Wednesday, June 26, 2024

မောင်တောက စားနပ်ရိက္ခာဂိုဒေါင်ရုံ မီးရှို့၊ဖောက်ထွင်းခံရမှုကို WFP ရှုတ်ချ

BBC
2024.06.25 

မြန်မာက ငွေကြေးချို့တဲ့နွမ်းပါးတဲ့ ဒေသခံတွေကို WFP ဆန်ထောက်ပံ့ပေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ စားနပ်ရိက္ခာဂိုဒေါင်ရုံ ဇွန် ၂၂ ရက်က ဖောက်ထွင်း၊ မီးရှို့ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ WFP က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။


WFP အနေနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကြား ဒုက္ခဒဏ်ခံနေရတဲ့လူတွေကို အရေးပေါ်စားနပ်ရိက္ခာတွေ ပံ့ပိုးပေးနေပြီး ဒီနှစ်အတွင်း လူတစ်သန်းနီးပါးအထိ ကူညီထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ မောင်တောမြို့မှာရှိတဲ့ ရိက္ခာနဲ့အခြားကုန်ပစ္စည်းတွေကို အဓမ္မရယူခြင်းနဲ့ လူသားချင်းစာနာထောက်ထားပြီးကူညီထားတဲ့ အဆောက်အဦတွေ ဖျက်ဆီးပစ်တာကိုလည်း ရပ်တန့်ဖို့လိုတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ လူသားချင်းစာနာမှုနဲ့ ကူညီထားတဲ့ အထောက်အကူပစ္စည်း နဲ့ ပိုင်ဆိုင်မှုတွေကို လေးစားကာကွယ်ရမှာဖြစ်ပြီး အရေးပေါ်အကူအညီလိုအပ်နေသူတွေဆီ အန္တရာယ်ကင်းတဲ့လမ်းကြောင်းကနေ ဝင်‌ရောက်အကူအညီပေးနိုင်ဖို့ကိုလည်း WFPက တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် မေလနှောင်းပိုင်းကစလို့ မောင်တောမြို့က ဂိုဒေါင်ရုံကို WFP ဝန်ထမ်းတွေသွားလာခွင့် မရှိသေးဘူးလို့ ပြောထားပြီး အဲဒီဂိုဒေါင်မှာ လူပေါင်း ၆၄,၀၀၀ ကို တစ်လကြာထောက်ပံ့ဖို့အတွက် ၁,၁၇၅ မက်ထရစ်တန်ရှိတဲ့ အရေးပေါ်အစားအစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သိုလှောင်ထားတာလို့ သိရပါတယ်။

ဒီစားနပ်ရိက္ခာဂိုဒေါင် ဖောက်ထွင်း၊ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘဲ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေအသေးစိတ်အချက်အ လက် တွေကို WFP အနေနဲ့ ဆက်လက်စုဆောင်းနေတယ်လို့ ကြေညာထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */