RFA
RFA Burmese
2024.06.20
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနေနိုင်မယ့် နယ်မြေသတ်မှတ်ပေးဖို့ အပါအဝင် အချက် လေးချက်ကို ရိုဟင်ဂျာလူငယ်အဖွဲ့ ခြောက်ဖွဲ့က ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအကာအကွယ်မဲ့ပြီး နေ့စဉ်အသက်ဆုံးရှုံးနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းအခြေစိုက် Arkan Rohingya Youth Forum (ARYF ) က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခု ကျွန်တော်တို့တွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတာ ခုနစ်နှစ်ကျော်ပြီ။ အခုထိ နေရပ်မပြန်ရသေးဘူး။ အဲဒါကြောင့် ကိုယ့်နေရာမှာကိုယ်နေရဖို့အတွက် တောင်းဆိုတာရှိပါတယ်။ အခု ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောမှာ တိုက်ပွဲတွေကြောင့် ကျွန် တော်တို့ ရိုဟင်ဂျာလူမျိုးတွေ နေ့တိုင်းအသက်ဆုံးရှုံးနေတယ်”
ရိုဟင်ဂျာဒုက္ခသည်တွေအရေးအတွက် အာရကန်- ရိုဟင်ဂျာလူငယ်ဖိုရမ် (ARYF)၊ ရိုဟင်ဂျာလူငယ်အသင်း (RYA)၊ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကျောင်းသားများအသံ (VRWS) အပါအဝင် အဖွဲ့ခြောက်ဖွဲ့က ရိုဟင်ဂျာတွေ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနဲ့အညီ နေရပ်ပြန်ခွင့်ရဖို့၊ ရိုဟင်ဂျာတွေ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရဖို့ အပြင် ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ခဲ့တကြောင့် ရိုဟင်ဂျာ တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ခဲ့တကြောင့် ရိုဟင်ဂျာ တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
No comments:
Post a Comment