Sunday, April 28, 2019

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
27 April 2019
ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ 

 ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက် သ မားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။
ဦးဇော်ဌေး က “ISIS ရဲ့ လှုပ်ရှားမှုက ဘာလဲဆိုတော့ သူတို့က Home Grown Cell တွေ မွေးတာပေါ့။ ပြည် တွင်းက အဓိက ကျတယ်။ အပြင်က ဝင်လာတဲ့ အကြမ်းဖက်သမားတွေက ဒီပြည်တွင်းမှာရှိတဲ့ အစွန်း ရောက်တွနဲ့ ချိတ် ဆက်ပြီး လှုပ်ရှားတဲ့ သဘောပေါ့။ ဒီသီရိ လင်္ကာ ဖြစ်စဉ်ကို ကြည့်လိုက်ရင်လည်း အလား တူပဲ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

ဆီးရီးယားနှင့် အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက် စိကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရ သည်။

အဆိုပါ ပြောဆိုချက်သည် သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသော သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်း များကို အသေခံ ဗုံးခွဲ ရာတွင် အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုအပြီး နောက်ဆက်တွဲဖြစ်သည်။

အကြမ်းဖက် နှိမ်နင်းရေးနှင့် ပက်သက်၍ အာဆီယံနိုင်ငံတွင်းရှိ မိတ်ဆွေနိုင်ငံများ၏ သတင်းအချက် အ လက်များအရ မြန်မာနိုင်ငံကို မည်သို့မည်ပုံ ပစ်မှတ်ထားလာသည်ကို သိရကြောင်း၊ ဖမ်းဆီးရမိသည့် အ ကြမ်း ဖက်သမားများထံမှ ဖော်ထုတ်ရရှိသည့် သတင်းများ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။

“အင်ဒိုနီးရှားဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို အကြိမ်ဖန်များစွာ သတိပေးထားတာ ရှိပါတယ်။ သူတို့ဖက် မှာလည်း အင်ဒိုနီးရှား မှာလည်း အကြမ်းဖက် တိုက်ဖျက်ရေးကို ဦးစားပေးပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။ သူတို့မှာလည်း လက်ရှိ အကြမ်းဖက် တိုက် ခိုက်မှု အန္တရာယ်ပေါ့။ သူတို့လုပ်တာကတော့ အစွန်းရောက် လျော့ချရေးပေါ့”ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရပိုင်း၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများက အကြမ်းဖက်အန္တရာယ် ကြိုတင်ကာကွယ်ရေးကို အထူး ဦးစားပေးပြီး လုပ်ဆောင်နေသလို တချိန်တည်းတွင် ပြည်တွင်းရှိ အစွန်းရောက်အကြမ်း ဖက်လိုစိတ် များ နည်းပါးသွားစေရန်လည်း လုပ်ဆောင် နေကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောသည်။

ရခိုင်ဒေသမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိသွားပြီး နေရပ်ရင်းသို့ မပြန်နိုင်သည့် ဒုက္ခသည်များသည် အချိန်ကြာမြင့်လာ သည်နှင့်အမျှ ယင်းဒုက္ခသည်စခန်းရှိ လူငယ်များကြား မကျေနပ်မှုများ ပေါက်ဖွားလာ သည့် အခြေခံအပေါ်တွင် ISIS အစွန်းရောက် များက အလွယ်တကူ စည်းရုံးနိုင်သည့် အနေအထား ရှိနေ ကြောင်း ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းကတော့ ဆီးရီးယားမှာလို ISIS တပ် မတော် တရပ်ဖွဲ့ ပြီး တိုက်ခိုက်မှုမျိုး ထက်စာရင် သီရိလကာင်္မှာလို အသေခံဗုံးခွဲ တိုက်ခိုက်မှုမျိုးတွေကို ပိုပြီးတော့ လုပ်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် ခြေကုတ်ယူနိုင်တဲ့ အကြောင်းအရင်း ဖြစ်လာလိမ့်မယ်”ဟု ပြောသည်။

ရခိုင်မြောက်ပိုင်းကို ISIS အကြမ်းဖက်များ ဝင်ရောက်ချင်သလို လက်ရှိတွင် ရက္ခိုင့် တပ်မတော် (AA) နှင့်လည်း တိုက်ပွဲ ဖြစ်ပွားနေ ရာ နိုင်ငံတကာကလည်း ဖိအားပေးနေသည့် နေရာတခု ဖြစ်သဖြင့် ဒေသ ဆိုင်ရာ ပြဿနာများ၏ ဆုံချက်တခု ဖြစ်လာပြီး ကိုယ့် ပြည်နယ်၊ ကိုယ့်နိုင်ငံအတွက် အန္တရာယ် ကြုံလာနိုင် သည့် အခြေအနေမျိုး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက ပြောသည်။

ဦးဖေသန်း က “ဘာသာရေး အစွန်းရောက်တွေက အသက်အသေခံပြီး လုပ်လာမယ်ဆိုရင်တော့ ကျနေ်ာတို့ နိုင်ငံက ဘူးလဲရာ ဖရုံဆင့် ဆိုသလို နဂိုကတည်းက ပြဿနာရှိနေရာကနေ ပိုဆိုးလာမှာတော့ သေချာ တယ်။ AA နဲ့လည်း အပြင်းအထန် စစ်ပွဲ ဖြစ်နေတယ်။ အဲဒီ အချိန်မှာ ARSA ကလည်း ဝင်လာမယ်ဆိုရင် တော့ တော်တော်ကို ဒေသတည်ငြိမ်ဖို့ အတွက် ထိန်းသိမ်းရ တော်တော်ကို ခက်သွားမယ်” ဟု သုံးသပ် သည်။

၎င်းက ဆက်၍ “အဲဒါကြောင့် တိုင်းရင်းသား ဖြစ်တဲ့ AA နဲ့ ငြိမ်းချမ်းရေးကို ပထမဆုံး ရယူစေချင် တယ်။ AA ကို Border Guard နယ်ခြားစောင့် အနေနဲ့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး အနေနဲ့ပဲ ဖြစ်ဖြစ် အခြေစိုက်ခွင့်ပြုရင် ARSA က ဝင်လာဖို့ မလွယ်တော့ဘူးလို့ မြင်တယ်။ ဒီဘက်က ရခိုင်ပြည်သူတွေ လက်မခံဘူးဆိုရင် ARSA ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ရေးအရ မဖြေရှင်းဘဲ နှစ် ဘက်ခေါင်းဆောင်များ တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာရန် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ နီးပါးက ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် စုပေါင်း အရေးဆို ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ် ၇ မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆၆ ခု ရှိပြီး စစ်ရှောင် လူဦးရေ ၃၄၀၀၀ ကျော် ဘေးဒုက္ခနှင့် ကြုံတွေ့ နေရကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာအစိုးရကမူ ရက္ခိုင့် တပ်မတော် (AA) နှင့် မွတ်စလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်သည့် ARSA တို့ကို မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ်တို့ ပူးပေါင်း နှိမ်နင်းရန် နေပြည်တော်တွင် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ များကြား အဆင့်မြင့် အရာရှိ ကြီးများ အစည်းအဝေး သဘော တူညီခဲ့ကြသည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ်တွင် AA နှင့် ARSA တို့ကဲ့သို့ အခြေစိုက် လှုပ်ရှားသည့် လက် နက်ကိုင် အဖွဲ့ တချို့ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ၂ နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျက် ရှိနေသည့် အနေအထား ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */