" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 24, 2022

ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း

 ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း


မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ မွေးရာဇာတိက ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက်ကပါ။ ၁၉၅၇ ခုနှစ်မှ ဒီ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် တာဝန်ထမ်းဆောင်ရတဲ့ ရာထူးကို လူဝင်မှုကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်း စတဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန်ကျပြီးမှ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိ လာတာပါ။ ရခိုင်ပြည်နယ်မှာ လက်အောက်ပြည်နယ်မှူးနဲ့ ဒုပြည်နယ်မှူး အဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက် (၈၂) နှစ်ရှိပြီ။


မေး။ ။ ဆရာကြီးက ၁၉၆၇ ကနေ ၁၉၈၉ အထိ လဝကမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်နယ်တာဝန်အဆင့်တွေကို ယူခဲ့တယ်ဆိုတော့ ဒီကနေ့ ရခိုင်ပြည်မှာဖြစ်နေတဲ့ ရခိုင်ပြည် ဘင်္ဂလီအရေးအခင်းကို ကြားသိရတဲ့အခါ ကျွန်တော့်ကို ပြောပြချင်တဲ့ အကြောင်းတွေ ရှိပါသလား။ ဆရာကြီး တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံလေးတွေကိုလည်း ပြန်လည်ပြောပြပေးပါ။

ဖြေ။ ။ကျွန်တော်တို့ တက္ကသိုလ်မှာတုန်းက ဘူးသီးတောင်အမတ် ရောဟီး ဘသာ ဆိုသူက ၁၉၅၁ ခုနှစ်လောက်မှာ နေရှင်းသတင်းစာမှာ အင်္ဂလိပ်ဘာသာနဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာဆိုတဲ့ လူမျိူးတစ်မျိူးအဖြစ် တီထွင်ရေးထည့်တာကို တွေ့ရတယ်။ ဒီဇတ်လမ်းဟာ တီထွင်လုပ်ကြံဖန်တီး တဲ့ ဇတ်လမ်းဖြစ်တယ်။ အဲ့ဒီတုန်းက ဆရာဦးဖော်ဇံဟာ ဓညဝတီ ရခိုင် ကျောင်းသားများအသင်းမှာ ဥက္ကဌ ဖြစ်တယ်။ ဆရာက ရော်ဟီး ဘသာရေးတဲ့ ဇတ်လမ်းကို သတင်းစာမှာပဲ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတဲ့ အကြောင်းကို ဓမ္မဓိဌာန်ကျကျ ပြန်ရေးခဲ့တယ်။ အဲ့ဒီက စပြီး ရိုဟင်ဂျာမူစလင် ဆိုတဲ့ အ ကြောင်းကို ကျွန်တော်ကြားဖူးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ၁၉၄၂ ခုနှစ်လောက်မှာ ကုလား-ရခိုင်အဓိက ရုဏ်းဖြစ်ဖူးတယ်။ အဲ့ဒီပြဿနာဟာလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ ချန်ထားခဲ့တဲ့ လက်နက်တွေ အားကိုးနဲ့ ကုလားတွေက စတင်ပြဿနာရှာ ရန်စတာကြောင့် ဖြစ် တာပဲ။ ပြီးရင် စစ်တွေအရေးပိုင် ဦးကျော်ခိုင်ကို သတ်ပစ်တာလဲ ရှိဖူးတယ်။ ဒီလူတွေဟာ မကြာမကြာရာဇဝတ်မှုမျိုးစုံကို ကျူးလွန်တတ်ကြတယ်။ ဒီထက်ဆိုးတာက ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ နိုင်ငံပေါ်မှာ သစ္စာ မရှိဘူး။ ပြီးတော့ နိုင်ငံတော်ရဲ့ အလံတော်ကိုလည်း ဘယ်တော့မှ အလေး မပြုကြဘူး။ ဘာသာရေးအရဆိုပြီး ဦးမညွတ်ကြဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံသား အဖြစ်တော့ ခံလိုကြတယ်။ အရမ်းအံ့သြဖို့ကောင်းတာပဲ။

မေး။ ။ ဆရာကြီး လူမျိုးတမျိုးဆိုတာ ဆယ်စုရာစုတစ်ခုနဲ့ ဖြစ်ပေါ်လာ တာလား၊ ဒါမှမဟုတ် ဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဒီကိစ္စမျိုးက ကျွန်တော် တို့ ရခိုင်ပြည်တစ်ခုတည်းမှာပဲ ဖြစ်ပေါ်တာလား၊ သိသလောက် ရှင်းပြပေးပါ။

ဖြေ။ ။ လူမျိုးတစ်မျိုးဆိုတာ ယဉ်ကျေးမှု ဘာသာစကား ဓလေ့ထုံးထမ်း စဉ်လာတွေ သီးခြားဖြစ်တည်ရမယ်လို့ ကြားဖူးတယ်၊ ဗမာပြည်မှာ အင်္ဂလိပ်တွေ အုပ်ချုပ်နေတုန်းကသွင်းခဲ့တဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိတယ်။ ဥပမာ အိန္ဒိယနိုင်ငံသား (ဟိန္ဒူ)၊ တရုတ်နိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (ဟိုတုန်းက အိန္ဒိယနိုင်ငံသား)တွေ၊ ဒါပေမယ့် အခုခါမှာ ဟိန္ဒူ တမီလ်၊ ပန်ချာပီ၊ ဂေါ်ရခါး၊ တရုတ်တွေက လူမျိူးသစ်အဖြစ် ဖန်တီးလာတာ ကို မတွေ့ရဘူး။ ဒီဘင်္ဂလီတွေက တော့ ရိုဟင်ဂျာလူမျိူးသစ်အဖြစ် အတင်း ဖန်တီးလာတာကို စိတ်ဝင်စားဖွယ်တွေ့ရှိရတယ်။ ဒါဘာကြောင့်လဲ ဘာ ရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုု သေချာ ဆန်းစစ်ဖို့ လိုတယ်။ အမှန်မှာ ဒီဘင်္ဂလီတွေဟာ ရွှေ့ပြောင်းအလုပ် သမားတွေပဲ။ ဒီကနေ့ ထိုင်းနိုင်ငံ ကို မြန်မာနိုင်ငံ က ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရောက်သွားပြီ။ ဒီလူတွေဟာ ထိုင်းနိုင်ငံမှာ လူမျိူးသစ်အဖြစ်နဲ့ လုပ်ကြံတောင်း ဆိုမယ်၊ နိုင်ငံသား အဖြစ်တောင်းမယ်ဆိုရင် ရနိုင်မလားလို့ ကျွန်တော် စဉ်းစားမိတယ်။

မေး။ ။ မြန်မာနိုင်ငံသားဥပဒေအရ ရိုဟင်ဂျာမရှိဘူးလို့ ပြောနေပေမယ့် ဘင်္ဂလီ တချို့က ရိုဟင်ဂျာမှ ရိုဟင်ဂျာလူမျိူးလို့ နာမည်ခံနေကြတယ်။ ဒီကိစ္စမျိူးကို ဥပဒေအရ အရေးယူနိုင်ပါသလားဆရာ။

ဖြေ။ ။ ကမ္ဘာ့သမိုင်း၊ အရှေ့တောင်အာရှသမိုင်း၊ မြန်မာ့သမိုင်း၊ ရခိုင် သမိုင်းတွေ ထဲမှာ ရိုဟင်ဂျာ လူမျိူးဆိုတာ မရှိခဲ့ဘူး။ ဒါကြောင့် ဒီကနေ့ အစိုးရကလဲ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး၊ မြန်မာ့ တိုင်းရင်းသား ထဲမှာ မရှိဘူးလို့ တရားဝင်ပြောနေကြပြီပဲ။ ဘင်္ဂလီနာမည် ကိုသာ ခံလိုတဲ့လူတွေလဲရှိတယ်။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးတစ်မျိုးကို အတင်း နာမည်သစ် ရိုဟင်ဂျာလို့ ခံနေတယ်ဆိုရင် ရာဇဝတ်မှုနဲ့ အရေးယူ လို့ရတယ်။ ဒါပေမယ့် တာဝန်ရှိတဲ့သူတွေက အရေးယူဆောင်ရွက်ပေးဖို့ ရဲရဲဝံ့ဝံ့လုပ်ဆောင်ဖို့ လိုနေတယ်။ ဒီလိုမှ မလုပ်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံသား ဥပဒေကို ဒီကောင်တွေ လုံးဝကြောက်မှာမဟုတ်ဘူး။ ပိုပြီးအတင့်ရဲလာ လိမ့်မယ်။ နောက်နောင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာ ဏာကို လုလာ လိမ့်မယ်လို့ ကျွန်တော်ပြောရဲတယ်။ ဒီကိစ္စ တစ်မျိူးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စပဲ မပေါ့ကြပါနဲ့ လို့ ကျွန် တော်သတိပေးချင်တယ်။

မေး။ ။ ဆရာကြီး လဝက နဲ့ အမတ ဆိုတာ ဘာကွာပါသလဲ။

ဖြေ။ ။ လဝက ဆိုတာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဖြစ် တယ်။ အမတ ဆိုတာ အမျိုးသားမှတ်ပုံတင်ဌာနဖြစ်တယ်။ လူဝင်မှု ကြီးကြပ်ရေးဌာန ဆိုတာ နိုင်ငံခြားသားတွေ ခိုးဝင်လာရောက်မှုကို စစ်ဆေး တဲ့ ဌာနဖြစ်ပြီး အမတ ဆိုတာ အမျိုးသားမှတ်ပုံတင်ကိစ္စတွေကို ဆောင်ရွက် တဲ့ ဌာနဖြစ်တယ်။ ဒီဌာနနှစ်ခု မတူဘူး။ ကျွန်တော်က လဝကဆိုတဲ့ ဌာနမှာ အလုပ်ဝင်ခဲ့တာ၊ နောက်ပိုင်းမှာ လဝကနဲ့ အမတ ပေါင်းလိုက်တာ ၁၉၅၉ ခုနှစ်လို့ ထင်တယ်။

မေး။ ။ ဆရာကြီးက ရခိုင်ပြည်နယ်ရဲ့ လဝကမှာ ထမ်းဆောင်ခဲ့တဲ့ နှစ်တွေ ကြာ တယ်ဆိုတော့ တစ်ဖက်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ ခိုးဝင်မှု ဘယ်လောက်ရှိနိုင်ပါသလဲ။ ခန့်မှန်းပြီး ပြောပေးပါ။ ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင် တဖက်နိုင်ငံက ဝင်ရောက် လာမှုဟာ ၇၅% ကျော်မယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဘူးသီးတောင်-မောင်တောနယ်ကို တာဝန်ရှိသူ တစ်ယောက် အနေနဲ့ ရောက်ခဲ့တဲ့ နှစ်တွေမှာ တစ်နှစ်ထက်တစ်နှစ် လူဦးရေ တိုးပွားမှုတွေ အရမ်းများနေတယ်။ ဒီတိုးပွားနှုန်းဟာ မွေးဖွားမှုနှုန်းနဲ့လည်း ဆိုင်တယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ ရခိုင်ပြည်နယ် နယ်စပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ချထားတဲ့ အဖွဲ့တွေဟာ ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ အခြေအနေမရှိဘူး။ တာဝန်ပေးထားတဲ့ လူဦးရေ နည်း တယ်။ စခန်းတစ်နေရာနဲ့ တစ်နေရာ ရှစ်မိုင်ကနေ မိုင်နှစ်ဆယ်ကျော်ကွာဝေး တယ်။ နယ်စပ်တစ်ခုလုံး ထိစပ်မှုကလည်း မိုင်ပေါင်း (၁၆၀) လောက်ရှိတယ်။ ဘယ်လိုမှ ဝင်ရောက်လာမှုကို ကာကွယ်နိုင်တဲ့ အခြေအနေမရှိဘူး။ စခန်း တစ်ခုမှာ အများဆုံးတာဝန်ပေးနိုင်တာ သုံးဦးပဲရှိတယ်။ တဖက်နိုင်ငံရဲ့ လူဦးရေ ပေါက်ဖွားနှုန်းဟာ အရမ်းများနေတယ်။ နယ်စပ်နေ ဘင်္ဂလီတွေဟာ လူမျိုးတူတယ်၊ ဘာသာစကားတူတယ်၊ ယဉ်ကျေးမှုတူတယ်၊ ဘာမှခြားနား တာမရှိဘူး။ ဒါကြောင့်သူတို့ကို ခွဲခြားနိုင်ဖို့ ခက်ခဲတယ်။ ကျွန်တော်တို့ဖက်က အားနည်းချက်တွေ အများကြီးရှိနေတယ်။ တာဝန်ပေးတယ်လို့သာဆိုပေမယ့် အဖြစ်ပဲပေးတာ။ တာဝန်ကျေပွန်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘယ်သူမှ မလုပ်နိုင်ဘူး။

မေး။ ။ ဒီလိုကိစ္စမျိူးကို ဥပမာတစ်ခုပေးပြီး ရှင်းပြပေးပါ ဆရာကြီး။

ဖြေ။ ။ ကျွန်တော်တို့ ဘူးသီးတောင်-မောင်တောမှာ တဖက်နိုင်ငံက ခိုးဝင်လာ တဲ့ သူတွေကို ဖမ်းဖူးတယ်။ ခိုးဝင်လာတဲ့သူတွေကို ဖမ်းတဲ့အချိန်မှာ ဖမ်းသူနဲ့ ခိုးဝင်သူ မမျှဘူး။ ဖမ်းတဲ့သူက သုံးလေးယောက်၊ ခိုးဝင်လာတဲ့သူက (၃၀-၄၀)၊ ဒီတော့ ချည်စရာကြိုးမရှိဘူး။ လက်ထိပ်မရှိဘူး။ သေနတ်ပါလို့ သူတို့ကြောက်တာပဲ ရှိတယ်။ စခန်းကိုရောက်တော့ အိပ်ဖို့နေရာပေးရတယ်။ ထမင်းချက်ကျွေးရတယ်။ အမျိုးသမီးတွေပါလာတော့ အိမ်သာ တက် နောက်ဖေး သွားမယ်ဆိုပြီး ထွက်ပြေးသွားကြတယ်။ လိုက်မ ဖမ်းနိုင် ဘူး။ လိုက်ဖမ်းပြန်ရင်လည်း စခန်းမှာရှိတဲ့သူတွေ ထွက်ပြေးကြပြန်တယ်။ ဒီတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ အရူးကျနေတာဘဲ။ တခါတလေ ဖမ်းမိလို့ တရားစွဲလို့ ထောင်ကျသွားကြတယ်။ ထောင်ကျ နှစ်ကျေတော့ တဖက်နိုင်ငံ ကို ပြန်ပို့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့လူမဟုတ်ဘူးလို့ ငြင်းတယ်။ ဒီတော့ ကျွန်တော်တို့မှာ ဘယ်မှာထားရမှန်းဘယ်ကိုပို့ရမှန်း မသိဘူး။ ဒီလို မျိူး အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အဖွဲ့ ဝင်တွေ ခိုးဝင်လာသူတွေကို ဖမ်းရမှာတောင် ကြောက်နေပြီ။ ခိုးဝင်လာ သူတွေ ကို ဖမ်းပြီးထောင်ချမယ် ပြီးရင်ပြန်လွှတ်မယ် ဒီစရိတ်တွေ နိုင်ငံတော် က ကျခံရတယ်။ ကျွေးမွေးရေး စရိတ်ရှိတယ်။ ကျန်းမာရေးစရိတ်ရှိတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်ရှိတယ်။ ဒီစရိတ်တွေကို နိုင်ငံတော်က မကျခံမီ ဖမ်းတဲ့လူက စိုက်ထုတ်ရတယ်။ ဒီလိုပြဿနာတွေရှိတဲ့အတွက် ဘယ်သူကမှ မဖမ်းချင်ကြဘူး။ ဖမ်းတဲ့လူကလည်း ဌာနမှာ နာမည်ဆိုးနဲ့ တ ဖြည်းဖြည်းကြုံ လာတယ်။ ဒီတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေကြတာပဲ။

မေး။ ။ ဆရာကြီးတို့ လဝကမှာလုပ်ခဲ့စဉ်တုန်းက မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ ဘင်္ဂလီတွေမရှိဘူးလား။ ရှိခဲ့ရင် အမှတ်တရလေးတွေ ပြောပြပေးပါ။

ဖြေ။ ။ မှတ်ပုံတင်ဆိုတာက မြန်မာပြည်တွင်းမှာ သွားဖို့လာဖို့ စစ်ဆေးတဲ့အခါ သက်သေခံလက်မှတ်တစ်ခုသာဖြစ်တယ်။ နိုင်ငံသားဖြစ်တယ်လို့ ဖော်ပြတာ မဟုတ်ဘူး။ တိုင်းရင်းသားဖြစ်မှုကို ဆိုလိုတာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကစလို့ မှတ်ပုံတင်ရှိမှ သွားလို့လာလို့ ရ တယ်။ လေယာဉ်စီးလို့ရတယ်။ ကားစီးလို့ရတယ်။ သဘောင်္စီးလို့ရတယ်။ သမဝါယမက ပေးတဲ့ပစ္စည်းတွေ ထုတ်ခွင့်ရတယ်။ ဒီလိုအခွင့်အရေးတွေ ရတော့ လူတိုင်းလိုချင်တယ်။ ဒီနေ့လဲ မှတ်ပုံတင်ဟာ မြန်မာပြည်မှာ အရေးတကြီးလိုအပ်နေတာပဲ မဟုတ်လား။ မှတ်ပုံတင်ရုံးတွေမှာ ဝန်ထမ်းက (၃၀-၄၀) ပွဲစားက အများကြီးဆိုတော့ လဝကရုံးတွေဟာ အမြဲတမ်း စည်ကား တယ်။ ဝန်ထမ်းတွေလည်း ငွေရွှင်တယ်။ ပိုက်ဆံတောင်းစရာမလိုဘူး။ သူ့ အလိုလို ရော့ ... ဆိုပြီး ပေးကြတယ်။ ဆွဲအံထဲမှာ ပစ်သွင်းခဲ့ကြတယ်။ အမှန် မှာ ဆိုရင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင်ပျောက်ပျက်သွားတဲ့ လူတွေကို သာ မှတ်ပုံတင်မိတ္တူတွေပြန်လုပ်ပေးရတာပဲ ရှိတယ်။ အသစ်ထပ်လုပ်ပေး ခွင့်မရှိဘူး။ အသက် (၁၈) နှစ်ပြည့်တဲ့လူတွေကိုသာ အသစ်ထုတ်ပေးတာ။

မေး။ ။ ဆရာကြီးက လဝက နဲ့ အမတ ကို ပေါင်းပစ်တယ်ဆိုတော့ ဘာကြောင့်လဲ။

ဖြေ။ ။ အရေးကြီးတဲ့ ဌာနလို့ သူတို့သိမှမသိတာ။ စမ်းသပ်ပြီး အမျိုးမျိုး လုပ်ကြည့် တာပဲလို့ ထင်တယ်။ သူတို့ရည်ရွယ်ချက်ကို အတိအကျမပြော တတ်ဘူး။

မေး။ ။ ဆရာကြီးအလုပ်ဝင်စက အစောပိုင်းပြောခဲ့တဲ့ လဝက ဆိုတာ ဘာတွေ လုပ်ခဲ့ရပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ အလုပ်ဝင်ခဲ့တဲ့ ၁၉၅၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး မှုးဘဝမှာ နိုင်ငံခြားသားတွေကို လေဆိပ်၊ သင်္ဘောဆိပ်၊ အဝင် အထွက်တွေမှာ စစ်ဆေးရတယ်။ နယ်စပ်တွေမှာ ကင်းလှည့်ရတယ်။ အနှေးကင်း၊ အမြန်ကင်းဆိုပြီး မြင်းတွေ၊ လားတွေ၊ ကားတွေနဲ့ အဖွဲ့ဝင်တွေ အများကြီးနဲ့ ယူနီဖောင်းလက်နက်အပြည့်အစုံနဲ့ စစ်ဆေးရတယ်။ ဒါမျုုိးကို ရှမ်းပြည်ဖက်မှာ အများကြီးလုပ်ခဲ့ဖူးတယ်။ ရခိုင်ပြည်ဖက်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ အဓိကလုပ်ငန်းက "အဝင်လွယ်လာရင်လည်း အနေခက်အောင် လုပ်တဲ့သဘောပဲ" ။ ရှမ်းပြည်ဖက်မှာ ဒီလုပ်ငန်းကို ကျွန်တော်တို့ နေ့စဉ် လစဉ်လုပ်ရတဲ့ အလုပ်ပဲ။

မေး။ ။ ဒီလိုလုပ်ငန်းမျိုးကို ရခိုင်ပြည်ဖက်မှာ တစ်ကြိမ် တစ်ခါမှ မလုပ်ခဲ့ဖူး ဘူးဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးကို လုပ်ခဲ့ရပါသလဲ ဆရာကြီး။

ဖြေ။ ။ ပုံမှန်နေ့စဉ် လစဉ် အနှေးကင်းအမြန်ကင်းမျိုးကို တစ်ခါမျှ မလုပ်ခဲ့ ရဘူး လို့သာ ပြောတာ၊ စစ်ဆင်ရေးကို အ ကြီးကြီးတွေ လုပ်ခဲ့ပါတယ်။ နဂါးမင်း စစ်ဆင်ရေးတို့၊ မြတ်မွန်စစ်ဆင်ရေးတို့၊ ကျီးကန်းစစ်ဆင်ရေးတို့ ဆိုတာတွေဟာ ကျွန်တော်ပြောတဲ့ အဝင်လွယ်ပြီး အနေခက်အောင် လုပ် တာပဲ။ ခိုးဝင်လာတဲ့သူတွေကို စစ်ဆင်ရေးအရ စစ်ဆေးလိုက်ရင် ကျန်ခိုးဝင် လာသူတွေ လန့်ပြီး ပြန်ထွက်ပြေးကြတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒီလိုစစ်ဆင်ရေးမျိုးလုပ်ပြီးရင် အပေါ်က လူကြီးတွေနဲ့ သမ္မတနဲ့ တစ်ဖက်နိုင်ငံနဲ့ အဆင်တစ်ခုခုပြေသွားပြီဟေ့ ဆိုတာနဲ့ ပြန်လက်ခံ ရတယ်။ စိတ်ပျက်ဖို့ သိပ်ကောင်းတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်။ သူတို့ခိုင်းလို့ စိတ်ပါလက်ပါနဲ့ လုပ်ပြန်ရင်လည်း အ ပြောင်းအလဲက သိပ်မြန် တယ်။ ပြန်ပြီးတော့ ပြန်လည်လက်ခံရေးကို ဟင်္သာလို့ ခေါ်တယ်။ ခင်ဗျား ကြားဖူး မှာပါ။ မြန်မာနိုင်ငံမှာ လူကြီးတွေနဲ့ အဆင်ပြေတယ်ဆိုရင် ဥပဒေတွေ မလိုဘူး။ ပြင်ချင်တိုင်းပြင် လုပ်ချင်တိုင်းလုပ်ပေးတယ်။ ကျွန်တော်တို့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ခေတ်မှာတုန်းက စကားပုံတစ်ခု ရှိဖူးတယ်။ 'လူကိုခင်ရင် မူကိုပြင်တယ်၊ လူကိုမုန်းရင် မူကိုသုံးတယ်၊ လူကိုချစ်ရင် မူကိုပစ်တယ်'' ဒါကြောင့် နဂါးမင်းလဲ အနေခက်အောင်လုပ်တယ်။ လူကြီးချင်း အဆင်ပြေ သွားရင် ဟင်္သာနဲ့ ပြန်ခေါ်လိုက်တယ်။ ကျွန်တော်တို့ အောက်ခြေမှာ လုပ်ရ တဲ့လူတွေ ရူးတာပဲ။

မေး။ ။ ဒီလိုအဖြစ်အပျက်မျိူး နောက်ထပ်ကြုံဖူးခဲ့တာတွေ ရှိရင် ပြောပြပေး ပါဦး ဆရာကြီး။

ဖြေ။ ။ ကျွန်တော်ရင်နာစွာနဲ့ မျက်ရည်ကျခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခု ရှိဖူး တယ်။ ၁၉၇၀ ကျော် နှစ်လောက်ကထင်တယ်။ ဗမာနေဗီက ဘင်္ဂလားဒေ့ရှိ က ငါးလာခိုးဖမ်းတဲ့ စက်လှေသုံးစီး ဖမ်းမိလာတယ်။ လူတွေအများကြီးပါလာ တယ်။ ၅၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ ကျွန်တော်တို့ လဝက ကို တာဝန်လွှဲအပ်တော့ ကျွန်တော်ကိုယ်တိုင် တာဝန်ယူပြီး ဥပဒေအရ အဆင့် ဆင့် အစီရင်ခံပြီး တရားစွဲတယ်။ ထောင်ချမယ့်နေ့ရက်လောက်ရောက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတကြီးနဲ့ ဦးနေဝင်းတို့ စကားပြောပြီး ချစ်ကြည်ရေး အတွက်ဆိုပြီး တရားခံအားလုံးကို တရားမစွဲတော့ပဲ လွှတ်ပေးလိုက် တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက "တက်ကနာ" ဆိုတဲ့မြို့ကို အရောက် ပို့ခိုင်းတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်ပို့ပါဆိုတဲ့အတွက် လှိုင်းတွေ လေတွေကြားမှာ ချက်ချင်းသွားပို့ရတယ်။ လှေပေါ်မှာ ကုလားတွေ က ကျွန်တော်တို့ကိုပြဿနာရှာတယ်။ ခုန်ဆင်းဖို့ကြိုးစားတယ်။ ကျွန်တော် တို့က အသနားခံပြီး တောင်းပန်ရတယ်။ ဖမ်းထားတဲ့ လူဦးရေအတိုင်း သူတို့မြို့ကိုမရောက်ရင် ကျွန်တော်တို့မှာ ပြဿနာကြီးလာနိုင်တယ်။ ပြန်ပို့ ခိုင်းတော့ ရဲလည်းမပါဘူး။ ကျွန်တော်တို့ လဝက တွေချည်းပဲ။ ဘဝမှာ ဒီလိုပြဿနာမျိူးကို ပြန်မစဉ်းစားရဲဘူး။ ဒီလိုကိစ္စမျိူးတွေ အများကြီးရှိတယ်။ ဖမ်းတဲ့လူတွေ ကြာလာရင် ဌာနမှာလဲ နာမည်ပိုပိုဆိုးလာတယ်။ ဒီကိစ္စမျိူးကို တဖက်နိုင်ငံက ခိုးဝင်တဲ့သူတွေ သိနေတော့ မြန်မာနိုင်ငံ ဥပဒေကို မကြောက် ဘူး။ သူတို့က အေးအေးဆေးဆေးပဲ။ ရခိုင်ပြည်မှာရှိတဲ့မြောက် ဦး၊ ကျောက်တော်၊ မင်းပြားမြို့တွေကို ရဲရဲတင်းတင်း အများကြီးဝင်သွားကြ တယ်။ ဒါကို ကျွန်တော်တို့ တင်ပြဖူးတယ်။ အထက်လူကြီးတွေကို စာနဲ့ တင်ပြခဲ့ပါတယ်။ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။ ဒီကနေ့ ဗမာပြည်မ အတွင်းကို ခိုးဝင်လာနေကြတဲ့ သတင်းတွေ အများကြီးကြားနေရပါတယ်။ ဒါ ဒီနေ့မှ ဖြစ်လာတာမဟုတ်ဘူး။ အရင်တုန်းကလဲ ရှိတယ်။ လူတွေ သတိမထားကြလို့ပါ။ ဒါကြောင့် ကျွန်တော်ပြောနေတာပေါ့။ ခိုးဝင်တဲ့လူ ၇၅%ရှိတယ်။ နောင် ဗမာပြည်မထဲမှာ မြို့ကြီးတွေမှာ ပြဿနာ ကြီးလာ မှာပါ။ စောင့်ကြည့်ကြပါ။

မေး။ ။ ဆရာကြီးပြောတာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ရှိခဲ့ရင်လည်း ပြောပေးပါဦး။

ဖြေ။ ။ နောက်တစ်ခု ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဗိုလ်ချုပ်ကြီး ဝင်းမြင့်ခေတ်လောက်ကနဲ့တူတယ်။ စင်္ကာပူကို မြန်မာနိုင်ငံက ဘောလုံးသွား ကန်ကြတော့ ဘောလုံးသမားတွေကိုအကူအညီပေးခဲ့တဲ့ ဘင်္ဂလီတွေကို မှတ်ပုံတင်နေ့ချင်းပြီး ထုတ်ပေးတာမျိုးရှိခဲ့ဖူးတယ်။ တော်ပြီ။ နောက်ထပ် ကိစ္စတွေ မပြောချင်ဘူး။ ကျွန်တော့်မှာ ပြဿနာအများကြီးရှိလာနိုင်တယ်။ ဒါဘဲ။

မေး။ ။ ဆရာကြီးပြောနေတာတွေက ရခိုင်ပြည်နယ်ဖက်က ကိစ္စတွေပဲ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကိစ္စတွေလဲ ပြောပြပါဦး။

ဖြေ။ ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဖက်မှာက လူခိုးသွင်းတဲ့ကိစ္စကို ဂိုဏ်းဖွဲ့ပြီး လုပ်ကြတာ။ ကျွန်တော်တို့ နယ်စပ်မှာ တစ်ဆင့်တစ်ဆင့် လက် လွှဲပေးပြီး တရွေ့ရွေ့ခိုးသွင်းကြတာ။ ရခိုင်ပြည်နယ်ဖက်ထက် ဝန်ထမ်းတွေ ပိုအဆင်ပြေတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ကိစ္စမျိုး နောင် ဒီဖက်မှာ လဲဖြစ် လာမယ်လို့ ထင်တယ်။

မေး။ ။ မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ ၁၉၈၂ ခု ဥပဒေဟာ တင်းကြပ်လွန်း တယ်၊ ပြင်သင့်တယ်လို့ ကုလသမဂ္ဂကိုယ်စား လှယ်တွေနဲ့ နိုင်ငံတကာ က ပြင်သင့်တယ်လို့ ပြောနေကြတယ်။ ဆရာကြီးအမြင်ကို ပြောပါဦး။

ဖြေ။ ။ ဒီကနေ့ ဘင်္ဂလီတွေနဲ့ ရခိုင်တွေ ဖြစ်တဲ့အပေါ်မှာ အခြေခံပြီး ပြောနေကြ တာဖြစ်လိမ့်မယ်။ အမှန်မှာ မြန်မာ နိုင် ငံရဲ့ ပထဝီအနေ အထားအရ လူဦးရေသန်းရာထောင်ရှိတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား၊ လူဦးရေ ပေါက်ဖွားနှုန်းအ လွန်ကောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက်မှာ ထိုင်းနိုင်ငံ ဒီလိုအခြေအနေမျိူးမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေဆိုတာကို သူတို့ စဉ်းစားသင့်တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြောရရင် လူ့အခွင့် အရေးဆိုတာ တစ်ခုတည်းနဲ့ စဉ်း စားပြီးပြောလို့မရဘူး။ Stateless တွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကိုပါ စဉ်းစားရမယ်။ မြန်မာနိုင်ငံသားဥပဒေမှာ လိုအပ်ချက်တွေအများကြီး ရှိနေသေးတယ်လို့ ထင်တယ်။ ဒီဘင်္ဂလီတွေ လုပ်ရပ်က အချုပ်အခြာအာဏာနဲ့ ဥပဒေပြုခွင့်အာဏာကို ထိပါးစော်ကားရာ လည်း ရောက်တယ်။ ဒီလိုမျိုးပြောနေတာကိုတော့ ကျွန်တော်မကြိုက်ဘူး။ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံသားဥပဒေ၊ အစ္စရေးနိုင်ငံရဲ့ နိုင်ငံသားဥပဒေကိုပါ နှိုင်း ယှဉ်ပြီး စဉ်းစားသင့်တယ်။

မေး။ ။ ဆရာကြီးတို့ကို လုပ်ငန်းဌာနမှာရှိစဉ်တုန်းက အခြားနိုင်ငံတွေ ရဲ့ နိုင်ငံသား ဥပဒေတွေကို သိအောင် သင်တန်း ပေးခဲ့ဖူးတာမျိုး သင်တန်း တက်ရောက်သင်ကြားခဲ့ရတာမျိုး ရှိခဲ့ပါသလား။

ဖြေ။ ။ ခင်ဗျားပြောတဲ့ သင်တန်းမျိုး ကျွန်တော်ကြားလဲ မကြားဖူးဘူး။ သင်တန်းလဲ မတက်ခဲ့ဖူးဘူး။ တခြားသူတွေလဲ တက်ဖူးတယ်လို့ မသိရခဲ့ဘူး။ ဘယ်နိုင်ငံရဲ့ နိုင်ငံသားဥပဒေတွေကိုမှ ကျွန်တော်တို့ သင်ကြားခဲ့ရတာ မျိုးမရှိဘူး။

မေး။ ။ ဆရာကြီး တချို့နိုင်ငံခြားသားတွေက တိုင်းရင်းသားနဲ့ နိုင်ငံသားကို အဓိပ္ပါယ်ကွဲပြားစွာ မသိကြဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဥရောပနိုင်ငံတစ်ချို့နဲ့ အမေရိကန်နိုင်ငံမှာ တိုင်းရင်းသားဆိုတာ မရှိဘူး။ နိုင်ငံသားလောက်ပဲ ရှိတယ်။ ဒါကြောင့် တစ််ချို့နိုင်ငံခြားသားတွေ ဟာ တိုင်းရင်းသားဆိုတဲ့ အဓိပ္ပါယ်ကို သူတို့နားမလည်နိုင်ဘူး။ မြန်မာနိုင်ငံ မှာ နိုင်ငံခြားသားတွေ အချို့နိုင်ငံသားတွေ ဘယ်တော့မှ တိုင်းရင်းသား မဖြစ်ဘူးဆိုတဲ့ ဥပဒေရှိတာကို သူတို့သိပုံမပေါ်ဘူးလို့ ထင်တယ်။ မြန်မာနိုင်ငံ ရဲ့ တိုင်းရင်းသားတိုင်းဟာအလိုအလျောက် နိုင်ငံသားဖြစ်တယ်။ နိုင်ငံခြား သားဟာ ဘယ်တော့မှ နိုင်ငံသားမဖြစ်ဘူး။ နိုင်ငံခြားသားဟာ ဧည့်နိုင်ငံသား ပဲ ဖြစ်မယ်။ နိုင်ငံခြားသားဟာ နိုင်ငံသားဖြစ်ဖို့ အဆင့်ဆင့်လျှောက်ထား ရ မယ်။ ခွင့်ပြုချက်ရယူရမယ်။ ဒါ့အပြင် ပြဌာန်းထားတဲ့ ဥပဒေတွေလည်း ရှိသေး တယ်။ ဒီလိုလျှောက်ထားမှုမျိုးမရှိခဲ့ရင် နိုင်ငံသား လုံးဝမဖြစ်ဘူး။ အလို အလျောက်လုံးဝမဖြစ်ဘူး။ တိုင်းရင်းသားဟာ မူလအိမ်ရှင်ပဲ။ အိမ်ရှင် လက်မခံရင် ဘယ်ဧည့်သည်မှ နေလို့မရဘူး။ တော်ပြီ။ ကျွန်တော်မော လာပြီ နောက်ထပ်သိချင်တာတွေရှိသေးရင် နောက်မှ တစ်ခါလာခဲ့ပါ။ ဒါဘဲ။ တော်ပြီ။

ကျေးဇူးပါပဲ ဆရာကြီး။

နောင်ရဲခိုင် (အာရကန်လှိုင်းသံ)

မှတ်ချက် ။ ။ အထက်ပါ ဖော်ပြထားသည့် အင်တာဗျူးကို Won Thar Nu (Facebook) စာမျက်နှာက ကူးယူဖော်ပြခြင်းဖြစ်သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */