DVB
January 07, 2019
ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်း ကျန်း သူ နှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့ သမ္မတရုံး က ညွန် ကြား ထားပြီးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြား လိုက် ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ရဲကင်းစခန်းတွေ တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ နေပြည်တော် မှာပြုလုပ်တဲ့ သတင်း စာရှင်းပွဲမှာ ပြောကြား ခဲ့ တာပါ။
“ဟိုဘက်မှာ အေအေ လက်နက်ကိုင်အဖွဲ့လို့ ကျနေ်ာတို့ ဆွေးနွေးတယ်။ ဒီဘက်မှာ ကျနော်တို့ ထုတ်တာက အေအေ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနေ်ာတို့ တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျနေ်ာတို့ သမ္မတရုံးအနေနဲ့ ညွန် ကြားထားပြီးဖြစ်ပါတယ်လို့ အဲဒါလေးပြောချင်တယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် အေအေကိုထောက်ခံတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ပြန်လည်သုံးသပ်ဖို့နဲ့ အေအေ အနေနဲ့ အာဆာ အဖွဲ့ကို ထောက်ပံ့မယ့် ဘယ်လို လှုပ်ရှားမှုမျိုးကိုမှ မလုပ်ဖို့လည်း ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
“အေအေကို ကျနော်တို့ မေးချင်တယ်။ ဘာအတွက် ဒီလိုမျိုးလုပ်နေတာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာချင် ရင် ကျနေ်ာတို့ ငြိမ်းချမ်းရေးကော်မရှင်က ခေါ်ထားပြီးသားဖြစ်တယ်။ နောက်အေအေကို ထောက်ခံတဲ့ ရခိုင် တိုင်းရင်း သားတွေကိုလည်း ကျနော်တို့ပြောချင်တယ်။ အေအေကြောင့် ရခိုင်ပြည်နယ် ကောင်းကျိုးထက် ဆိုးကျိုးဘယ်မှာ များမလဲသုံးသပ်ဖို့လိုတယ်။ နောက်တခုက ပွင့်ပွင့်လင်းလင်းပြောချင်တာက ထောက်ခံ မှုတွေဆိုလည်း အမျိုးမျိုးရှိမယ်၊ အဲဒီထောက်ခံမှုတွေကိုလည်း ရပ်တန်းကရပ်ဖို့ ကျနော်တို့ ပြောချင်တယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ အေအေ စခန်း ၂ ခုရှိပြီး ARSA စခန်း ၃ ခုရှိကြောင်းနဲ့ ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ် စစ်သံရုံးကို တပ်မတော်ဘက်က ကန့်ကွက်ထားပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဒီကနေ့ နိုင်ငံတော် အကြီးအကဲတွေ အစည်းအဝေးပြု လုပ်ပြီး လက်ရှိမြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေ၊ ပြည်တွင်းလုံခြုံရေးကိစ္စ၊ တပ်မတော်ကနေ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ကြေညာပြီးနောက်ပိုင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်လုံခြုံကိစ္စတွေအပါ အဝင် ဆွေးနွေးခဲ့ကြပါတယ်။
ဇန်နဝါရီ ၄ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီး လှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Link : Here

No comments:
Post a Comment