မဇျ္စိမ
February 11, 2019 ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ ။ ။ ရခိုင်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည့် တိုင်းရင်းသား မျိုးနွယ်မဟုတ်သူများနှင့် နိုင်ငံသားဖြစ်ခွင့် မရှိသူများကို ပါတီဝင်ရန် ခွင့်မပြုကြောင်းနှင့် ယခင် ရှိခဲ့သော ထိုကဲ့သို့ ပါတီဝင်များကိုလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန်းဝေက ပြောသည်။

"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စလင်ဘာသာဝင်တွေပေါ့၊ ထုတ်ပယ်ရတဲ့ အကြောင်းရင်း ကလည်း နိုင်ငံသား ဖြစ်ခွင့်ရတဲ့သူတွေ နိုင်ငံသားဖြစ်ခွင့်မရတဲ့သူတွေ၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရောထွေးယှက်ထည်မှုတွေနဲ့ များနေပါတယ်။
အဲဒီအပေါ်မှာ ကျွန်တော်တို့ကလည်း နိုင်ငံသားဖြစ်ခွင့်ရှိတယ် မရှိဘူးဆိုတာကို ကျွန်တော်တို့က ဂဃနဏ မသိတဲ့ အတွက်ကြောင့်မို့လို့ အကုန်လုံးကိုပဲ ကျွန်တော်တို့ ပါတီကနေ ပယ်ရှားခဲ့တဲ့သဘောပါ။" ဟု ဦး သန်းဝေက ဆိုသည်။ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ခဲ့သည့် တိုင်းရင်းသားမျိုး နွယ်မဟုတ်သူများကိုလည်း ထုတ်ပယ်ခဲ့ပြီး ထုတ်ပယ်ခဲ့သည့် ပါတီဝင် အရေအတွက်သည် သုံးသောင်း ကျော်ရှိခဲ့ကြောင်း ဦးသန်းဝေက ခန့်မှန်းပြောဆိုသည်။
ကမန်တိုင်းရင်းသားများကိုမူ ရခိုင်တိုင်းရင်း သားမျိုး နွယ်စုဖြစ်သည့်အတွက် ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ် ခြင်း မရှိဟု ဆိုသည်။" ကမန်တို့ဆိုတာက ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုဝင်တွေမှာ မပါဘူးခင်ဗျ။ ကျွန်တော် တို့က ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေကိုတော့ မထုတ်ပယ်ဘူး" ဟု ရခိုင်ပြည်နယ်ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန်းဝေက ပြောသည်။ထိုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည် နယ်လွှတ်တော်၌ မဲဆန္ဒနယ်ရာ ၁၄ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် ၃ နေရာသာ အနိုင်ရရှိခဲ့သည်။
Link : Here

No comments:
Post a Comment