" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 21, 2020

သမိုင်းထဲမှ ဒီမိုကရေစီနှင့် မှတ်တမ်းအမှား

TheVoiceWeekly Journal
10-Jan-2019 
သမိုင်းထဲမှ ဒီမိုကရေစီ


မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အတွင်း ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထိုကာလ သည် မြန်မာတို့ ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြသည့်သမိုင်းတစ်လျှောက် ပထမဆုံး ဒီမို ကရေစီကျင့်သုံးသည့်ကာလတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအချိန် ကကျင့်သုံးခဲ့သည့် ဒီမိုကရေစီသက် တမ်း သည် နှစ်ပေါင်း ၁၄ နှစ်ခန့် သာ ကြာရှည်ခဲ့သည်။ ယင်းအချိန် မှစ၍ နှစ်ပေါင်း ၆၀ကျော်သည့် အချိန် မှ ဒီမိုကရေစီ တစ်ကျော့ပြန် လည် ရောက်ရှိလာခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ယခုမှကျင့်သုံးခဲ့ခြင်း မဟုတ်။ ကျင့်သုံးခဲ့ဖူးသည်။ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီကျင့် သုံး ခဲ့စဉ်ကာလ က အာဆီယံနိုင်ငံများတွင်သာမက အာရှတွင်ပါ ထိပ်တန်း နေရာတစ်ခု ရခဲ့သည်ကို တွေ့ကြရသည်။

ယနေ့ မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတွင်လည်း တွင်တွင်ကျယ်ကျယ် ပြောနေသည့် ဒီမိုကရေစီစနစ်သည် မြန် မာနိုင်ငံတွင် ယခင်ကပင် ကျင့်သုံးခဲ့ဖူးသည့်စနစ်တစ်ရပ်ဖြစ်ရာ ဒီမိုကရေစီစနစ်ဆိုသည်မှာ မြန်မာ နိုင် ငံအတွက် ထူးဆန်းသည့် စနစ်တစ်ရပ်တော့မဟုတ်။ ၁၄ နှစ်ကြာ ကျင့်သုံးခဲ့ဖူးသောစနစ်ဖြစ်သည်။

 ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့သည့် ယင်း အချိန်ကအခြေအနေနှင့် ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးနေသည့် ယ ခုအချိန်အခြေအနေမှာ တစ်ထပ်တည်းတော့ မတူညီကြ။ ထိုသို့ဆိုပါက လွတ်လပ်ရေးရရှိပြီးနောက် ကျင့် သုံးခဲ့ သည့်ဒီမိုကရေစီသည် မည်သည့် အကြောင်းရင်းများကြောင့် တစ်ခန်းရပ်ခဲ့သည်ကို ပြန်လည် သုံးသပ် ကြည့် သင့်သည်ဟု ယူဆပါသည်။ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးပညာရှင်များ၊ သုတေသီများ၏ သုံးသပ် ချက်များကို လည်း တွေ့ရသည်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီစနစ် တစ်ခန်းရပ်စေ သည့်အချက် များ ကို အောက်ပါအတိုင်းတွေ့ရသည်။

(၁)  ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဝါဒရေးရာပြိုင်ဆိုင်မှု၏ဂယက်
(၂)  နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်
(၃)  တိုင်းရင်းသားစည်းလုံးမှုပျက်ပြားခြင်း
(၄)  ကိုယ်ကျိုးစီးပွားနိုင်ငံရေးကြီးထွားလာခြင်း
(၅)  မဏ္ဍိုင်များမခိုင်မာခြင်း
(၆)  လက်နက်ကိုင် ပဋိပက္ခများ များပြားခြင်း
(၇)  လူထု၏ နိုင်ငံရေး အသိအမြင် အားနည်းခြင်း
(၈)  စီးပွားရေးကျဆင်းခြင်း

ထို့အတူ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး ပထမတွဲတွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။ နယ် ချဲ့လက်အောက်မှ လွတ်မြောက်ရေးတည်းဟူသောဦးတည်ချက်ဖြင့် မြန်မာ့နိုင်ငံရေးကို ဦးဆောင်မှုပေး ခဲ့သော ဖဆပလအဖွဲ့ကြီးသည် ဝါဒရေးရာမတူညီသည့် နိုင်ငံရေးပါတီများ၊ လူမျိုးစုအဖွဲ့အစည်များ၊လူမှုရေး အဖွဲ့အစည်း များ၊ တစ်သီးပုဂ္ဂလ နိုင်ငံရေးသမားများ ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျားကြိုးပမ်းကြစဉ်တွင် စည်းလုံးညီညွတ်မှုရှိကြသော်လည်းလွတ် လပ်ပြီးခေတ်တွင် ဝါဒကွဲပြားမှု၊ ရာထူးအာဏာ အခွင့်အရေးရယူ ပိုင်ဆိုင်လိုမှုများကြောင့် စည်းလုံးမှုပြို ကွဲလာ ခဲ့သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ် ပတ်ဝန်းကျင်အထိ စည်းလုံးမှုပြိုကွဲရခြင်းမှာ ဝါဒရေးရာကွဲပြားမှုပေါ်တွင် အခြေခံသည်။ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် တည် ဆောက် ရန်ဟူ သော တူညီသည့်နိုင်ငံရေးခံယူချက်ရှိကြသော်လည်း အာဏာအခွင့် အရေးရယူပိုင်ဆိုင် မှုနှင့် ပတ်သက်၍ ပုဂ္ဂိုလ် ရေး၊ ဂိုဏ်းဂဏရေး ပဋိပက္ခများကြောင့် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲသွားခဲ့ရသည် ဟူ၍ဖော်ပြထားပါသည်။

ပါလီမန်ဒီမိုကရေစီစနစ် တစ်ခန်းရပ်စေသည့်အချက်များသည် ယနေ့ နိုင်ငံပြန်လည်တည်ဆောက်ရေးအ တွက် သင်ခန်းစာကောင်းနှစ်ခုကို အကျဉ်းချုပ်တွေ့ရသည်။ ယင်းတို့မှာ ဝါဒရေးရာကွဲပြားမှုနှင့် ကိုယ်ကျိုး စီးပွားပင်ဖြစ် သည်။

ရောင်စုံကွဲပြားမှု

မြန်မာ့လွတ်လပ်ရေးကြိုကာလကပင် နိုင်ငံ့လွတ်လပ်ရေးကြိုးပမ်းခဲ့သူများအကြား ဝါဒရေးရာအကွဲအပြဲ အက် ကြောင်းများ ပေါ်ပေါက်နေခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးအကြိုကာလတွင် ဝါဒရေးရာဆိုင်ရာ အက် ကြောင်းများ၊ သွေးခွဲမှုများရှိနေခဲ့သော်လည်း လွတ်လပ်ရေးအတွက် အတူလက်တွဲလုပ်ဆောင် နိုင်ခဲ့ ကြသည်မှာ မြန်မာ့သမိုင်းတစ်လျှောက် သမိုင်းဝင်စည်းလုံးမှုတစ်ရပ်အဖြစ် တွေ့မြင်ရသည်။

ယင်းစည်းလုံးမှုများသည် လွတ်လပ်ရေးရရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိချိန်တွင် ဝါဒရေးရာပိုင်းအက်ကြောင်း သည် အဆိုးဝါးဆုံးအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရသည်။

ယနေ့မြန်မာနိုင်ငံ လျှောက်လှမ်းနေသည်မှာ ဝါဒရေးရာကွဲပြားမှုအတွက် စိုးရိမ်ဖွယ်အနေအထားမရှိဟု ယေ ဘု ယျဆိုနိုင်ပါသည်။ အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်း နေကြပြီဖြစ်ပါသည်။ တူညီသောရည်မှန်းချက်အတွက် လျှောက်လှမ်းနေခြင်းဖြစ်ရာ မြန်မာ့နိုင် ငံရေး စနစ်အ ပြောင်းအလဲအတွက် အားရဖွယ်အချက်တစ်ချက်အဖြစ် တွေ့မြင်ရသည်။ ယနေ့ကာလတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း စစ်အေးကာလအတွင်းကကဲ့သို့ ဝါဒရေး ရာပြိုင်ဆိုင်မှုများမရှိတော့။ Globalization ၏ အကျိုးဆက်၊ အင်အား ကြီးနိုင်ငံများ၏ ကိုယ်ကျိုးစီးပွား အကောင်အထည်ဖော်မှုများနှင့် ပထဝီနိုင်ငံရေးကြောင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအပေါ် ဂယက်ရိုက်ခတ်မှု တွေ့ရှိရသည်။ ယင်း သည် လည်းမိမိတို့တစ်နိုင်ငံတည်းတွင်ဖြစ်ပွား နေခြင်းမဟုတ်။ ကမ္ဘာနှင့်ချီသော နိုင်ငံရေးဂယက်ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်က ကြုံတွေ့ခဲ့ရသည့် ဝါဒ ရေးရာ အငြင်းပွားမှု၊ ကွဲပြဲမှုများ မရှိခြင်းသည်လည်း မြန်မာ့အပြောင်းအလဲအတွက် ပိုမိုကောင်းမွန်သော အခြေ အနေတစ်ရပ် ဖြစ်စေနိုင်မည်ဟု ယူဆနိုင်ပါ သည်။

ထိုသို့ဆိုပါလျှင် ယနေ့ နိုင်ငံရေးစနစ်အပြောင်းအလဲအား အောင်မြင်ရန်လိုအပ်နေဆဲမှာ ဘုံရည်မှန်းချက်အတွက် ညှိနှိုင်းအဖြေရှာလိုသည့် သဘောထားပင်ဖြစ်သည်။ ယင်းသဘောထားသည်ပင် အပြောင်းအလဲ၏ တိုးတက်မှုကို ပံ့ပိုးပေးနိုင်မည်ဟု ဆိုနိုင်ပါသည်။ ယခင်က ရည်မှန်းချက် မတူညီကြသည့်အတွက် တိုင်းရင်း သားများအကြား၊ ပါတီများအကြား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြား နိုင်ငံရေးအသွေးအရောင်များ ကွဲပြားခဲ့ရသကဲ့သို့ တစ်ဦးချင်းစီ၏ အတ္တဆန္ဒများကြောင့်လည်း ရင်ကြားစေ့ရေး ဝေးကွာခဲ့ရသည်ကို တွေ့ရသည်။

ယနေ့ ဒီမိုကရေစီ အပြောင်းအလဲ၊ ဖက်ဒရယ်အပြောင်းအလဲကို အားလုံးက ရည်ရွယ်ချက်တူ၊ ဦးတည်ချက် တူ ဖြင့် လျှောက်လှမ်းနေကြပြီဖြစ်ရာ တစ်ဦးချင်းစီ၏အတ္တဆန္ဒများ၊ သဘောထားတင်းမာမှုများကို အမျိုး သားအ ကျိုးစီးပွားအတွက် အလျှော့အတင်းပြုလုပ်ရန် အထူးလိုအပ်နေပါသည်။ အတိတ်ကာလနှင့် ယနေ့ပစ္စုပ္ပန်ကာလ အတွင်း ပေးဆပ်ခဲ့ရသည့် အချိန်များ၊ မျိုးဆက်များ၊ အနာဂတ်မျှော်လင့်ချက်များနှင့် ပြန်လည် အစားထိုးမရ သည့် ဆုံးရှုံးမှုများကိုလည်း ထည့်သွင်းစဉ်းစားပေးရန်လည်း တိုက်တွန်းလိုပါသည်။ ပါလီမန် ဒီမိုကရေစီခေတ်က ကဲ့သို့ သူတစ်လူ ငါတစ်မင်း ရပ်တည်နေရမည့်အချိန်ကာလမဟုတ်တော့။

လက်ရှိ မျိုးဆက်သစ်များ၊ အနာဂတ်မျိုးဆက်သစ်များသို့ စံနမူနာကောင်းများ၊ အလေ့အကျင့်ကောင်းများ၊ စိတ် ထားကောင်းများကိုလည်း လက်ဆင့်ကမ်းအမွေပေးကြရမည့် တာဝန်ရှိနေပါသည်။ ပါလီမန်ဒီမိုကရေစီ ခေတ် ကာလသည် ယနေ့မိမိတို့မျိုးဆက်အတွက် ဆောင်ရန်အချက်များ ကျန်ရှိနေခဲ့သလို ရှောင်ရန်အ ချက် များလည်း ကျန်ရှိနေခဲ့သည်ကို သတိချပ်ရမည်ဖြစ်သည်။ အသွေးအရောင်မျိုးစုံကွဲပြားခဲ့သည့် ယခင်အမှား များ ကို ထပ်ခါ ထပ် ခါ မှားယွင်းနေမည်ဆိုလျှင် အဆိုးသံသရာအတွင်းမှာပင် ဝဲလည်နေမည်မှာ သေချာပါ သည်။ ဝါဒတစ်ရပ်အ ပေါ် တရားသေဆုပ်ကိုင်ရပ်တည်မှု၊ လူမျိုးရေးကျဉ်းမြောင်းမှု၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများနှင့် တစ်ကိုယ်ရေကောင်းစား ရေး အတ္တများကြောင့် ပါတီကွဲ၊ အဖွဲ့အစည်းကွဲ၊ လူမျိုးကွဲ၊ စိတ်ဝမ်းကွဲမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ် ပွားစေခဲ့ပါသည်။ အကျိုးဆက်အနေနှင့် အတောမသတ်နိုင်သည့် နိုင်ငံရေး အားပြိုင် အာဏာလုမှုများကို ဖြစ်ပွား ခဲ့သည်ကို ပါလီမန်ဒီမိုကရေစီခေတ်၏ သမိုင်းပုံရိပ်အဖြစ် တွေ့ရသည်။ မိမိတို့လက်ထက်တွင် ထိုသမိုင်းပုံရိပ်ဆိုး များကို ဖယ်ရှားကြရန်မှာ အရေးကြီးလိုအပ်ချက်အဖြစ် မြင်မိပါသည်။

သမိုင်းမှတ်တမ်းဝင်အမှား

မြန်မာ့အပြောင်းအလဲသည် တစ်နှစ်ပြီးတစ်နှစ် ကာလယန္တရားကို ဖြတ်ကျော်နေသည်။ အပြောင်းအလဲဆို ရာ တွင် နိုင်ငံနှင့်ချီသည့် ပြောင်းလဲရမည့်ကဏ္ဍများရှိသကဲ့သို့ အဖွဲ့အစည်းအလိုက်၊ တစ်ဦးချင်းအလိုက် ပြောင်းလဲ ကြရမည့် တာဝန်များလည်း ရှိနေပါသည်။ တစ်နည်းအားဖြင့် အပြောင်းအလဲကို ကဏ္ဍအလိုက် ဦးဆောင်နေသူ များ၏ ဦးဆောင်မှုများ မှန်ကန်နေမှသာ နောက်လိုက်ကြရမည့် ပြည်သူများလည်း နောက် လိုက်ကောင်းများ ဖြစ်လာနိုင်ပါလိမ့်မည်။

ဒီမိုကရေစီဆိုသည်မှာလည်း ကိုယ်စီကိုယ်စီက လိုက်နာကျင့်သုံးကြမှသာ ပုံပေါ်လာမည်ဖြစ်သည်။ လက် တွေ့ ကျင့်ကြံကြရမည့် စနစ်တစ်ရပ်ဟု ဆိုရပါမည်။ ဒီမိုကရေစီ၏အနှစ်သာရကိုလိုလားသော်လည်း သူငါ ရန် အသွင် ဆောင်နေကြမည်ဆိုပါက စနစ်တခြား၊ လိုအပ်ချက်တခြား၊ လုပ်ဆောင်ချက်တခြား ဖြစ်နေပေ မည်။ မိမိတို့ ကိုယ်တိုင် ဒီမိုကရေစီကိုလိုလားပါက မိမိတို့အဇ္ဈတ္တသန္တာန်တွင် အရိုးစွဲနေသည့် ငါစွဲပြုတ်မနူးအယူအဆသဘော ထားများ (စကားလုံးအသုံးအနှုန်း ရိုင်းပျသွားပါက နားလည်ပေးစေလိုပါသည်)ကို ပြောင်းလဲကြရမည်မှာ ပထမ ဦးစားပေးဖြစ်ပါသည်။

လွတ်လပ်စွာ သဘောကွဲလွဲခွင့်သည် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်ပါသည်။ သို့သော် ငါထင်ရာ ငါစိုင်း ခြင်း သည် လွတ်လပ်စွာသဘော ထားကွဲလွဲခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အ စည်းစွဲ၊ အတ္တစွဲများဖြင့် တရားသေ ဆုပ်ကိုင်ဆောင်ရွက်နေကြမည်ဆိုလျှင် အားလုံးလိုလားနေသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး၊ ဖက်ဒရယ်နိုင်ငံတော်ကြီးဆိုသည်မှာ နီးလျက်နှင့်ဝေးနေဦးမည် ဖြစ်သည်။ ၁၉၄၈ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော်အတွင်း အမျိုးသားစည်း လုံးညီညွတ် ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော အခွင့်အ ခါ ကောင်း၊ အခြေအ နေ ကောင်းများ လိုလားခဲ့ကြသည်။ ယင်းအခွင့်အခါကောင်း၊ အခြေအနေကောင်းများ ဖန်တီးနိုင်မည့် အခွင့်အ လမ်းများသည် ၂၀၁၁ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့ရာ ယခုအခါ ၈ နှစ်ပြည့်ပြီဖြစ် သည်။

ထို ၈ နှစ်တာကာလအတွင်း အပြောင်းအလဲအရွေ့ကို တိုင်းတာကြည့်မည်ဆိုပါက မျှော်လင့်ချက်များ မြင်တွေ့ရ သကဲ့သို့ အဟန့်အတားဖြစ်စေမည့်အချက်များကိုလည်း တွေ့ရှိနေရသည်။ ယင်းအဟန့်အတား များ အနက် အဓိ ကအချက်မှာ ပါလီမန်ဒီမိုကရေစီခေတ်က မှားခဲ့ဖူးသော ငါစွဲများပင်ဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ခဲ့သော အ မှားများကို ထပ်မံမမှားကြရန်မှာ ယနေ့ အပြောင်းအလဲ၏ လိုအပ်ချက်ဟု ဆိုချင်ပါသည်။

သိန်းထွန်း (IR)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */