Wednesday, May 22, 2019

မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့် နှင့် အစွန်း ရောက်ဝါဒ

VOA
ဗွီအိုအေ (မြန်မာဌာန
သတင်းသုံးသပ်ချက် 
22 မေ၊ 2019
ဦးကျော်ဇံသာ
 -----

မြန်မာနိုင်ငံမှာ ပုဂ္ဂိုလ်တချို့ရဲ့ အစွန်းရောက်မှုကြောင့် တိုင်းပြည်သိက္ခာကျဆင်းပြီး ဗုဒ္ဓသာသနာ ညှိုးနွမ်း ဖွယ်ဖြစ်နေတယ်လို့ စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) လို့ လူသိများတဲ့ ဆရာတော် ဦးဣဿရိယ က မိန့်ပါတယ်။ ဒီလုပ်ရပ်ကို ဟန့်တားဖို့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကိုလဲ ဆရာတော် က ထောက်ပြ မိန့်ဆိုပါတယ်။ အသေးစိတ်ကို ဆရာတော် ဦးဣဿရိယ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ပါ တယ်။

မေး ။ ။ မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့၊ ဆိုးဝါးတဲ့စာရင်းထဲမှာ ပါနေပါတယ်။ အဲဒီကိစ္စကို ဆရာတော်အနေနဲ့ ကာကွယ်ပြီးတော့ ပြောရမယ့်အခြေအနေမျိုး ကြုံခဲ့ပါလားဘုရား။
 
ဖြေ ။ ။ ဦးပဉ္ဖင်းဘာသာ အချင်းချင်းအရကတော့ အားလုံးလွတ်လပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ပြည် တွင်းထဲမှာ ဦးပဉ္ဖင်းတို့ကိုယ်တိုင် ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီးတော့ ငြိမ်းချမ်းရေးဟောပြောပွဲတာတွေ၊ အတူတူဟောပြောတာတွေကို ပြည်တွင်းထဲမှာ လုပ်နေ ကြတယ်။ ဘာ သာအရ တယောက်နဲ့တယောက် ရိုက်ကြတယ်ဆိုတာထက်၊ နောက်ကွယ်ကမြှောက်ပေးလို့၊ တခြားပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ဒါကာကြီးတို့ သိတဲ့အတိုင်းပဲ ဦးပဉ္ဇင်း နိုင်ငံမှာ ဘာသာပေါင်းစုံ ယှဉ် တွဲ ပြီးနေနေကြတာ အများကြီးပါ။ ဒါကို ဆူးလေနားမှာဆိုရင် အထင်အရှားပဲ။ တခြားကြောင့်နဲ့ ပျက်ဆီးခဲ့ တာ၊ တယောက်နဲ့တယောက် ပဋိပက္ခကြောင့် ဖြစ်တာမျိုး မရှိဘူး။ အခုနပြောတဲ့ သွေးထိုးလှုံဆော် မှုတွေ ကြောင့် ဒီမှာ ပဋိပက္ခတွေ ဖြစ်နေကြာတာ။

မေး ။ ။ မူအနေနဲ့ တိုင်းပြည်တွင်းမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတာ ဟုတ်လား။

ဖြေ ။ ။ အဲဒါတော့ မဟုတ်ပါဘူး။ ဦးပဉ္ဖင်းတို့နိုင်ငံမှာ ခရစ်ယာန်ကျောင်း၊ ဟိန္ဒူကျောင်း အကုန်လုံး လွတ် လပ်စွာ သူ့ဟာနဲ့သူ ကိုးကွယ်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ဥပဒေကလည်း ကန့်သတ်ထားတာ၊ တားမြစ်ထားတာ ဘာမှမရှိပါဘူး။ နိုင်ငံရေးရှုထောင့်အရတော့ ဦးပဉ္ဖင်းတို့ကျောင်းတွေကိုယ်တိုယ် အကျပ် ခံရတာပဲ။ ၂၀၀၇ အရေး ခင်းမှာဆို ငွေကြာရံကျောင်းတွေ ဝင်အစီးခံရတယ်။ သူပုန်စခန်းစီးသလို အစီးခံရ တယ်။ ၂၀၀၇ ရွှေဝါရောင်အရေးမှာဆို ဘုန်းကြီးကျောင်း (၆၁) ကျောင်း ချိတ်ပိတ်ခံရတယ်။ အဲဒီတော့ ပြော ချင်တာက တခြားဘာသာတခုတည်းပင် ဒီလိုဖြစ်တာ မဟုတ်ဘူး။ အခုနပြောတဲ့ အာဏာရှင်တွေကြောင့် ဘာသာတိုင်းကို သူုတို့ဖျက်ဆီးတာ။ ကိုယ့်ရဲ့အတွင်းထဲမှာတော့ လူတွေအရတော့ တယောက်နဲ့တယောက် ဖျက်ဆီးခြင်း၊ လွှမ်းမိုးခြင်း ဘာမှမရှိပါဘူး။

မေး ။ ။ ဦးဝိရသူတို့ရဲ့ တချို့အသုံးအနှုန်းတွေအရဆိုရင် အစွန်းရောက်ဗုဒ္ဓဘာသာတွေလို့ သတ်မှတ်ကြ ပါတယ်။ ဒီလူတွေရဲ့ အစွန်းရောက်မှုကို ဦးပဉ္ဖင်းက ထောက်ပြတယ်။ ရှင်းပြတယ်ဆိုပြီး ကျော်ကြားတဲ့ ပုဂ္ဂိုလ်တပါး ဖြစ်ပါတယ်။ သူတို့ရဲ့ အစွန်းရောက်မှုကို ဘယ်လောက်အထိ အန္တရာယ်ကြီးတဲ့ကိစ္စလို့ မြင်ပါ လဲ။

ဖြေ ။ ။ သူ့ရဲ့ ပြောဆိုမှုတွေကဆိုရင် သူကိုယုံကြည်နေတဲ့ လူတွေလည်းရှိတယ်။ သူ့နောက်လိုက်တွေ၊ တ ပည့်တွေ။ သူပြောနေတာကိုကြည့်လိုက် - လူသတ်သမား ကြည်လင်း - ဘုရာုးလည်းခိုးတယ်၊ ထောင်လည်း ကျခဲ့တယ်။ ဦးကိုနီကို သတ်တာလည်း အထင်အရှားပဲ။ အဲဒီလိုပုဂ္ဂိုလ်ကို သူက လူသတ်သမားကြည်လင်းရဲ့ ဆရာဖြစ်ပါတယ်။ အားပေးနေမှုတွေက မျက်ဝါးထင်ထင် တွေ့နေရတယ်။ ပြီးတော့ သူပြောနေတာတွေ၊ ဆဲနေတာတွေအားလုံးကို ဦးပဉ္ဖင်းတို့ ပြန်ပြောဖို့တောင် အတော်ခက်တယ်။ အဲဒီတော့ ဘုန်းကြီးဆရာ တော်တပါးဆိုတာက လူတွေကို ယဉ်ကျေး အောင်၊ ထိန်းသိမ်းပြောရမှာကို သူက စဆဲပြနေတော့ လူတွေကို ဘယ်လိုဆုံးမမလဲ။ သူ့ရဲ့ ရိုက်ခတ်မှုက ဘာ သာအနေနဲ့ကြည့်ရင် အင်မတန်မှဆိုးတယ်။ နိုင်ငံလည်း သိက္ခာ ကျတယ်။ ခလေးတွေကို ယဉ်ကျေးအောင် ဆုံး မဖို့အတွက်လည်း အင်မတန်မှ ခက်သွားတယ်။ ဘုန်းကြီးက စံပြဖြစ်ရမှာ၊ စံပြမဖြစ်ဘဲနဲ့ သူက သာမန်လည်းမဟုတ်ဘူး၊ စာချဘုန်းကြီးလည်းဖြစ်တယ်။ ဓမ္မစရိယလည်း ဖြစ်တယ်။ တကယ့် နာမည်ကျော် စာသင်တိုက်ကြီးမှာ သံဃာသုံး ထောင်ကျော်နေတဲ့ ကျောင်းကြီးမှာ ဆို တော့ အများကြီးပိုပြီးထိခိုက်တယ်။ သာမန်ဘုန်းကြီးတပါး ပြောတာထက်ကို ပိုဆိုးတယ်။

မေး ။ ။ သူက ဗုဒ္ဓသာသနာဟာ ကွယ်ပျောက်သွားမယ်။ မူစလင်လွှမ်းမိုးလာရင် Islamization ဖြစ်လာ မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ပြောတတ်ပါတယ်။ ဒါကတော့ လူပိန်းတွေကို ပြောတာပါ။ သူ့အနေနဲ့ ဗုဒ္ဓသာသနာ ထဲက ဘုရားအဆုံး အမထဲက တစုံတရာများ ကိုးကားပြီးတော့ သူလုပ်နေတဲ့အလုပ် မှန်တယ်လို့ ထောက်ပြ နေလား။

ဖြေ ။ ။ ဘာမှမရှိပါဘူး။ သက်သေပြတဲ့ အထောက်အထားလည်း ဘာမှမရှိပါဘူး။ တကယ်ကတော့ သူက အမုန်းတရားကို အခြေခံပြီးတော့ ငါနဲ့မတူရင် ငါ့ရန်သူ လုပ်နေတာပါ။ သူ့ကောက်ကြောင်းထဲမှာပြန်ကြည့် ဒီလူကို အခုကြိုက်တယ်လို့ပြောပြီး နောက်တခါ မကြိုက်ဘူး ပြောချင်ပြောတာ။ တချိန်က ဒေါ်အောင်ဆန်းစု ကြည်ကို ထောက်ခံတယ်။ အားပေးတယ်လို့ သူပြောခဲ့တယ်။ အခုကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရန် သူအသွင်နဲ့ တိုက်ခိုက်နေတာ။ တချိန်က စစ်အာဏာရှင်တွေ၊ ကြံ့ဖွံ့တွေကို မကောင်းဘူးလို့ ပြောခဲ့တာ ဗီဒီ ယိုမှတ်တမ်းတွေ ရှိခဲ့တယ်။ အခုကြတော့ အခြေခံဥပဒေကို ကောင်းတယ်ဆိုပြီး လုပ်နေတာ။ ပြောချင် တာ က သူက တခြားဝါဒတွေ၊ ရှုထောင့်တွေကြောင့် မဟုတ်ဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်းဆိုတဲ့ အမုန်းတရားပေါ် အခြေခံပြီး သွားနေတယ်လို့ တွေ့ရတယ်။

မေး ။ ။ သူ့ရဲ့ လုပ်ရပ်က ဗုဒ္ဓသာသနာ အဓွန့်ရှည်ဖို့လည်း အထောက်အပံ့ မဖြစ်သလို၊ ဗုဒ္ဓရဲ့ အဆုံးအမကို လည်း တစုံတရာ ကိုးကားပြီး အကြောင်းပြစရာ မရှိဘူးပေါ့။

ဖြေ ။ ။ မရှိတဲ့အပြင်ကို သာသနာကို ပိုပြီးဖျက်နေသလိုမျိုး ဖြစ်နေတယ်။ သူကြောင့် အများကြီးပျက် လာ တယ်။

မေး ။ ။ ဒီကိစ္စမှာ သူကို သံဃာနာယကအဖွဲ့ - သာသနာပိုင်အဖွဲ့က ဓမ္မစက်နဲ့ ဟန့်တားတာမျိုး၊ အရေးယူ တာမျိုး မလုပ်သင့်ဘူးလား။

ဖြေ ။ ။ အခုနပြောတဲ့ သူဆဲလိုက်တုန်းက၊ လူသတ်သမား ကြည်လင်းဆရာလို့ ပြောလိုက်တုန်းက သံဃနာ ယကမှ တနှစိတိ တရားဟောပိတ်တယ်။ ဒါပေမဲ့ သူမလိုက်နာပါဘူး။ ကရင်ပြည်နယ်ဘက်တွေ သွားဟော တယ်။ ပါးစပ်ကိုတိပ်နဲ့ ပိတ်ပြီးတော့ထိုင်တယ်။ အဲဒီတော့ ဓမ္မစက်နဲ့ အရေးယူခိုင်းရင် အာဏာစက်နဲ့ အရေး ယူမှာက ပြည်ထဲရေးဖြစ်တယ်။ ဒါပေမဲ့ ပြည်ထဲရေးက နှားစေးတာကို တွေ့နေရတယ်။ အခုသူက တနှစ်ပြည့် သွားပြီဆိုပြီးတော့ ပြန်ဟော နေတယ်။ ဟောနေတော့ နံပတ်တစ် ဘယ်သူမှာ တာဝန်အရှိဆုံးလဲဆိုတော့ မိခင်မစိုးရိမ်တိုက်ကြီးက တာဝန်အရှိဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက စာသင်တိုက်ကြီး။ သူက ဖြေရှင်းရမယ် တာဝန်ယူရမယ်။ ဒီကျောင်း ကနေ ပြဿနာတွေ ဖြစ်နေတာ။ ယနေ့အထိ မစိုးရိမ်တိုက် သစ် ကနေ သူကိုထုတ်ပယ်ခြင်း၊ ဟန့်တားခြင်း၊ စာထွက်ခြင်း၊ Statement ထွက်ခြင်း ဘာမှမတွေ့ရဘူး။ နံပတ် တစ် အရေးကြီးဆုံးက မစိုးရိမ်တိုက်သစ်။ နံပတ်နှစ်က နိုင်ငံတော်သံဃနာယက - ထပ်ဖြစ်နေရင် တားမြစ် ရမယ်။ အခုနပြောတဲ့ ဓမ္မစက်နဲ့ ထုတ်ရမယ်။ ဓမ္မစက်နဲ့ အရေးယူလုပ်လာပြီးရင် ပြည်ထဲရေးက အာဏာ စက်နဲ့ လုပ်ရမယ်။ အဲဒါတွေပေါင်းလာရင် သူကို ထိထိရောက်ရောက် လုပ်နိုင်မယ်။ ဟိုနေ့ကတော့ သာသ နာရေးဝန်ကြီးက တရားစွဲဖို့ ပြင်ဆင်နေပါတယ်ဆိုတဲ့ ပြောဆိုချက် တက်လာတာကိုတွေ့တယ်။ ဒီနေ့အ ထိတော့ ဘာမှတော့ မတွေ့ရသေးဘူး။

မေး ။ ။ တိုင်းပြည်ဂုဏ်သိက္ခာ၊ သာသနာဂုဏ်သိက္ခာထိခိုက်မယ်ကိစ္စကို သည်းခံခွင့်လွှတ်နေကြတယ်လို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ အဲဒီတော့ မစိုးရိမ်တိုက်သစ်ကများ ဒါကို သဘောကျနေသလား။ သံဃနာ ယက အဖွဲ့က သူ့ရဲ့လုပ်ရပ်တွေကိုများ ကောင်းတယ်လို့ ထင်နေကြသလား။ ပြည်ထဲရေးကတော့ နိုင်ငံရေးနဲ့ သက်ဆိုင်မှာပေါ့။ အခုနနှစ်ခုက ဘာသာရေးအားဖြင့် ဘယ်လိုကြောင့်လလို့ ထင်ပါလဲ။

ဖြေ ။ ။ မစိုးရိမ်တိုက်သစ်ကို ပြောရမယ်ဆိုရင် မစိုးရိမ်တိုက်သစ်မှာ ပထမဆရာတော်ကြီးတွေ ရှိတယ်။ ဆရာတော်ဦးရာဇဓမ္မဆိုရင် နိုင်ငံရေးနဲ့ ထောင်ကျခဲ့တာ ဒကာကြီးတို့လည်းအသိပါ။ ဒီဆရာတော် ကြီးတွေ လည်း မရှိတော့ဘူး။ ဆရာတော်ဦးနာယကတို့ မရှိတော့ဘူး။ အခုကတော့ နောက်ပိုင်းနာယကတွေ ခေါ် တာပေါ့။ နောက်ပိုင်းနာယ ကတွေကို ဦးပဉ္ဖင်းတို့အနေနဲ့ လျှောက်ချင်တာက အရင်ဆရာတော် ကြီးတွေ က သမိုင်းဂုဏ်ရှိခဲ့တဲ့ စာပေအရ၊နိုင်ငံ ရေးအရ အကုန်လုံး တနိုင်ငံလုံးက ပြည်သူတွေ ကြည်ညိုခံရတဲ့ ဆရာ တော်ကြီးတွေ ဖြစ်တယ်။ သူတို့တွေရဲ့ ဂုဏ် သိက္ခာကို စောင့်ထိန်းသောအားဖြင့် ဝိရသူကို သူတို့ထိထိ ရောက်ရာက် အရေးယူသင့်တယ်။ သူတို့ တာဝန်ယူရ မယ်။ လစ်လျူရှုနေတဲ့အတွက်ကြောင့် သူတို့ဟာ ဆရာသမားတာဝန်လည်း မကျေဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူး။ အဲဒါကို တွေ့ရတယ်။ သူတို့ အရေးမယူရဲတာ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်တို့ကိုယ်တိုင် အဲဒီမှာ ဆွမ်း သွားကပ်တာ၊ အားပေးနေတာကိုတော့ တနိုင်ငံလုံး တွေ့နေရတဲ့ သာဓက တွေ ဖြစ်နေတယ်။

နောက် နိုင်ငံတော်သံဃနာယကအနေနဲ့တော့ သံဃာတွေအားလုံးရဲ့ တာဝန်ကိုယူထားတာ ဖြစ်တယ်။ ယူထားတာ ဖြစ်တဲ့အတွက် ဒီလိုဟာမျိုးဖြစ်လာရင် ထိထိရောက်ရောက် တားမြစ်ရမယ်။ မတားမြစ်ဘူးဆိုရင် လူတွေက အထင် သေးလာမယ်။ တခြားနိုင်ငံတွေကလည်း အထင်သေးလာမယ်။

မေး ။ ။ ပြည်သူလူထုအများစုရဲ့ သဘောထားက ဘယ်လိုရှိပါလဲ။ ပြည်သူတွေကလည်း ဦးဝိရသူဘက်မှာ အများကြီး တွေ့ရပါတယ်။ Facebook မှာ ကြည့်ရင်လဲ လိုလိုလားလား ထောက်ခံကြတာတွေ ရှိတယ်။ အဲဒီလိုဆိုတော့ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင် သူကို လူတွေထဲမှာလဲ သူရဲကောင်းဆိုပြီး လိုက်နေကြတဲ့ လူတွေလည်းရှိတယ်။ ဒီနောက်ပိုင်းမှာတော့ သူက ပိုပိုပြီးတော့ ဟိုတနေ့ကဆိုရင် ခန်းမရှေ့မှာ လွှတ်တော်ထဲနေနေတဲ့ တပ်မ တော်သားတွေကို ဘုရားသခင်လို ကိုးကွယ်ရမယ်လို့ ပြောလိုက်တော့ လူတွေက ပိုပြီးတော့ မကျေနပ်မှုတွေ ပိုဖြစ်လာတယ်။ ပြောချင်တာက သူ့ရဲ့ မှားယွင်းမှုတွေက ဦးပဉ္ဖင်းတို့ ဒီဘက် ရွှေဝါရောင်သံဃာတွေ၊ မန္တလေးကဆိုရင် ဆရာတော်ကြီး မြဝတီမင်းကြီးဆရာတော်ကြီကိုယ်တိုင် ပြောလည်းပြောတယ်၊ ရေးလည်း ရေးတယ်။ ငြိမ်းချမ်းရေးဟောပြောပွဲတွေလည်း သွားတယ်။ ဦးပဉ္ဖင်းတို့ သံဃာတွေက နေရာတိုင်းမှာ လိုက် ရှင်းပြလေတော့ အခုတော့ သူကိုထောက်ခံတဲ့လူတွေကတော့ အင်မတန် အားနည်းလာပါတယ်။ အရင်တုန်းကလောက်တော့ မရှိတော့ပါဘူး။

မေး ။ ။ အာဏာပိုင်း အသိုင်းအဝိုင်းထဲက အစိုးရတော့ မဟုတ်ပါဘူး။ အာဏာကို ကိုင်နိုင်တဲ့လူတွေထဲက တချို့က ဦးဝိရသူကို ဆွမ်းကပ်တယ်။ ကိုးကွယ်တယ်ဆိုပြီး ရှိကြပါတယ်။ သူတို့ကတော့ သူတို့နိုင်ငံရေး အတွက်အသုံး ချနေတယ်။ အခုတက်နေတဲ့ အစိုးရကို အတိုက်အခံလုပ်တဲ့နေရာမှာ အသုံးတည့်နေလို့ သုံးနေတယ်လို့များ သုံး သပ်မိပါသလား။

ဖြေ ။ ။ ကြည့်လိုက်တဲ့အခါကြတော့ အဲဒီလိုတွေ သွားတွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းအောင်လှိုင်တို့ လည်း သွားဆွမ်းကပ်နေတာတွေ ရှိနေတယ်။ ဒါက ပြောချင်တာက တကယ်သာသနာကို ကြည်ညိုတယ်၊ လေးစားတယ်ဆိုရင် သာသနာသိက္ခာကျအောင်၊ ဖျက်ဆီးနတဲ့ လုပ်ငန်းတွေကို အားမပေးသင့်ဘူး။ အဲဒီလို အားပေးနေတာ တနည်းအားဖြင့်ပြောရင် သာသနာကို ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အစိုးရအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မဟုတ်ဘဲနဲ့ အရပ်သားအစိုးရအနေနဲ့ သူ့အပေါ်မှာ သဘောထားဘယ်လို ရှိလိမ့်မယ်လို့ သုံးသပ်မိပါလဲ။

ဖြေ ။ ။ အရပ်သားအစိုးရအနေနဲ့တော့ သူတို့က ရှင်းပါတယ် တကယ့်ဆရာတော်ကြီးတွေဆီမှာ ကိုးကွယ် ဆည်း ကပ်နေတယ်။ သူတို့ကတော့ တကယ့်ကို သာသနာပြုတဲ့ ရဟန်းတော်တွေကို လိုလားတယ်။ ဒါပေမဲ့ သာသနာရေးဆိုတာက ကိုင်တွယ်လို့ အင်မတန်ခက်တဲ့အရာ ဖြစ်တယ်။ ဦးဝိရသူကလည်း သူ့နောက် ကွယ် က လမ်းကြောင်းတွေ ရှိနေလေတော့ ကိုင်တွယ်တဲ့ ခက်နေတဲ့ အခန်းကဏ္ဍတွေလို့ မြင်မိတယ်။ ဘာသာရေး ဆိုတာ ထိလွယ်ရှလွယ်တဲ့အတွက်ကြောင့် - ဒါပေမဲ့ သူတို့အနေနဲ့ ဒီလိုအဆိုးကြီးတွေ၊ အစွန်းရောက် တာတွေကိုတော့ မလိုလားဘူးဆိုတာကိုတော့ တွေ့ရပါတယ်။ အမတ်တွေနဲ့ တွေ့ကြဆုံကြတဲ့အခါမှာ မေး ကြည့်လိုက်တော့ သူတိုက ဒါမျိုးကြီးတွေ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

မေး ။ ။ နောက်ဆုံးလျှောက်ထားချင်တာကတော့ ဦးဝိရသူမှာ သူ့ပရိသတ်နဲ့သူ ရှိနေတော့ ဦးပဉ္ဖင်းဘုရား အနေနဲ့ ဒီလမ်းစဉ် ဒီတရားတွေကို ဟောနေတာ ဘယ်လောက်ကိုးကွယ် လက်ခံတဲ့လူ ပရိသတ်တော် တော်များများ ရှိပါသ လား။

ဖြေ ။ ။ ဦးပဉ္ဖင်းကတော့ စာလည်းရေတော့ စာပေဟောပြောပွဲတွေမှာလည်း ရှိတယ်။ တရားဟော ဓမ္မကထိက အနေနဲ့လည်း တနိုင်ငံလုံး လှည့်ပြီး တရားဟောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကပဲ ရွှေညဝါဆရာတော် ကြီးကျောင်းမှာ တရားစခန်းကျင်းပလို့ အဲဒီမှာ ကိုယ်တိုင်တရားသွားပြတယ်။ တရားပြတာတွေလည်း လုပ်ပါတယ်။ ရွှေဝါရောင် အဝန်းအဝိုင်း သံဃာတွေကန်ရက်ကတော့ အင်အားသူ့ ဟာနဲ့သူ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */