" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 21, 2019

နိုင်ငံတကာတရားရုံးထက်က မြန်မာ

မြန်မာတိုင်းမ်
မြန်မာတိုင်းမ်အပတ်စဉ်
စစ်ထက်အောင်
 21 NOV 2019
ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သူများ၏စခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ • အေပီ

လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့် အပြစ်ပေးရေးစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း ဂမ် ဘီယာနိုင်ငံ၏ စွဲချက်တင် အမှုလျှောက်ထားမှုကို နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)က ဒီဇင်ဘာ ၁၀ ရက် တွင် အများပြည်သူရှေ့မှောက်တွင် စတင်ကြားနာတော့မည်ဖြစ်သည်။
 
နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် အိုင်စီဂျေ၏ကြေညာချက်အရ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် မြန် မာနိုင်ငံအပေါ် ယာယီအမိန့်တစ်ရပ် ထုတ်ပြန်ပေးရန်ဆိုသည့်အချက်ကို အဓိကကြားနာမည်ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက်က အိုင်စီဂျေတရားရုံးကို တင်သွင်းခဲ့သည့် ဂမ်ဘီယာ၏လျှောက်ထားချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကု လ သမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့သည့်အထောက်အထားများအရ အရပ် သားများအပေါ် ပစ် မှတ်ထားသည့် စစ်ဆင်ရေးများကို မြန်မာနိုင်ငံအတွင်း ချက်ခြင်းရပ်တန့်ရေး ယာယီတား ဆီးမိန့်တစ်ရပ်ကို အိုင်စီဂျေကထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

ယင်းကြားနာမှုကို အိုင်စီဂျေရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့တွင်ပြုလုပ်မည်ဖြစ်ပြီး ကြားနာမှု၏ ပထမ ရက် ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာက ထွက်ဆိုချက်ပေးရမည်ဖြစ်ပြီး မြန်မာအစိုးရဘက်က ၁၁ ရက်နေ့တွင် ထွက်ဆိုချက်ပေးရမည်ဖြစ်သည်။ ၁၂ ရက်နေ့တွင် ဂမ်ဘီယာနှင့်မြန်မာနှစ်ဖက်စလုံးက အပြန် အလှန်လျှောက်လဲမှုများဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။

ယင်းအခြေအနေကို ဥပဒေကြောင်းအရရင်ဆိုင်ရန် မြန်မာဘက်ကပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန် နိုင် ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သတင်း ဌာနများကို တုံ့ပြန်ထားသည်။

လွန်ခဲ့သည့်သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူနည်းစုဘင်္ဂါလီများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရအား အရေးယူနိုင်ရန် မတူညီသည့်နည်းလမ်းသုံးခုဖြင့် ထပ်မံကြိုးပမ်းလာခဲ့သည်။

နည်းလမ်းမျိုးစုံဖြင့် ညဉ်းပန်းနှိပ်စက်ခံရသော မွတ်စလင်လူနည်းစုအတွက် တရားမျှတမှုရရှိရန်ဟုဆိုကာ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို ကုလသမဂ္ဂ၏ ပင်မတရားရေးဆိုင်ရာအဖွဲ့ဖြစ်သည့် အိုင်စီဂျေတွင် နိုဝင်ဘာ ၁၁ ရက်က တရားစွဲလိုက် သည်။ အစ္စလမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

ဂမ်ဘီယာ တရားရေးဝန်ကြီး(အလယ်)နှင့် အဖွဲ့ကို အိုင်စီဂျေရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့တွင် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ • အေပီ
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များနှင့်ပတ်သက်၍လျှောက်ထားချက်တွင် အခြေခံအားဖြင့်ဘင်္ဂါလီလူ မျိုး များ၏အခွင့်အရေးများ ငြင်းပယ်ခံရမှု၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အမုန်းတရားဝါဒဖြန့်ခြင်း၊ လူနည်းစုများ၏ ကျေးရွာများ အကြီးအကျယ်ဖျက်ဆီးခြင်း၊ ကလေးသူငယ်များကို ပစ်မှတ်ထားခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများကိုကျယ်ပြန့်စွာ တင်ပြထားသည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်တွင် တပ်မတော်က နယ်မြေရှင်လင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက်ပိုင်း အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေးမှု၊ သီးနှံ များသိမ်းယူခြင်းနှင့် အစားအစာ ငတ်မွတ်ခေါင်းပါးစေခြင်းတို့ကို အသေးစိတ်ဖော်ပြထားသည်။

"ကျွန်တော်တို့ အိုင်စီဂျေကို တောင်းဆိုနေတာက မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုံးအသတ်မခံ ရ အောင် အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုဖို့ပါ။ ဘာကြောင့်လဲဆိုတော့ လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းအရ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ မြန်မာဟာ ဂမ်ဘီယာလိုပဲ ဒီကွန်ဗင်းရှင်း မှာ လက် မှတ်ထိုးထားသလို အဖွဲ့ဝင်တိုင်းအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်" ဟု ဂမ်ဘီယာ တရားရေးဝန်ကြီး မစ္စတာ အဘူဘာကာ တမ်ဘာဒူးက မြန်မာနိုင်ငံ ကို တ ရားစွဲရသည့်အကြောင်းကို ဘီဘီစီသတင်းဌာနတွင် ပြောဆိုခဲ့သည်။

ထို့အတူ နိုဝင်ဘာ ၁၃ ရက်တွင် လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက နိုင်ငံတော်၏ အတိုင်ပင်ခ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မ·းကြီးမင်းအောင်လှိုင်အပါအဝင် နိုင်ငံ့ခေါင်းဆောင်အချို့ကို နိုင်ငံတကာစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားတရားရုံးတွင် စစ်ဆေးနိုင်ရန် တရားစွဲ ဆို လိုက်သည်။လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူများ၊ ၎င်းတို့ကို အကူအညီပေးသူများနှင့် အကာအကွယ်ပေးသူများအား မည်သည့်နေရာတွင်မဆို စီရင်ပိုင်ခွင့်ရှိသည့် ဥပဒေအရ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် နိုင်ငံတကာ၏ပထမဆုံး ကြိုးပမ်း ချက်တစ်ခုလည်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြန်မာက ဘင်္ဂါလီများအား ဘင်္ဂလားဒေ့ရှ်ဘက်သို့စနစ်တကျရည်ရွယ်ချက်ရှိရှိ မောင်းထုတ် ခဲ့မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ)ဥပဒေချုပ်ရုံးက စုံစမ်းစစ်ဆေးရန် အိုင်စီစီတရား သူကြီးများ ကို ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်သည်။

ယခုတရားစွဲဆိုမှုမတိုင်မီကတည်းကပင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီလူမျိုး ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ယင်းဖြစ်ရပ်များနှင့်ဆက်နွှယ်သည့် တပ်မတော်၏ လုပ်ဆောင် ချက်များကို လူမျိုးတုံးသတ်ဖြတ်မှုဟု နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲခဲ့သည်။

ရခိုင်အရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုများ၊ အစီရင်ခံစာများကို မကြာခဏ ပယ်ချ ပြော ဆိုခဲ့သည့်မြန်မာအစိုးရအနေဖြင့် ယခုတစ်ခါတွင်မူ ကမ္ဘာ့ခုံရုံးထက်တွင် ဖြေရှင်းချက်ပေးရတော့ မည် ဖြစ်သည်။

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ရေး စွပ်စွဲချက်များအနက် အိုင်စီဂျေတွင် စွပ်စွဲထားသည့် စွဲ ချက်ကိုသာ ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု မြန်မာအစိုးရကပြောဆိုထားသည်။ ရခိုင်အ ရေးနှင့်ပတ်သက်၍ အိုင်စီဂျေတွင် တရားစွဲဆိုလာနိုင်ကြောင်းကို အစိုးရအနေဖြင့် လွန်ခဲ့သည့် တစ်နှစ်ကျော် ကတည်း က ကြိုတင်ခန့်မှန်းထားသည်ဟုလည်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောခဲ့သည်။ သို့သော်မည် ကဲ့သို့တုံ့ပြန်သွားမည်ကို အတိအကျပြောဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့မှုအပေါ် စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်ပြီး မြန်မာဘက်ကမျက်စိစုံ မှိတ်ငြင်း ဆိုနေခြင်းမဟုတ်ဘဲ ယုံကြည်စိတ်ချသူများပါဝင်သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားပြီး တပ်မတော်ဘက်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ ဆောင်ရွက်နေကြောင်း ၎င်းကတုံ့ ပြန်သည်။ ကော်မရှင်နှင့် ခုံရုံးတို့ အစီရင်ခံစာများထွက်လာပါက ချိုးဖောက်မှုများရှိလျှင် အရေးယူမှုများပြု လုပ်မည်ဟု ဦးဇော်ဌေးက ပြောသည်။

အိုင်စီဂျေသည် ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ ပင်မအဖွဲ့အစည်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သာမက အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့်ပါသက်ဆိုင်သည့် ခုံရုံးတစ်ခုဖြစ်သည်။ အဆိုပါခုံရုံးသည် အဓိက အားဖြင့် လုပ်ငန်းတာဝန်နှစ်ရပ်ကို ဆောင်ရွက်ပေးသည်။

ပထမတာဝန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှုများကို လက်ခံ ကြား နာကာ ဖြေရှင်းပေးသည်။ ဒုတိယတာဝန်မှာ ကုလသမဂ္ဂအဖွဲ့အစည်း တစ်ရပ်ရပ်သည် နိုင်ငံတကာ ဥပဒေနှင့် ပတ်သက်သော ဥပဒေပိုင်းဆိုင်ရာ အကူအညီတောင်းလာမှုများကို အကြံÓဏ်ပေးခြင်းဖြစ်သည်။ မြန်မာသည် ကုလသမဂ္ဂ၏၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့်အပြစ်ပေးရေးဆိုင်ရာ သဘော တူညီမှုတွင်ပါ ဝင် လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်။ ဂျီနိုဆိုက် ကွန်ဗင်းရှင်းဟုခေါ်သည့် သဘော တူညီမှုတွင် မြန်မာ နိုင်ငံသည် ၁၉၅၆ ခုနှစ်မှ စတင်ကာ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်အရ လူမျိုးတုံးသတ်ဖြတ်မှုသည် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သည့် အ တွက် သက်ဆိုင်ရာတိုင်းပြည်များတွင် ထိုသို့မဖြစ်ရန်တားဆီးရမည့် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်ကို ဖောက်ဖျက်ပါက အရေးယူရမည်ဟုလည်း ဆိုထားသည်။ မြန်မာနိုင်ငံကို အနောက်အာဖရိကတိုက်ရှိနိုင်ငံမှ တရားစွဲဆိုရခြင်းမှာ ဂမ်ဘီယာသည် အိုအိုင်စီအဖွဲ့ဝင်ဖြစ်သည့်အတွက် ယင်းအဖွဲ့ကိုယ်စားတရားစွဲခဲ့ခြင်းဖြစ်သည်။

အိုအိုင်စီတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိနေပြီး ဂမ်ဘီယာနိုင်ငံသည် ယင်းအဖွဲ့ကြီး၏ တာဝန်ခံမှုဆိုင်ရာ အ ရေး ပေါ်ဝန်ကြီးများကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသူ ဖာတူးဘင်ဆူးဒါးသည် အိုင်စီဂျေ၏ လက်ရှိဥပဒေချုပ်ဖြစ်သည်။ မြန်မာကို ကမ္ဘာ့ခုံရုံးပို့ခဲ့သည့် ဂမ်ဘီယာသည်လည်း ညှဉ်းပမ်းနှိပ်စက်မှုများ၊လူသတ် မှုများ၊ မုဒိမ်းမှုများဒဏ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော်ခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

"ကမ္ဘာကြီးကို ကျွန်တော်တို့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခုပေးချင်ပါတယ်။ အဲဒါကတော့ ရက်စက်ကြမ်းကြုတ် မှုတွေကို ပြစ်တင်ရှုံ့ချဖို့အတွက် စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ်နေဖို့မလိုပါဘူး။ သည်ထက် ပိုအရေးကြီးတာက လူသားဆန်မှုဖြစ်ပါတယ်။ အာဖရိကမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန် တော်တို့ မျက်စိရှေ့မှာတင် လူသားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒါတွေကို မတားဆီးနိုင်တာက ကျွန်တော် တို့ မျိုးဆက်အတွက် ရှက်စရာ ကောင်းပါတယ်" ဟု ဂမ်ဘီယာ တရားရေးဝန်ကြီး မစ္စတာ အဘူဘာကာ တမ်ဘာဒူးက ပြောဆိုထားသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ကောက်စ်ဘဇားဒုက္ခသည်စခန်း (မြန်မာ ဘက်မှ နေရပ်စွန့်ခွာလာသူများနေထိုင်ရာ)သို့ သွားရောက်ခဲ့ရာတွင် နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ကလေး များ မီးရှို့ခံရမှုများကို ကြားခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

"အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်က လိုက်နာဖို့တော့တာဝန်ရှိတယ်။ မလိုက်နာရင် ကုလလုံခြုံရေးကောင်စီကို ရောက် မယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် တိုင်းပြည်နာမည်ပျက်သွားမှာ။ တိုင်းပြည်မှာ စီးပွားရေးလုပ် ငန်းတွေမလာတော့ဘူး။ သည်ကောင်တွေက လူယုတ်မာတွေ၊ သည်ကောင်တွေနဲ့ မဆက်ဆံနဲ့ဆိုရင် အဲဒီပြ သနာက အဓိကပဲ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကိုယ်ပါဝင်သည့်အမှုအတွက် အိုင်စီဂျေ၏ ဆုံး ဖြတ်ချက်ကို ကို လိုက်နာဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

"အိုင်စီဂျေစွဲတာက သိပ်ပြဿနာမရှိဘူး။ အိုင်စီစီစွဲတာက ကြောက်စရာကောင်းတယ်။ အိုင်စီစီက အန္တရယ် ရှိတယ်။ စိတ်မချရဘူး။ အိုင်စီစီမှာ တရားစွဲခံရတဲ့သူက ကိုယ့်ဘာသာ ဘာတွေပြောနေနေ အပြင် (မြန်မာ နိုင်ငံပြင်ပ)ထွက်သွားရင်အဖမ်းခံရနိုင်တယ်" ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

ယခုအဆင့်တွင် အိုင်စီဂျေသည် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် ယာယီတားဆီး မိန့်ထုတ် ပြန်ရန် သင့်၊ မသင့်နှင့် မြန်မာဘက်က အမှန်တကယ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ၊ မရှိကို ဆုံးဖြတ် မည်ဖြစ် သည်။ သို့သော် ဂမ်ဘီယာနိုင်ငံဘက်က စွဲချက်တင်ရာတွင် တင်ပြခဲ့သည့် အချက်အလက်တချို့မှာ မြန်မာနိုင်ငံအပေါ် လက်တွေ့တရားစီရင်ပိုင်ခွင့်အတွက် ဥပဒေကြောင်းအရ ရှုပ်ထွေးမှုများရှိနေကြောင်း နိုင်ငံတကာဥပဒေပညာရှင်များက သုံးသပ်ကြသည်။

ရခိုင်ပြဿနာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)အစိုးရရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အ နက် တစ်ခုသာဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်သတင်း ဌာန Nikkeiနှင့် Mainichi သတင်းဌာန အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် ရခိုင်တွင် ရှည်ကြာနေသည့်ပြဿနာကိုဖြေရှင်းရန် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး ဗဟိုကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့သည့်အပြင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်နေချိန်မှာပင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိုဖြေရှင်းလိုခြင်းမှာ အခြားနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုများတိုးချဲ့လိုသဖြင့်မဟုတ်ဘဲ နိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မရှိမဖြစ် လိုအပ်နေသည့် အတွက်ကြောင့်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းကာ လုပ် ဆောင်မှုများရှိနေသော်လည်း နိုင်ငံတကာက ယင်းအဖွဲ့များကို ယုံကြည်လက်ခံရန် ခက်ခဲနေဆဲ ပင်ဖြစ် သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */