ဗွီအိုအေ (မြန်မာဌာန)
မေခ
15 နိုဝင်ဘာ၊ 2019၊ 2019
မေခ
15 နိုဝင်ဘာ၊ 2019၊ 2019
သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံ တကာ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်း အရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအရေး စတင်စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ် သက်လို့ တော့မြန်မာ နိုင်ငံဟာ ICC ဖွဲ့စည်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက်ပူးပေါင်းဆောင် ရွက်မှာ မဟုတ်ဘူးလို့ တုန့်ပြန် လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မေခကစုစည်း တင်ပြ ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေကို ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နေ့က အာဂျင် တီးနား တရားရုံးမှာ တင်သွင်းခဲ့တာပါ။
နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာကို ဥပဒေကြောင်းအရ တုံပြန်သွားမယ်လို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှုး ချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပေမယ့် မြန်မာနိုင်ငံအရေး စတင် စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံ ရုံးက ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ သူက အခုလို တုန့်ပြန်ပါတယ်။
"နိုင်ငံတော်အစိုးရအနေနဲ့ ဒီလမ်းကြောင်းက ဖြစ်လာနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ တနှစ်ထဲက ကြိုခန့်မှန်းမိ ပါတယ်။ ဒီကိစ္စအတွက်လည်းဆောင်ရွက်စရာရှိ တာတွေဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကထုတ်ပြန် ထားတဲ့ ကွန်ဒင်းရှင်း၊ နောက် icj ရဲ့ လုပ်ပိုင်ခွင့်၊ သူရဲ့လုပ်ထုံးလုပ်နည်းပေါ့နော်။ ဒါတွေက နိုင်ငံတ ကာ ဥပဒေတွေနနဲ့ဆက်စပ်မှုရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေကြောင်း အရတုံပြန်ဆောင်ရွက် သွား မယ်။ နောက်ကင်တားနား အာဂျင်တီးနား တရားစွဲတဲ့ ကိစ္စကတော့ ၂၀၁၂ကနေ ၂၀၁၈ ထိ ကာလအ ထိယူထားတယ်။ ဒီအပေါ်မှာတော့ဘာမှ တုံပြန်သွားဖို့မရှိ ပါဘူး။ ICC နိုင်ငံတကာ ရာဇ ဝတ်ခုံရုံးက ခွင့်ပြု လိုက်တဲ့ ကိစ္စနဲ့ ပတ် သက်လို့တော့မြန်မာနိုင်ငံဟာ ICC ဖွဲ့စည်းရေးစာချုပ်မှာ လက်မှတ် ရေး ထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက်ပူးပေါင်းဆောင် ရွက်မှာ မဟုတ်"
နိုင်ငံတကာဘက်က စွပ်စွဲ ပြောဆိုနေတာတွေနဲ့ ပတ်သတ်လို့ အစိုးရဘက်က ငြင်းပယ်နေတာမျိုးမရှိဘဲ နိုင်ငံ တကာဘက်က ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဘက်က မကြာခင်ထွက်လာမယ့် အစီအရင်ခံစာက တွေ့ရှိလာသမျှအချက်တွေကို လက်ခံပြီး တာဝန်ခံ ဖြေရှင်းသွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
"အခုလောလောဆယ်မှာတော့ ပြည်ပက စိတ်ချယုံကြည်ထိုက်တဲ့လူတွေ ပါဝင်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ဖွဲ့စည်းထားပါတယ်။ အဲဒီ ICOE ကလည်း စုံစမ်း စစ်ဆေးဆဲ ဖြစ်ပါ တယ်။ နောက် တဘက်မှာလည်း တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry ဆိုတာ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ပြည်တွင်းမှာ ဒီလိုမျိုး စုံစမ်း စစ်ဆေးမှုတွေပေါ့၊ မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ဒီစုံစမ်း စစ်ဆေးမှုတွေကနေပြီးတော့ ကျနော်တို့ ICOE စုံစမ်း စစ်ဆေးချက် Report ထွက်မယ်။ စစ်ဆေးချက်ကနေပြီးတော့ တွေ့ရှိချက်တွေ ထွက်လာမယ်။ နောက်အချက်က တပ်မတော်က Court of Inquiry ပေါ့နော်၊ စုံစမ်းစစ်ဆေးရေး ခုံရုံးက တွေ့ရှိချက်တွေ ရှိ တယ်ဆိုတာလည်း သူတို့ ထုတ်ပြန်ထားတယ်ပေါ့နော်။ ဒီလိုမျိုး ချိုးဖောက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုရင် ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ အရေးယူသွားမယ်။"
ဥပဒေပညာရှင်ဒေါက်တာ ဆလိုင်းငွန်ဂျုံးလျန် ကတော့ မြန်မာနိုင်ငံရဲ့ပုံရိပ်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံ တကာရဲ့ အမြင်တွေနဲ့ နိုင်ငံတကာဘက်က သတ်မှတ်ချက်တွေကို အကျိုးသက်ရောက်မှုတွေ ရှိ တာ ကြောင့် အစိုးရအနေနနဲ့ ဒီအပိုင်းကို အကောင်းဆုံး တုံပြန်သွားစေလိုတယ်လို့ အကြံပြုပါတယ်။
"အာဂျင်တီးနား၊ Buenos Aires District Court မှာ တင်တဲ့ကိစ္စကို တုန့်ပြန်စရာမလိုဘူးဆိုတာကတော့ အစိုးရက သူ့သဘောထားကို ပြောတာဖြစ်မယ်။ အဲဒီ ICC တရားရုံးနဲ့ အာဂျင်တီးနား၊ Buenos Aires District Court က တရားရုံးကို ကျနော်တို့က မတုန့်ပြန်ဘူးဆိုပြီးတော့ ကျော်ဖြတ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ အဲဒီတော့ နံပတ်တစ်က ကျနော်တို့က ဥပဒေအရ အကျိုးသက်ရောက်မှုကို စဉ်းစားဖို့လိုတယ်။ ဒုတိယက နိုင်ငံရေးအရ အကျိုးသက်ရောက်မှု၊ အဆိုးဖြစ်ဖြစ်၊ အကောင်းဖြစ်ဖြစ်၊ အဲဒါကိုလည်း ကျနော်တို့ စဉ်းစားဖို့ လို တယ်။ တတိယအချက်က ဒီလိုမျိုး နိုင်ငံတခုက နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ နံမည်ပျက်တယ်၊ နံမည်ပျက်ဖြစ်နေတဲ့အချိန်မှာ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ လူမှုရေးနဲ့လည်း ဆိုင်တယ်။ တခြား စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေနဲ့လည်း ဆိုင်တယ်။ ဒီဟာတွေအားလုံးကို ထည့်တွက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရဘက်ကနေ အကောင်းဆုံး တုန့်ပြန်နိုင်ပါစေလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။"
ဘင်္ဂလားဒေရှ်ဘက်ကိုရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေး လုပ်ငန်းစဉ်တွေမှာ ဘင်္ဂလားဒေရှ်ဘက်က နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာကြောင့် မအောင်မမြင် ဖြစ်ရတာလို့ ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားပေမယ့် တဖက် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။
Link : Here

No comments:
Post a Comment