လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း၊ ဖြူဖြူခိုင်
2019-11-21
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့မှုတွေကိစ္စနဲ့ ပတ်သက်ပြီး OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲခဲ့တာဖြစ်ပါတယ်။
နေမျိုးထွန်း၊ ဖြူဖြူခိုင်
2019-11-21
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office's Facebook
Photo: Myanmar State Counsellor Office's Facebook
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့မှုတွေကိစ္စနဲ့ ပတ်သက်ပြီး OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲခဲ့တာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးအနေနဲ့ ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်မှာတော့ တရားစွဲခံရတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုတရားစွဲထားတာကို ကိုယ်တိုင်ဦးစီးပြီး ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရခိုင်ပြည်မြောက်ပိုင်းအရေး အခင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဟန့်တားပြောဆိုမှု မရှိဘဲ နှုတ်ဆိတ်နေတယ်ဆိုတဲ့အချက်ကို ခေါင်း ဆောင်ကိုယ်တိုင် သွားရောက်ဖြေရှင်းမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အချက်က ဓနအင် အား ကောင်းတဲ့ နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူတွေရဲ့ စနစ်တကျ စီမံထားတဲ့ စီမံချက်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီကိစ္စရဲ့နောက်ကွယ်က လက်သည်ကို မြင်အောင်ကြည့်ပြီး နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကိုအလွယ် တကူ ဝင်ရောက်စွက်ဖက်တဲ့ အစဉ်အလာတစ်ခု မဖြစ်အောင် ကမ္ဘာ့ပြည်သူတွေက ဒါကို ဆန့်ကျင် နိုင်မယ်လို့ မျှော် လင့်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
dr-myonyunt-350.jpg

“ထွက်ခွာသွားတဲ့ လူသိန်းပေါင်းများစွာအနက်မှာ အခုမှ သောင်း ဂဏန်းပဲ ပြန်လာပါတယ်။ ဒီဟာပြန်မလာခင် ကဆိုရင် ပြန်လာ တဲ့ သူ တစ်ဦးမှတောင် မရှိပါဘူး။ ဒီလောက်လူအများကြီးမှာ တစ် ယောက်မှ ပြန်မလာဘူးဆိုတာဟာ ဒီပုဂ္ဂိုလ်တွေကို ထိန်းသိမ်း ထားပြီးတော့ သူတို့လိုချင်တဲ့ ရည်ရွယ်ချက် မရောက်မချင်း ဥပဒေ အရ ဆောင်ရွက် ရာမှာ အားဖြစ်အောင်လို့ လုပ်ခဲ့တယ်လို့ပဲ ကျွန် တော်တို့ မြင် ပါတယ်။ ဒါဟာ ရိုးသားမှုမရှိတာကိုလည်း ပြပါတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်က လက်သည်ကို မြင်အောင်ကြည့်ပြီး နိုင်ငံ တစ်ခုရဲ့ အချုပ်အခြာ အာဏာကို အလွယ်တကူ ဝင်ရောက် စွက် ဖက်တဲ့ အစဉ်အလာတစ်ခု မဖြစ်အောင်လို့ ကမ္ဘာပြည်သူများက ဒါကို ဆန့်ကျင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ခုလိုအခြေအနေမျိုးကြောင့် နိုင်ငံတကာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆက်ဆံရေးအခြေအနေတွေက အ လား အလာကောင်းနိုင်ပါဦးမလားဆိုတာလည်း စောင့်ကြည့်လေ့လာနေကြပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကတော့ ဖြစ်လာတဲ့ပြဿနာကို ကိုယ်တိုင်ကျူးလွန်တာပဲဖြစ်စေ မကျူးလွန်တာပဲဖြစ်စေ ခေါင်းဆောင်ပီပီ ခေါင်းမ ရှောင် ဘဲ ဖြေရှင်းတယ်ဆိုတာ ထင်ရှားပြီး ဖြေရှင်းတဲ့ပုံစံဟာ နမူကောင်းဖြစ်ဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
minkonaing-350.jpg
တပ်မတော်အနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖြေရှင်း ရာမှာ အထောက်အကူပြုနိုင် ဖို့အတွက် လိုအပ်တဲ့ အချက် အလက်တွေအတွက် ပူူးပေါင်းဆောင်ရွက်လျက်ရှိသလို ညှိနှိုင်း ဆွေးနွေး မှုတွေလည်း လုပ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောပါတယ်။
zawmintun-350
“တပ်မတော်အနေနဲ့ လိုအပ်တဲ့အချက်အလက်များအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ညှိနှိုင်းဆွေးနွေးမှုများလည်း ရှိပါတယ်။”
ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး ကြဖို့ ရှိတယ်လို့လည်း သတင်းတွေကြားသိရပြီး တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကလည်း ဒီထက်ပိုပြီး ခိုင်မာလာနိုင်မယ်လို့လည်း ဝေဖန်သုံးသပ်နေကြပါတယ်။
ICJ မှာ သွားရောက်ဖြေရှင်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က တာဝန် ရှိသူ အချို့ကို RFA က သဘော ထားမှတ်ချက်တောင်းခံဖို့ ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိဖုန်း လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ကျူးလွန်တာဖြစ်ပြီး အင်းဒင်နဲ့ ဂူတာပြင်လို ကိစ္စမျိုးတွေကို ဝန်ခံထားသလို အရေးယူမှုတွေလုပ်ခဲ့ကြောင်းနဲ့ အစိုးရဘက်က အဲဒီလို ချိုးဖောက်မှုတွေ မရှိခဲ့ဘူးလို့ နိုင်ငံတကာမှာ အမြဲငြင်းဆန်ခဲ့တယ်လို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သွားရောက်ဖြေရှင်းတာဟာ NLD နဲ့စစ်တပ်ရဲ့ ရင်ကြားစေ့ ရေး အတွက် စစ်တပ်ကိုကာကွယ်တဲ့ဘက်ကနေရပ်တည်ပြီး ရှေ့ဆက်နေတာဖြစ်တယ်လို့ နစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။“ပြည်တွင်းကိုရွေးချယ်တာမဟုတ်ဘူး။ သူ့ကိုယ်သူပဲ ရွေးချယ်လိုက် တာလို့ မြင်တယ်။ တစ်ချိန်လုံးဒေါ်စုအနေနဲ့ ဘာပြောနေလဲဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က ချိုးဖောက် တာတွေ ကို အမြဲကာကွယ်ပြီးပြော နေတယ်။ ဒီလုပ်ရပ်က စစ်တပ်ကို အမြဲ တမ်း ကာကွယ်ပေးနေတယ်။ ချိုးဖောက်မှုတွေကို အမြဲတမ်းရှေ့ ကနေ ပြီးတော့ ကာဗာလုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတဲ့အခါ သူ့အနေနဲ့ စစ်တပ်ကိုကာကွယ်တဲ့ ဘက်ကနေရပ်တည် ပြီးတော့ပဲ ရှေ့ဆက် သွားမှာလို့ပဲ မြင်တယ်။ အဲဒီလုပ်ရပ်က ကျွန် တော်ထင် တာကတော့ ပြည်တွင်းက ပြည်သူ လူထုကို ရွေးချယ်တာ မဟုတ် ဘူး။”
ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက မြန်မာကို ICJ တင်သွင်း တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု တွေ အပေါ် ကမ္ဘာက လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတာ မြန်မာ အပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းကို သတင်း စကားပေးလိုက်တာလို့ ရိုက်တာသတင်းဌာနကို ပြောထား ပါတယ်။
ရိုဟင်ဂျာ အမျိုးသမီးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ RWWS တည်ထောင်သူ ရာဇီယာ ဆူလ်တာနာ Raziya Sultana က တရားမျှတမှုအတွက် လက်လျော့သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အားလုံးအတွက် တရားမျှတမှုနဲ့ အာဏာတပ်မက်မှုတွေ၊ ငြင်းဆိုနေမှုတွေက ထာဝရလွတ်မြောက်နေမှာ မဟုတ်ပါဘူး။ အဲဒီအတွက် အမြဲတမ်းလည်း မျှော်လင့်နေပြီးတော့ ဘယ်တော့မှလည်း လက်လျှော့သွားမှာ မဟုတ်ဘူး” လို့ရာ ဇီယာ ဆူလ်တာနာ က RFA ကို လူမှုကွန်ရက် မက်ဆင်ဂျာကနေတဆင့် ပြောပါတယ်။
ဒီအမှုအတွက် နိုင်ငံတကာ ဥပဒေပညာရှင်တွေကို ငှားရမ်းထားတယ်လို့ မနေ့က အစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်အဖွဲ့ကို ငှားရမ်းထားတယ်ဆိုတာ ကိုတော့ မြန်မာအစိုးရဘက်က အသေးစိတ် ထုတ်ဖော်ပြောဆိုထားတာတော့ မရှိသေးပါဘူး။

ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး ကြဖို့ ရှိတယ်လို့လည်း သတင်းတွေကြားသိရပြီး တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကလည်း ဒီထက်ပိုပြီး ခိုင်မာလာနိုင်မယ်လို့လည်း ဝေဖန်သုံးသပ်နေကြပါတယ်။
ICJ မှာ သွားရောက်ဖြေရှင်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က တာဝန် ရှိသူ အချို့ကို RFA က သဘော ထားမှတ်ချက်တောင်းခံဖို့ ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိဖုန်း လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်က ကျူးလွန်တာဖြစ်ပြီး အင်းဒင်နဲ့ ဂူတာပြင်လို ကိစ္စမျိုးတွေကို ဝန်ခံထားသလို အရေးယူမှုတွေလုပ်ခဲ့ကြောင်းနဲ့ အစိုးရဘက်က အဲဒီလို ချိုးဖောက်မှုတွေ မရှိခဲ့ဘူးလို့ နိုင်ငံတကာမှာ အမြဲငြင်းဆန်ခဲ့တယ်လို့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သွားရောက်ဖြေရှင်းတာဟာ NLD နဲ့စစ်တပ်ရဲ့ ရင်ကြားစေ့ ရေး အတွက် စစ်တပ်ကိုကာကွယ်တဲ့ဘက်ကနေရပ်တည်ပြီး ရှေ့ဆက်နေတာဖြစ်တယ်လို့ နစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။
nickey-diamond-350.jpg
ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက မြန်မာကို ICJ တင်သွင်း တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု တွေ အပေါ် ကမ္ဘာက လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတာ မြန်မာ အပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းကို သတင်း စကားပေးလိုက်တာလို့ ရိုက်တာသတင်းဌာနကို ပြောထား ပါတယ်။
ရိုဟင်ဂျာ အမျိုးသမီးများ ကူညီစောင့်ရှောက်ရေးအဖွဲ့ RWWS တည်ထောင်သူ ရာဇီယာ ဆူလ်တာနာ Raziya Sultana က တရားမျှတမှုအတွက် လက်လျော့သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အားလုံးအတွက် တရားမျှတမှုနဲ့ အာဏာတပ်မက်မှုတွေ၊ ငြင်းဆိုနေမှုတွေက ထာဝရလွတ်မြောက်နေမှာ မဟုတ်ပါဘူး။ အဲဒီအတွက် အမြဲတမ်းလည်း မျှော်လင့်နေပြီးတော့ ဘယ်တော့မှလည်း လက်လျှော့သွားမှာ မဟုတ်ဘူး” လို့ရာ ဇီယာ ဆူလ်တာနာ က RFA ကို လူမှုကွန်ရက် မက်ဆင်ဂျာကနေတဆင့် ပြောပါတယ်။
ဒီအမှုအတွက် နိုင်ငံတကာ ဥပဒေပညာရှင်တွေကို ငှားရမ်းထားတယ်လို့ မနေ့က အစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်အဖွဲ့ကို ငှားရမ်းထားတယ်ဆိုတာ ကိုတော့ မြန်မာအစိုးရဘက်က အသေးစိတ် ထုတ်ဖော်ပြောဆိုထားတာတော့ မရှိသေးပါဘူး။
Link : Here
No comments:
Post a Comment