Friday, January 18, 2019

အေအေကို ခြေမှုန်းရန် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွန်ကြားခဲ့ဟု တပ်မတော်ရှင်းလင်း

DVB
18 January 2019
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထိရောက်စွာ ခြေမှုန်းဖို့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ညွှန်ကြားခဲ့တာလို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆောင် ရွက်ချက်တွေ၊ အေအေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “ဇန်နဝါရီလ ၄ ရက်နေ့ အ ကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် သမ္မတရုံးရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် ရက်စွဲပါစာအမှတ် ၁၆၈ (၁/၈) သမ္မတရုံးဖြင့် တပ်မတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ တပ်အင်အား တိုးမြှင့်အ သုံးပြုခြင်း၊ တပ်မ တော်ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပြီး သောင်းကျန်းသူများနှိမ်နင်းရေး ကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါတယ်။”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇန်နဝါရီ ၇ ရက်နေ့ နိုင်ငံတော် သမ္မတ အိမ် တော်မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ အေအေကို ပြတ်ပြတ်သားသား တိုက်ဖို့ ညွှန်ကြားခဲ့ တယ် လို့ ပြောပါတယ်။

“အဲဒီညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အေအေအဖွဲ့ဟာ အကြမ်းဖက်သောင်း ကျန်း သူအဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ ပါတယ်။ တကယ်လို့ မချေမှုန်းနိုင်ဘူးဆိုရင် နိုင်ငံတကာကနေပြီးတော့ ARSA ကို ကျနော်တို့ ပြင်းပြင်းထန် ထန် တိုက်ခိုက်ခဲ့တာလား၊ ဘာသာခြားမို့လို့ တိုက်ခိုက်ချေမှုန်းတာလား၊ AA ကို တိုင်းရင်းသားမို့လို့ မချေ မှုန်းသလားလို့ လက်ညှိုး ထိုးစရာ ဖြစ်လာနိုင်သောကြောင့် ပြတ်ပြတ်သားချေမှုန်းရန် မှာကြားခဲ့တယ်” လို့ တပ်မတော် ပြောခွင့်ရသူကပြောပါတယ်။

ညွှန်ကြားချက်အတိုင်း စတင်နှိမ်နှင်းခဲ့ရာမှာ ဇန်နဝါရီ ၅ ရက်ကနေ ဇန်နဝါရီ ၁၆ ရက်နေ့အထိ ထိတွေ့တိုက် ပွဲ ၈ ကြိမ်နဲ့ မိုင်းဖြစ်စဉ် ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အေအေဘက်က ၁၃ ဦး သေဆုံးခဲ့တယ်၊ တပ်မတော်ဘက်က လည်း အရာရှိစစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေတပ်ဖွဲ့က ကွန်ဖက်ဒရိတ်တောင်းဆိုတာ၊ ကချင်အဖွဲ့တွေက ကချင်နိုင်ငံထူထောင်ဖို့ ပြော ဆိုနေတာတွေဟာ မျှော်လင့်တန်ဖိုးတခုကို တောင်းဆိုတာမဟုတ်ဘဲ ဆန့်ကျင်ဘက်အမြင်နဲ့ တောင်းဆိုနေ တာဆိုရင် တခြားနဲ့လမ်းနဲ့ ဖြေရှင်းမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့် ရဲ ကင်းစခန်း ၄ ခုကို အေအေအဖွဲ့က တပြိုင်နက် အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး ၉ ဦးဒဏ်ရာရ ခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */