ဝေမာထွန်း၊ ဝေယံမိုးမြင့်
2019-11-12
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးနားမှာနေနေတဲ့ မွတ်စလင် ကလေးငယ်တွေကို တွေ့ရစဉ်Photo: RFA
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ တင်သွင်းချက်ကို ကုလ သမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံးမှာ လာမယ့်ဒီဇင်ဘာလအတွင်း ကြားနာနိုင်ချေရှိပေမယ့် တစ်စုံ တစ်ရာ အရေး ယူဆောင်ရွက်နိုင်ခြေမရှိဘူးလို့ လေ့လာသူတွေက ပြောကြပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင် ရာ တရားရုံး ICJ ထံ အစ္စလာမစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား အာဖရိကတိုက်အနောက်ပိုင်း နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့ က တင်သွင်းခဲ့တာပါ။
အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဒီကိစ္စကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမေးအဖြေအနေနဲ့သာ မေးမြန်းနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
“ICC တို့ ICJ တို့ဆီ အမှုတစ်ခုတင်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နိုင်ငံတကာကဘယ် လောက်ဖိ အားတွေပဲပေးပေး ဘယ်လောက်အချက်အလက်တွေပဲရှာရှာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာ ဏာ ကို ထိပါးနေမယ့်ကိစ္စရပ်မျိုး။ နောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုရဲ့ အောက်မှာ နေနေရ တဲ့ တိုင်းပြည်တစ်ခုရဲ့ လက်ရှိနိုင်ငံရေးအခြေအနေစတဲ့ ဘက်ပေါင်းစုံကို ကြည့်ပြီးတော့မှ စီမံ ဆောင်ရွက်ရ တာဖြစ်တယ်။ စာရွက်ပေါ်မှာအမေးအဖြေတွေ ဖြစ်နေတယ်လို့ပဲ ကျွန်တော်တို့ကယူ ဆ ပါတယ်။ တကယ်လို့ အရေးယူမှု တစ်စုံတစ်ရာလုပ်လာရင် မြန်မာနိုင်ငံဘက်ကလည်း နိုင်ငံတကာ ဥပ ဒေနဲ့ အညီ ပြန်ပြီးတော့ ပြောဆိုသွားမယ်လို့ သိရပါတယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း တရားရုံးက လက်ခံရင်တောင် မြန်မာအစိုးရနဲ့ တပ်မတော် က နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုကို လက်ခံမှာ မဟုတ်တဲ့အတွက် အရေးယူနိုင်ရေး ဆက် လက်လုပ်ဆောင်နိုင်စရာ မရှိဘူးလို့ မြင်ပါတယ်။
“တပ်မတော်ကရော အစိုးရကရော သဘောတူလိုက်လျှောလိမ့်မယ်လို့ မထင်ဘူး။ တင်လိုက်တယ်ဆိုရင် တကယ်လို့ တရားရုံးကလက်ခံတယ်ဆိုရင်တောင် စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာ အဲလိုစုံစမ်းစစ်ဆေးတာ တွေကို ကျွန်တော် တို့ နိုင်ငံဘက်ကခွင့်ပြုမှာမဟုတ်ဘူး။ ခွင့်ပြုမှာ မဟုတ်တဲ့အတွက်ကြောင့် အဲဒါတွေမ လုပ်နိုင်ဘူးဆိုရင်တော့ ရှေ့ ဆက်ပြီးတော့ တိုးတက်ပြီးတော့ အရေးယူနိုင်ဖို့ လမ်းစပိတ်သွားမယ်လို့ ထင် တယ်။”
OIC အနေနဲ့ မြန်မာကိစ္စကို ICJ တင်လိုက်တာဟာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မြန်မြန်ဆန်ဆန် လက် ခံနိုင်ရေးနဲ့ ဒုက္ခသည်တွေ စိတ်ချလက်ချ အိမ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးတဲ့ သ ဘောဖြစ်တယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒါဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ေ ပေးသွားသူတွေကို နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေးပေးပြီး ပြည်တွင်း ပြန်ရောက်အောင် ဖိအားပေးစေ ခိုင်းတဲ့ သဘောဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အလိုအလျှောက် နိုင်ငံသားအဖြစ်ရရှိအောင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ နယ် မြေတစ်ခုအဖြစ်ရရှိအောင် စနစ်တကျစီစဉ်ထားတာလို့ ကျွန်တော်တို့တော့ သံသယရှိပါတယ်။ ထွက်ပြေး သွားတဲ့သူတွေကို အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့် ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိအ မှတ်ပြုမှ ပြန်လာနိုင်မယ်ဆိုပြီးတော့ နိုင်ငံတကာအင်အားသုံးပြီး အခုလိုလုပ်နေတာဟာ ကျွန်တော်တို့ နိုင်ငံကို အ ကြပ်ကိုင်ရာရောက်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အချာအာဏာကိုလည်း ထိပါးရာ ရောက်ပါတယ်။ ဒါကြောင့် ဒါကိုဘယ်လိုမှ ခွင့်ပြုလို့မရဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။”
ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးက မြန်မာကို ICJ တင်သွင်းတာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ် မှုတွေအပေါ် ကမ္ဘာက လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတာ မြန်မာ အပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းကို သတင်းစကားပေးလိုက်တာလို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဂမ်ဘီယာနိုင်ငံရဲ့ တင်သွင်း ချက်အပေါ် တုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်နေပြီး ဘယ်လိုတုံပြန်မယ်ဆိုတာကို လက်ရှိမှာ ထုတ်ပြောလို့ မရ နိုင် သေးဘူးလို့ RFA ကို ဒီနေ့ ပြောပါတယ်။
“ကျွန်တော်တို့တော့ စီစဉ်ဆောင်ရွက်နေပါတယ်။ လောလောဆယ်ထုတ်ပြောလို့ မရသေးလို့ပါ။ လိုရာ ဆွဲ ပြီးတော့ ပြောကြမှာမို့ ကျွန်တော်ပြောလို့မရသေးလို့ပါ။ အစီအစဉ်ရှိပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဥပဒေ ကြောင်း အရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။
ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြည်ပနိုင်ငံတွေ အနေ နဲ့ သူတို့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ဖိအားပေးနေတာလို့ ယူဆပါတယ်။
“သူတို့က သူတို့ရဲ့ အကျိုးစီးပွားတွေအတွက်လာပြီးတော့ ဖိအားပေးတာပေါ့။ နွားကွဲရင် ကျားဆွဲ မှာပေါ့။ အစိုးရရဲ့ သဘောထားကလက်မခံဘူးလို့ အပြတ်ပြောထားပြီးသားပဲ။ ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ သံ အ မတ်ကြီး ဦးဟောက်ဒိုစွမ်းက အမြဲငြင်းပယ်နေတာလေ။ နိုင်ငံတကာက လုပ်ကြံစွပ်စွဲပြီး သူတို့အ ကျိုး စီးပွား တွေအတွက် လာပြီးခြယ်လှယ်နေတာကို ကျနော်တို့နိုင်ငံသားတွေက လူမျိုးရေး၊ ဘာသာရေး၊ သွေးကွဲပြီး စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင်တော့ အန္တရာယ်ရှိလာမှာပေါ့။ အဓိကတော့ စည်းလုံးညီ ညွတ်မှုအားနဲ့ ကာ ကွယ်မှ အဆင်ပြေ မယ်လို့ ပြောချင်ပါတယ်။”
ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက် ရမယ့်ကိစ္စ ဖြစ်ပြီး OIC အဖွဲ့ဝင်နိုင်ငံတစ်ခုက အခုလိုဆောင်ရွက်တာဟာ မြန်မာအပေါ် နိုင်ငံတကာ ဖိအား တွေ တိုးအောင် အစ္စလာမစ်နိုင်ငံတွေ ပူးပေါင်းပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ဦးဟောက်ဒိုစွမ်းက RFA ကို ပြောပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုသာရှိခဲ့မယ်ဆိုရင် ဘူးသီးတောင်၊ မောင်တောလိုနေရာတွေမှာ အစ္စလာမ် ဘာသာ ဝင်တွေ မရှိနိုင်တော့ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
“ဒီနယ်မြေမှာ Genocide သာဖြစ်ခဲ့မယ်ဆိုရင် ဒီမြေမှာ အခုလက်ရှိ ရခိုင်မှာ ဘူးသီးတောင်၊ မောင်တော ဒေ သမှာ ဒီလူတွေရှိပါဦးမလား။ အခုနောက်ပိုင်း ဒီလိုအဆင်ပြေပြေနေနေတာပဲ။ ဒီလိုစွပ်စွဲချက်တွေ သည် ကျိုး ကြောင်းဆီလျော်မှုရှိပါ့မလား ကျနော်ဒီလိုပဲ မေးချင်ပါတယ်။”
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးနေပါတယ်။
ပြည်တွင်းက စုံစမ်းစစ်ဆေးမှုတွေအပေါ် နိုင်ငံတကာက ယုံကြည်လာအောင်နဲ့ ကျူးလွန်ခဲ့သူတွေကို အရေး ယူနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ခဲ့သူ ဦးအေးလွင်က မှတ်ချက်ပြုပါတယ်။
“ပြည်တွင်းကလည်း ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးတယ်ဆိုတဲ့ပုံစံဖြစ်တယ်။ ပြည်ပကလည်းပဲ ဒါက အိမ်တွင်းအကြမ်းဖက်မှုလို့တောင် သူတို့က သက်မှတ်ချင်တဲ့ သဘောမျိုးရှိနေတယ်။ အဲဒါလေးတွေက ကျနော်တို့ ညှိနှိုင်းဆွေးနွေးဖို့လိုပါတယ်။ ဒီလိုမတူညီချက်များကို အဖြေရှာချင်ရင် ပဋိပက္ခဖြေရှင်းရေးမှာ တော့ အကြိမ်ကြိမ်အဖန်ဖန် ညှိနှိုင်းဆွေးနွေးပြီး ယုံကြည်မှုတွေ တည်ဆောက်ယူရပါမယ်။ ကျနော်တော့ ဒီလမ်းကလွဲပြီး တခြားလမ်းမမြင်ပါဘူး။”
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရသူ ၇ သိန်းခွဲကျော်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့တွေက ပြောကြပါတယ်။
ဘူးသီးတောင်မြို့နယ်ကနေ ကော့ဇ်ဘဇားခရိုင်အတွင်းက ဘာလူဟာလီ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ မိုဟာမတ်ဂျူဟာရ်က သူတို့အနေနဲ့ ပဋိပက္ခအတွင်း မတရား အသတ်ခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး တရားမျှ တမှု လိုလားတယ်လို့ ပြောပါတယ်။
“လူမျိုးတုံးသတ်ဖြတ်ခံရတဲ့ကိစ္စ၊ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးခံရတဲ့ကိစ္စ၊ နိုင်ငံရေးအခွင့်အရေးရဖို့ကိစ္စ၊ နိုင်ငံတ ကာအခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေး အကုန်လုံးရပြီးမှ ကျနော်တို့ ဘင်္ဂလားကနေခေါ်ယူဖို့ တရားရေး ခွင့်ပြုချက်ကိုလိုချင်ပါတယ်။”
နယ်သာလန်နိုင်ငံ The Hague မြို့ကို ဂမ်ဘီယာဝန်ကြီးနဲ့အတူ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးများ ကူညီစောင့်ရှောက်ရေး အဖွဲ့ RWWS တည်ထောင်သူ ရာဇီယာ ဆူလ်တာနာ Raziya Sultana က တရားမျှ တမှုအတွက် လက်လျော့သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အားလုံးအတွက် တရားမျှတမှုနဲ့ အာဏာတပ်မက်မှုတွေ၊ ငြင်းဆိုနေမှုတွေက ထာဝရလွတ်မြောက်နေ မှာ မဟုတ်ပါဘူး။ အဲဒီအတွက် အမြဲတမ်းလည်း မျှော်လင့်နေပြီးတော့ ဘယ်တော့မှလည်း လက်လျှော့သွားမှာ မဟုတ်ဘူး” လို့ ရာဇီယာ ဆူလ်တာနာ က RFA ကို လူမှုကွန်ရက် မက်ဆင်ဂျာကနေ တဆင့် ပြောပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒေရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၈ ဇန်နဝါရီလကတည်းက ဒုက္ခသည်တွေ ပြန် လည်လက်ခံရေးအတွက် စတင်ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ နှစ်နိုင်ငံသဘောတူညီ ချက် အရ ပြန်လာသူ မရှိသေးပါဘူး။
မြန်မာကိုအရေးယူဖို့ ICJ ထံ တင်သွင်းတဲ့ ဂမ်ဘီယာနိုင်ငံဟာ မွတ်စလင်အများစုနေထိုင်တဲ့ အာဖရိကတိုက် အနောက်ပိုင်း နိုင်ငံတစ်ခု ဖြစ်ပါတယ်။
အခုကိစ္စမှာ OIC အဖွဲ့ကိုယ်စားဆောင်ရွက်ဖို့ ရွေးချယ်ခံရတာလည်းဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment