Western News
ဇန်နဝါရီ ၈ ရက်ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း ပုဏ္ဏားကြီးကျေးရွာအုပ်စုတွင်တည်ရှိသည့် သမိုင်းဝင် လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းဆောက်လုပ်မည့် စိုင်းတုတ်ကျွန်းဓမ္မတော်နှင့် ဘုရား ဝေယာဝိစ္စအတွက် စိုင်းတုတ်ကျွန်းရှိ မွတ်ဆလင်ကျေးရွာ ၄ ရွာမှအလှူရှင်များက ကျပ် ၂၄ သိန်း ကျော်လှူဒါန်း လိုက်သည်။
အဆိုပါ လယ်ဖူးတော်ဓာတ်စေတီတော်မြတ်အား ရက္ခိုင်ဘုရင်နိုင်ငံတော်ကျရှုံးစဉ် နန်းတွင်း ပညာရှိပုဏ္ဏား ညီ ကို ၂ ဦးက ရက္ခိုင်နန်းတွင်းပညာရှင်များနှင့် နွားလားဥဿပ အရွယ်အစားခန့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကျွန်း တွင်း ရခိုင်၊ မွတ်ဆလင်ကျေးရွာများက စေတီတော်အတွက်ပါဝင်လှူဒါန်းကြပြီး နှစ်စဉ်ဘုရားပွဲတော် အား ကျင်း ပကြ သည်ဟု ဒေသခံများကပြောသည်။ဇန်နဝါရီ ၈ ရက်ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း ပုဏ္ဏားကြီးကျေးရွာအုပ်စုတွင်တည်ရှိသည့် သမိုင်းဝင် လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းဆောက်လုပ်မည့် စိုင်းတုတ်ကျွန်းဓမ္မတော်နှင့် ဘုရား ဝေယာဝိစ္စအတွက် စိုင်းတုတ်ကျွန်းရှိ မွတ်ဆလင်ကျေးရွာ ၄ ရွာမှအလှူရှင်များက ကျပ် ၂၄ သိန်း ကျော်လှူဒါန်း လိုက်သည်။
မွတ်ဆလင်များက စေတီတော်အတွက်နှစ်စဉ်လှူဒါန်းမှုများရှိသလို ယခုနှစ်တွင် စိုင်းတုတ်ကျွန်း ဓမ္မဗိမာန် တော် နှင် ဘုရားဝေယာဝိစ္စအတွက် ကျွန်းတွင်ရှိသည့် မွတ်ဆလင် ၄ ရွာမှ အလှူဒါယိကာများက ငွေကျပ် သိန်း ၂၄ သိန်း ကျော်လှူဒါန်းထားသလို ကျွန်းတွင်း ရခိုင်လူမျိုးများနှင့် မွတ်ဆလင်လူမျိုးများကြားတွင် ယုံ ကြည်မှု၊ရင်းနှီး ကျွမ်းဝင် မှုများတွင် ကောင်းမွန့်သည့် အခြေနေတွင်ရှိသည်ဟု ဂေါပကအဖွဲ့ နာယကဆရာ တော် ဦးပညာဇော တက Western News ကိုမိန့်သည်။
“စိုင်းတုတ်ကျွန်းဓမ္မဗိန်မာန်တော် နှင့် ဘုရားဝေယာဝိစ္စအတွက် စိုင်းတုတ်ကျွန်းမှာရှိတဲ့ ဌက်ချောင်း၊ ချအိပ်၊ ဒုံ ရွာ၊ လင်္ကာဒီယာ မွတ်ဆလင်ကျေးရွာ ၄ ရွာက အလှူရှင်တချို့က ငွေကျပ်သိန်း ၂၄သိန်းလောက်လှူဒါန်းထား တာတွေရှိတယ်။ ဒီဖူးတော်ဓာတ်စေတီတော်က ပုဏ္ဏားကြီးရွာတစ်ခုတည်း ကိုးကွယ်တာမျိုးမဟုတ်ဘဲ ဒီကျွန်း မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင် ၁၃ ရွာလုံးက ကိုးကွယ်တာဖြစ်တယ်။ ရှေ့ယခင် ကတည်းက မွတ်ဆလင်တွေက ဘုရားအတွက် အလှူငွေတွေလှူဒါန်းမှုတွေရှိတယ်။ အဲဒီကျန်းပေါ်မှာတော့ ရခိုင် နဲ့ မွတ်ဆလင်လူမျိုးတွေကြား မှာ ယုံကြည်မှု၊ ရင်းနှီးကျွမ်းဝင်မှုများမှာ ကောင်းမွန်သည့်အခြေနေတွင်ရှိပြီး ရခိုင်နှင့် မွတ်ဆလင်တို့အကြား တစ်ပေါင်းတစ်စု ညီညွှတ်မှုကို ဖော်ပြသည့် ရပ်ဝန်းတစ်ခုအဖြစ် ပြယုတ်တစ်ခုဖြစ်သည်ဟု” ဆရာတော် ကမိန့် သည်။
လည်ဖူးတော်ဓာတ် စေတီတော်မြတ်ကြီး ဝေယာဝိစ္စများတွင် သုံးစွဲရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့် က မွတ်ဆလင်တစ်ဦးပိုင်သည့် လယ် ဝ.၈ဧက (ဒေသအခေါ် ဝါးအပြန် ၉၀ )အားလှူဒါန်းခဲ့ပြီး လက်ရှိတွင် ယင်း လယ်မှရောင်းချလို့ရရှိသည့် ငွေများအား ဘုရားဝေယာဝိစ္စ အတွက်သုံးစွဲလျှက်ရှိသည်ဟု ဒေသခံများ ကပြော သည်။
အဆိုပါ ဘုရားပွဲတော်တွင် ဘိုးဘွားစဉ့်ဆက်ကတည်းက ပါဝင်လှူဒါန်းမှုများရှိခဲ့ပြီး လက်ရှိတွင် ရခိုင်ကျေးရွာ သားများက မိမိတို့အား နွေးထွေးစွာဖိတ်ကြားသောကြောင့် အစည်းဝေးသို့တက်ရောက်ပြီး တက်နိုင်သေ လာက်ပါဝင်လှူဒါန်းခြင်းဖြစ်သည်ဟု ချအိပ်(မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွေက Western News ကိုပြောသည်။
“ဒီ ဘုရားပွဲတော်မှာ ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက်ကတည်း ကပါဝင်လှူဒါန်လာခဲ့ကြတာဖြစ်တယ်။ အရေး ခင်းဖြစ်တုန်းကတော့ ပါဝင်မှုတွေမရှိခဲ့ဘူး။ အခုနောက်ပိုင်း ရခိုင်တွေက နွေးထွေးစွာဖိတ်ခေါ်မှုတွေ ပြန်ပြီး လုပ်လာကြတော့ ကျွန်တော်တို့ကလည်း အဲဒီဘုရားမှာ ကိုယ်တက်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းခြင်းတွေ ဖြစ် တယ်။ ရခိုင်လူ မျိုးတွေနဲ့ အရေးခင်းတွေဖြစ်တုန်းက အဆက်သွယ်က ကင်းကွာမှုတွေရှိခဲ့တယ်။ အခုတော့ ၈၀ ရာခိုင်နှုန်း လောက်ပြန်ပြီး ဆက်သွယ်မှုတွေပြုလုပ်နေကြပြီ။ အလုပ်တွေမှာလည်း ပြန်ပြီးအတူလုပ် ကိုင် မှုတွေ ရှိနေကြပြီ”ဟုပြော သည်။
အဆိုပါ လည်ဖူးတော်ဓာတ်စေတီတော်မြတ်ကြီးဘုရားပွဲတော်အား နှစ်စဉ် ပွင့်လင်းရာသီများတွင် ကျင်းပ လည်းရှိပြီး ယခုနှစ်တွင် တပို့တွဲလပြည့်ကျော် ၁၁၊ ၁၂၊ ၁၃၊ ရက်တွင် စည်ကားသိုင်းမြိုင်စွာကျင်းပသွား မည် ဟု ဒေသခံများကပြောသည်။
အဆိုပါ စိုင်းတုတ်ကျွန်းတွင် ကျေးရွာ ၁၇ ရွာရှိပြီး ရခိုင်ရွာ ၁၃ ရွာနှင့် မွတ်ဆလင်ရွာ ၄ ရွာရှိသည်။ ယင်း ၁၃ ရွာ တွင် ရခိုင် ကျေးရွာများအဖြစ် ပုဏ္ဏားကြီးကျေးရွာ၊ ပုဏ္ဏားချေ(သာစည်ကုန်း) ကျေးရွာ၊ သစ်ပုတ် ချောင်း ကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာ၊ ဆင်သစ်ကျေးရွာ၊ ချောင်းသာကြီးနှင့် ဂြင်းတွဲကျေး ရွာ၊ ကံချောင်းကျေးရွာ၊ ပြွန်ခေါင်ကျေးရွာ၊ စိုင်းတုတ်ကျေးရွာ နှင့် သာစည်ကျေးရွာတို့ရှိကြပြီး နန်းတက်ကျွန်း ကျေးရွာမှလည်းပူးပေါင်းဆောင်ရွက်ကာ မွတ်ဆလင်ကျေးရွာများအဖြစ် ဌက်ချောင်းကျေးရွာ၊ ချအိပ်ကျေးရွာ၊ ဒုံရွာ ကျေးရွာ နှင့် လင်္ကာဒီယာ ကျေးရွာတို့ရှိကြသည်။
Western News- WN
No comments:
Post a Comment