ ဇွန်လ ၁၈ ရက်နေ့မှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဆွေး နွေးချက်တွေကိုလည်း စစ်ကောင်စီက ကန့်ကွက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က် (Volker Turk) က ရခိုင် ပြည် နယ် မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ပိတ်ဆို့ခံထားရတဲ့အတွက် စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ကြောက်မက်ဖွယ် စစ်ပွဲဗျူဟာတွေသုံး တိုက်ခိုက်နေပြီး နေအိမ်တွေ မီးရှို့ခံရတာ၊ ဒေသခံ ပြည်သူတွေ သတ်ဖြတ်ခံနေရတာနဲ့ အဓမ္မစစ်မှုထမ်းခိုင်းခံရတာတွေကို လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အခု ကျူးလွန်နေတာတွေ ရပ်တန့်ဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က်က ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး အဲဒီစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ တစ်သန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

- ရခိုင်မှာ လုံခြုံစွာနေနိုင်မယ့်နယ်မြေ သတ်မှတ်ပေးဖို့ ရိုဟင်ဂျာတွေ တောင်းဆို
- စစ်ကြောရေးဒဏ်ကြောင့် ဗျိုင်းဖြူရွာသား နှစ်ဆယ်ကျော် ဆေးကုသမှု ခံယူနေရ
- မောင်တောမြို့က ရိုဟင်ဂျာတွေအတွက် စိုးရိမ်ကြောင်း ကုလမဟာမင်းကြီးပြော
- တောင်ကုတ်မှာ လေကြောင်းနဲ့ ဗုံးကြဲလို့ အမျိုးသမီးနှစ်ဦး သေဆုံး
- စစ်တွေမြို့မှာ ဖမ်းဆီးခံရတဲ့ ဒေသခံ နှစ်ရာခန့် ပြန်မလွတ်သေး
No comments:
Post a Comment