Monday, February 4, 2019

အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦးကို မင်းတုန်းမှာ ဖမ်းဆီး

RFA 
February 04, 2019
 ပူးပေါင်းပိတ်ဆို့ရှာဖွေရေးအဖွဲ့က ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မွတ်ဆလင်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦး အပါအဝင် ၁၂ ဦးကို ဒီနေ့ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီးမှာ ဖမ်းဆီးရမိခဲ့ တယ်လို့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

  ကျောက်တော်မြို့နယ်ကနေ ရန်ကုန်တိုင်း သာကေတမြို့နယ်ကို ပို့ဆောင်ပေးဖို့အတွက် တစ်ဦးကို ငွေကျပ် ၃၅ သိန်း ပေးခဲ့ရသူတွေဖြစ်ကြောင်း စစ်ဆေးတေ့ွရှိထားတယ်လို့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်မောင် က RFA ကို ပြောပါတယ်။

အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦးကို လဝကအက် ၆၂/ ၆၃နဲ့ လူဝင်မှုကြီးကြပ်ရေးက တရားလိုပြု လုပ်တရားစွဲဆိုသွားမှာဖြစ်ပြီး ခေါ်ဆောင်လာသူ အပါအဝင် ၂ ဦးကိုလည်း မင်းတုန်းမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မွတ်ဆလင် ၁၀ ဦးကို သယ်ဆောင်လာသူတွေထဲမှာ မှုခင်းသတင်းထောက် အဖွဲ့သက်သေခံ ကတ် ကိုင် ဆောင်ထားသူတစ်ဦး ပါဝင်တယ်လို့ သိရတဲ့အတွက် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအဖွဲ့ အမှုဆောင် အရာရှိချုပ် ဦး သက်နိုင်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ခေါ်ဆောင်လာသူတွေဟာ မှုခင်းသတင်းထောက် အဖွဲ့ဝင် ဟုတ်မဟုတ် စစ်ဆေးပြီး မှန်ကန်ရင် တရားစွဲဆိုမှု ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

မှုခင်းသတင်းထောက်အဖွဲ့ဟာ ရဲသတင်းပေးဆိုသူတွေ၊ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ် တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

မကွေးတိုင်းအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေကို ဖမ်းဆီးရမိတဲ့ အမှု ၂၈၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
 
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */