Thursday, November 21, 2019

ICJ အမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ဖြေရှင်းမည်

မဇ္ဈိမ  
21 November 2019
                                                Photo: Thet Ko/Mizima
နိုဝင်ဘာ ၂၁ ။ ။ ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ ဟု ဖော်ပြ) မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူး လွန်ခဲ့ သည်ဟု စွပ်စွဲကာ ကုလသမဂ္ဂ တရားရုံးတစ်ခုတွင် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကိစ္စကို နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အစိုးရက နိုဝင် ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။
ယင်းအပြင် အဆိုပါ တရားစွဲဆိုမှုကိစ္စတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရန်အတွက် နယ်သာလန် နိုင်ငံ The Hague မြို့ကို သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက် aရးအဖွဲ့ (OIC) ကိုယ်စား အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုချက်တွင် ၂၀၁၇ ခုနှစ်က ရခိုင်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခြင်းအား ဖြင့် မြန်မာနိုင်ငံသည် ၁၉၄၈ ကုလသမဂ္ဂ Genocide Convention သဘောတူညီချက်ကို ချိုးဖောက်ထား သည်ဟု စွပ်စွဲထားသည်။

သို့သော် ယခုအခါ အဆိုပါ တရားစွဲဆိုချက်ကို ဖြေရှင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုး စီး ပွားကို ခုခံကာကွယ်ရန်အတွက် The Hague ကို သွားမည့် အဖွဲ့တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ဦးဆောင်သွားမည် ဖြစ်သည်။

ဒါ့အပြင် ယင်းကိစ္စအတွက် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအားလည်း ငှား ရမ်းထားပြီးဖြစ်ကြောင်း သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */