Tuesday, January 8, 2019

ဘယ်က ငွေနဲ့ AA တပ်ထောင်သလဲ

ဧရာဝတီ
8 January 2019
တပ်မတော်ဘက်က အရာရှိများဟာ AA ရဲ့ လက်ဖြောင့်စနိုက်ပါသမားတွေရဲ့ သတ်ဖြတ်မှုကို ခံနေရပါတယ်

ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ဟာ ၉ နှစ်ကျော်ကာလအတွင်းမှာ အင်အား ၇၀၀၀ ခန့် တောင့်တင်းတဲ့ စစ်တပ်တခု ဖြစ်လာသလို ရခိုင်ပြည်နယ်တွင်းမှာ ခြေကုပ်နိုင်ဖို့ကိုလည်း ပီပီပြင်ပြင် ကြိုးစားနေပါပြီ။

Monday, January 7, 2019

ဦးဇော်ဌေး ပြောဆို ချက်များ AA နဲ့ ဘင်္ဂ လားဒေ့ရှ် အစိုးရ ငြင်းဆို

ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြော ခွင့် ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတိပေး ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် AA အဖွဲ့ဟာ ၂ဝ၁၈ ဇူလိုင်လအတွင်းက ARSA အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ တွေ့ဆုံခဲ့ကြောင်း၊ ARSA နဲ့ AAအကြား လှုပ်ရှားမယ့်နယ်မြေ ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

( ၀၇-၀၁-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ


mal 7.1.19 by on Scribd

ရခိုင်ပြည်နယ်စစ်ရေး ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေး

                                    ၂ဝ၁၉ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်စဉ်။
(Myanmar President Office)

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ ဒီနေ့ညနေပိုင်းက အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

( 07-01-2019 ) New Light of Myanmar


7_Jan_19_gnlm by on Scribd

အေအေကို သောင်းကျန်းသူအဖြစ် စစ်ဆင်ရေး ပြုလုပ် နှိမ်နင်းရန် သမ္မတရုံး ညွန်ကြား

ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်း ကျန်း သူ နှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့ သမ္မတရုံး က ညွန် ကြား ထားပြီးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြား လိုက် ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာ ရဲကင်းစခန်းတွေ တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ နေပြည် တော် မှာပြုလုပ်တဲ့ သတင်း စာရှင်းပွဲမှာ ပြောကြား ခဲ့ တာပါ။

“ဟိုဘက်မှာ အေအေ လက်နက်ကိုင်အဖွဲ့လို့ ကျနော်တို့ ဆွေးနွေးတယ်။ ဒီဘက်မှာ ကျနော်တို့ ထုတ်တာက အေအေ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တပ်မတော်ကို ညွှန်ကြားထားတာ က သောင်းကျန်းသူနှိမ်နှင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ ကျနော်တို့ သမ္မတရုံးအနေနဲ့ ညွန် ကြားထားပြီးဖြစ်ပါတယ်လို့ အဲဒါလေးပြောချင်တယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

( ၀၇-၀၁-၂၀၁၉ ) ကြေးမုံ သတင်းစာ


KM 7.1.2019 by on Scribd

ရခိုင် မြောက်ပိုင်းက ရဲစခန်းတွေ ဘယ်လို တိုက် ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)


ရခိုင် မြောက်ပိုင်းက ရဲစခန်းတွေ ဘယ်လို တိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်န၀ါရီ ၇၊ ၂၀၁၉

ရက္ခိုင့်တပ်မတော် AA ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ တပ်ဖွဲ့ဝင် ၆ ဦးကို မောင်တောဆေးရုံ မှာ ကုသလျှက်ရှိပြီး စိုးရိမ်ရတဲ့အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA က ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် အတွင်းက ရဲကင်းစခန်း ၄ ခု ဝင် ရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်


https://www.facebook.com/theirrawaddyburmese/videos/231411397778417/ 

Sunday, January 6, 2019

အရှိန်ရနေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲဟာ ရေရှည် ဖြစ်သွား နိုင်မလား

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲပြင်း ထန်လာပြီး လုပ်ကြံမှု၊ ခြိမ်းခြောက်မှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာပါ တယ်။ရခိုင်အမျိုး သားဒီမိုကရေ စီအဖွဲ့ ချုပ် တည်ထောင်ခဲ့သူတယောက်ဖြစ်တဲ့ ဦးခင်သန်းမောင် နေအိမ်မှာ သတ်နတ်နဲ့ပစ်သတ်ခံရတယ်။ နောက်ပြီး ရဲအရာရှိတယောက်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးသမားတယောက်ကို အေအေက ကျည်ဆံ နဲ့ အတူ သတိပေးစာပို့ခဲ့တယ်။တဦးချင်းစီကိုလိပ်မူပြီး ပို့ခဲ့တဲ့စာထဲမှာ အေအေနဲ့ သူ့ရဲ့နိုင်ငံရေးအဖွဲ့ ရခိုင် အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ် ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူတွေကို အနှောင့် အယှက် မပေးဖို့ အထူး သတိပေးလိုတယ်လို့ ရေးသားထားပါတယ်။

( ၀၆-၀၁-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ


mal 6.1.19 by on Scribd

အိန္ဒိယက ရိုဟင်ဂျာတွေ မြန်မာကိုပြန်ပို့တာကို ဖြေရှင်းဖို့ UNHCR တောင်းဆို


 အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တဲ့ ရိုဟင်ဂျာ မိသားစုကို တွေ့ရစဉ်

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေတာတွေကို ကုလသ မဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်းချက်ပေးဖို့ ဆက်လက်တောင်း ဆိုကြောင်း UNHCR က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

( ၀၆-၀၁-၂၀၁၉ ) ကြေးမုံ သတင်းစာ


KM 6.1.2018 by on Scribd

ရခိုင်တိုက်ပွဲကြောင့်ဒေသခံများ၏နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိ

စစ်တွေ၊ ဇန်နဝါရီ ၆ ။              ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြောက်ပိုင်းရှိ ခထီးလှ နယ်ခြားစောင့် ရဲ တပ်ဖွဲ့စခန်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခထီးလှရွာမှ အိမ်ခြေအနည်းဆုံး ၇ လုံးထိ ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံရွာသားများက အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်သို့ ပြော သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံရ

ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)(ခ) နဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ကိုယ်တိုင်လာရောက် တရားရင်ဆိုင်ဖို့ သမ္မာန်စာပေး ပို့လိုက်တယ်လို့ သိရပါတယ်။

The Rohingya Crisis: What to Watch for in 2019

Bangladesh and the UN must continue to work together to improve the conditions for nearly 1 million Rohingya refugees.

The year 2018 was a dire and desperate year for the Rohingya minority from western Myanmar. Two-thirds of the population that had been living in western Rakhine State before the end of 2017 remain displaced in crowded camps in Bangladesh. The several hundred thousand who remain in Myanmar face serious restrictions, and what the chair of an independent, international fact-finding mission describes as an “ongoing genocide.”

AA တိုက်ခိုက်ခံရသည့် နေရာတွေကို အတိုင်ပင် ခံရုံးဒုဝန်ကြီး တနင်္ဂနွေနေ့ သွားမည်


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းလေးခုကို ရခိုင် တပ်မတော် (AA) က ၀င်တိုက် ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နဲ့ အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောကို ဒီကနေ့ ဇန်န၀ါရီ ၆ ရက်မှာ သွားရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခင်းဖြစ်တဲ့နေရာတွေကို သွားရောက်စစ်ဆေးပြီး အကူအညီတွေပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချ က်မှာ ဖော်ပြထားပါတယ်။ အခြား အစိုးရတာဝန်ရှိသူတွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ သတင်းထောက် ၁၅ ယောက်တို့လည်း ဒုဝန်ကြီးခရီးစဉ်မှာလိုက်ပါသွားကြမယ်လို့လည်း ဖော်ပြထားပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */