Tuesday, July 17, 2018

( 17.07.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်


 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

ဇူလိုင် ၁၇၊ ၂၀၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် များ သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍မြေပြင်လှည့်ကင်း ဆောင်ရွက်ခြင်း နှင့် နတ်မြစ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။



နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁ ရက်၊ နံနက် ၈ နာရီ မှ ၁၂ နာရီ ၁၅ မိနစ်အထိ နယ်ခြား မှတ်တိုင် ၅၄ မှ ၅၅ အထိလည်းကောင်း၊ ဇူလိုင် ၈ ရက် ၊ နံနက် ၉ နာရီ မှ ၁၂ နာရီအထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၄၃ အထိ လည်းကောင်း၊ ဇူလိုင် ၉ ရက် ၊ နံနက် ၁၀ နာရီ ၄၅ မှ ၁၁ နာရီ ၃၀ မိနစ်အထိ နယ်ခြား မှတ် တိုင် ၄၃ မှ ၄၄ အထိ လည်းကောင်း၊ ဇူလိုင် ၁၂ ရက်၊ နံနက် ၈ နာရီ ၁၀ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အထိ နယ်ခြားမှတ်တိုင် ၄၆ မှ ၄၇ အထိလည်းကောင်း၊ နံနက် ၉ နာရီခွဲ မှ ၁၀ နာရီ ၁၀ မိနစ်အထိ နယ်ခြား မှတ် တိုင်  ၃၁ မှ ၃၄ အထိလည်းကောင်း၊ ဇူလိုင် ၁၅ ရက်၊ နံနက် ၁၁ နာရီ မှ ၁၁ နာရီ ၁၀ မိနစ်အထိ နယ်ြ ခား မှတ်တိုင် ၃၄ မှ ၃၆ အထိ လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မှ ၁၁ နာရီခွဲအထိ နယ်ခြား မှတ်တိုင် ၄၇ မှ ၄၈ အထိလည်းကောင်း၊ ဇူလိုင် ၁၆ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်မှ ၁၁ နာရီအထိ နယ်ခြား မှတ်တိုင် ၄၈ မှ ၄၉ အထိလည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့်ခြင်းကို ဇူလိုင် ၈ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် (၁) ကြိမ်၊ ဇူလိုင် ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် (၁) ကြိမ်၊ ဆောင်ရွက်ခဲ့သည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီ တွင် ၁၄ ကြိမ်၊ မတ်လတွင် ၇ ကြိမ် ၊ မေလတွင် ၁၆ ကြိမ်၊ ဇွန်လတွင် ၁၈ ကြိမ် ၊ ဇူလိုင်လတွင် (၈) ကြိမ် စုစုပေါင်း (၆၃) ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၁၀) ကြိမ် ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */