ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြော ခွင့် ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတိပေး ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် AA အဖွဲ့ဟာ ၂ဝ၁၈ ဇူလိုင်လအတွင်းက ARSA အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ တေ့ွဆုံခဲ့ကြောင်း၊ ARSA နဲ့ AAအကြား လှုပ်ရှားမယ့်နယ်မြေ ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးရဲ့ ပြောဆို ချက်တွေနဲ့ ပတ်သက်ပြီး AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ARSA အဖွဲ့နဲ့ သူတို့ ပတ်သက်ဆက်သွယ်မှုမရှိကြောင်းနဲ့ အခုလို စွပ် စွဲပြောဆိုတာတွေဟာ AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပုံဖော်နေတာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB အရာ ရှိနှစ်ဦးကလည်း ဦးဇော်ဌေးရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အကြမ်း ဖက် သမားတွေ ခိုအောင်းနေတယ်ဆိုတဲ့ အထောက်အထားကို ပြသဖို့ BGB အရာရှိတဦးက ပြောပါတယ်။
အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံဘက်မှာပဲ ရှိကြောင်း၊ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ မြန်မာဘက်က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပဲ ရှိကြောင်း၊ ဒါကြောင့်လည်း မြန်မာကို နိုင်ငံတကာက ရှုတ်ချနေတာ ဖြစ်တယ်လို့ အဲဒီအရာရှိက ပြောခဲ့ပါတယ်။
Link : Here FB

No comments:
Post a Comment