Monday, January 7, 2019

ရခိုင်ပြည်နယ်စစ်ရေး ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေး

RFA 
လွတ်လပ်တဲ့အာရှအသံ
January 07, 2019
 

                                  ၂ဝ၁၉ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်စဉ်။
(Myanmar President Office)
 
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ ဒီနေ့ညနေပိုင်းက အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဒီအရေးပေါ်အစည်းအဝေးကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော် ကာ ကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော် တင့်ဆွေ၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နံှမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်း ထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံ ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေးကိစ္စအပါအဝင် ပြည်တွင်းလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံ ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ဒီနေ့ညနေပိုင်းက သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက… ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက် ခံနေတာတွေ ရပ်တန်းကရပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ AA အဖွဲ့ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ထားပြီး စစ်ဆင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ တပ်မတော်ကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတယ်လို့လည်း ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */