လွတ်လပ်တဲ့အာရှအသံ
2019.01.19
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ် ပြတ် သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော လိုက်ပါတယ်။
နေပြည်တော်က သတင်းထောက်တွေကို နိုင်ငံတော် သမ္မတ အိမ်တော်မှာ ဒီနေ့ နေ့လယ်ကခေါ်ယူတွေ့ဆုံ ပြီး ရှင်းလင်းချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ မနေ့က ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ရက္ခိုင့်တပ်မတော် AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် ပြတ်ပြတ်သားသား ချေ မှုန်းဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း ပြောခဲ့ ပါ တယ်။
အစိုးရအနေနဲ့ အချုပ်ခြာအာဏာနဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိန်းသိမ်းကာကွယ် စောင့် ရှောက်ရမယ့် တာဝန်ရှိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို AA သောင်းကျန်းသူအဖွဲ့က တိုက် ခိုက် ခဲ့တာဟာ နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်ကို ထိခိုက်စေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေ လုံခြုံဘေးကင်းရေးကို ထိပါးနှောင့် ယှက်တဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်တဲ့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအဖြစ် ဆောင် ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
Link : Here
No comments:
Post a Comment