Tuesday, July 17, 2018

( 17.07.2018) မောင်တောမြို့နယ်၌ နယ်စပ်ခြံ စည်းရိုး ကျော်တက် ဝင်ရောက် လာသူ ၂ ဦး ဖမ်းဆီးရမိ



          မောင်တောမြို့နယ်၌ နယ်စပ်ခြံစည်းရိုး ကျော်တက်ဝင်ရောက်လာသူ ၂ ဦး ဖမ်းဆီးရမိ

ဇူလိုင် ၁၇၊ ၂၀၁၈

မောင်တောမြို့နယ်၊ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၄ နာရီချိန် ခန့်တွင် ပေါင်းဇားကျေးရွာနေထိုင် သူများ ဖြစ် သည့် ဒီလူး(ခ) ဒိလ်မာမတ် (၅၅) နှစ် နှင့် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့ နှစ်ဦးသည် နတ်မြစ် အား ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ကျော်တက်ဝင်ရောက်နေသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးဟန့်တားခဲ့ရာ ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးအား ဆက်လက်ကျော်တက် သဖြင့် MA-11 မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် ၁ ချက် သတိပေးပစ် ခတ်ခဲ့ရာ ဒီလူး(ခ) ဒိလ်မာမတ်၏ ကျောယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မောင်တော ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ် အား ပြင်ဖြူ နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */