Thursday, February 27, 2020

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်လ် ဒိုက် က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်


TheVoiceWeekly Journal
26-Feb-2020
သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆

ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။

မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေ ညာ ခဲ့ခြင်း ဖြစ်သည်။
ICJ တွင် တရားရင်ဆိုင်သွားမည့် မော်ဒိုက်နိုင်ငံဘက်မှ ရှေ့နေမှာ မင်းသားကြီးဂျော့ကလူနီ၏ ဇနီး လူ့အ ခွင့်အရေးရှေ့နေ အေမယ်ကလူနီဖြစ်ကြောင်းလည်း မော်ဒိုက်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။

“ရိုဟင်ဂျာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများအား အပြစ်ဒဏ်ခံရစေဖို့ ပြီးခဲ့တဲ့နှစ် မက္ကာ မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ OIC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ လတ်တလောဆောင် ရွက် ချက် များကို မော်ဒိုက်က ထောက်ပံ့ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ရှာဟစ်က လူ့အခွင့်အရေး ညီလာ ခံ တွင် ပြောကြားခဲ့သည်။

ICJ တရားရုံးတွင် ရိုဟင်ဂျာပြည်သူများအတွက် ရပ်တည်ကာ ကြားဖြတ်ဆောင်ရွက်ရေး ခိုင်မာသော အခြေ ခံများရှိကြောင်း မော်ဒိုက်အစိုးရက ဆုံးဖြတ်ထားကာ၊ ကြေညာချက် ရေးသားတင် သွင်းသွားမည်ဖြစ် ကြောင်း ဝန်ကြီးက ပြောဆိုခဲ့ကာ ၁၄ ကြိမ်မြောက် အစ္စလာမ်မစ်ညီလာခံတွင်လည်း ဂမ်ဘီယာ၏ရှေေ့ဆာင် ဆောင်ရွက်မှုကို ချီးကျူးပြောကြားခဲ့သည်။

မော်ဒိုက်သည် ရိုဟင်ဂျာအရေး တက်ကြွစွာပါဝင်ပြောဆိုသော နိုင်ငံဖြစ်ကာ ဒုက္ခသည်များကို ကူညီရန် အတွက် ပြည်တွင်းရန်ပုံငွေရှာခဲ့ရာ မော်ဒိုက်ငွေ ၁၈ သန်းရရှိကူညီခဲ့သည်။

မော်ဒိုက်သည် ပါလက်စတိုင်းပြည်သူများအတွက်လည်း စိုးရိမ်မကင်းဖြစ်မိကြောင်း ပါလက်စတိုင်းများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ရပ်တည်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သေးသည်။

F-02

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */