" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 4, 2023

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

ဧရာဝတီ
ဆောင်းပါး
4 December 2023

ယခုတခေါက် မင်းအောင်လှိုင် အပြစ်လွှဲချသည့် စာရင်းတွင် အသစ်ပါဝင်လာသူမှာ ဦးသိန်းစိန် ဖြစ်သည်

စစ်ရေးနှင့် စီးပွားရေး အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်တွင်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် သည် သူလုပ်နေကျအတိုင်း မလုပ်နိုင်တော့ဘဲ အခြားသူများကို အပြစ်လွှဲချသည်။ ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။
ပြည်ပမှ ဒရုန်းကျွမ်းကျင်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ရပ်တည်သည့် ဘဏ် ဝန်ထမ်းများနှင့် သာမန် မြန်မာနိုင်ငံသားများကို ယခုအပတ် အစောပိုင်းတွင် ထိုစာရင်းသို့ ထည့်သွင်း လိုက်သည်။ မြန်မာနိုင်ငံသားများသည် အလုပ်ကို စိတ်မပါသည့်သဘော မင်းအောင်လှိုင်က ပြောသည်။ မြန်မာတွင် သယံဇာတ ပေါကြွယ်ဝပြီး မြေသြဇာကောင်းကာ ရာသီဥတု မျှတသော်လည်း ပြည်သူများ သည် အလုပ်မကြိုးစားဘဲ နိုင်ငံကို တန်ဖိုးမထားကြောင်းလည်း ၎င်းကပြောသည်။

သူ အပြစ်လွှဲချသည့် စာရင်းတွင် အသစ်ပါဝင်လာသူမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အရပ်သား အစိုးရအသွင်ယူ အာဏာရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန် သည် မြန်မာ့စီးပွားရေး ကျဆင်းမှုအတွက် တာဝန်ရှိသည်ဟု စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပပြီးနောက် ယခု အစည်းအဝေးသည် မင်းအောင်လှိုင် ပြုလုပ်သည့် ပထမဆုံး အဆင့်မြင့်အစည်းအဝေး ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်း ဖြုတ်ချခဲ့သော် လည်း မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် လက်နက်ဖြင့် အာဏာသိမ်းယူရန် ကြိုးစားနေသည်ဟု ယခု စွပ်စွဲနေသည်ထိုအဖွဲ့အစည်းများအနေဖြင့်စဉ်းစားတွေး ခေါ်ပုံ ပြောင်းလဲရန်လိုကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေး တွင် ပြောသည်။
သူ အပြစ်လွှဲချသည့် စာရင်းတွင် အသစ်ပါဝင်လာသူမှာ ၂၀၁၁  ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ အရပ်သားအစိုးရအသွင်ယူ အာဏာရသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန်သည် မြန်မာ့စီးပွားရေး ကျဆင်းမှုအတွက် တာဝန်ရှိ သည်ဟု စစ်ကောင်စီအစည်းအဝေးတွင် ၎င်းကပြောသည်။
လွန်ခဲ့သောလက ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများနှင့် အခြေစိုက်စခန်းများကို တိုက် ခိုက် ရာတွင် ပြည်ပမှ ဒရုန်းကျွမ်းကျင်သူများ ပါဝင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက် လက်စွပ်စွဲသည်။ EAOs များသည် တိုက်ခိုက်မှုများအတွင်း အဆင့်မြင့် နည်းပညာဒရုန်းများဖြင့် ဗုံး ထောင်ပေါင်းများစွာ ကြဲချသည်ဟု ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံတဝန်းကိုထိန်းချုပ်ရန်ကြိုး စားနေသော်လည်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်စတင်ပြီးနောက် ကျယ်ပြန့်လှသည့်ပိုင်နက်နယ်မြေများကိုအုပ်ချုပ်နိုင်စွမ်းမရှိတော့ ပေ။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်ခြင်းအတွက် ပြစ်တင်ဝေဖန်သည်။

တိုင်းရင်းသားအဖွဲ့အစည်းများကို အပြစ်တင်

နိုဝင်ဘာလ ၂၉ ရက်နေ့က အစည်းအဝေးတွင် မင်းအောင်လှိုင်က KIA သည် မူးယစ်မှောင်ခိုလုပ်ငန်း တွင် ပတ်သက်နေသည်၊ နိုင်ငံ၏ သယံဇာတများကို အိမ်နီးချင်းနိုင်ငံတခုသို့ တရားမဝင်ရောင်းချပြီး အင်အားချဲ့ထွင်နေသည်ဟု စွပ်စွဲသည်။ အိမ်နီးချင်းနိုင်ငံတခု ဆိုသည်မှာ တရုတ်ကို သွယ်ဝိုက် ရည် ညွှန်းခြင်း ဖြစ်သည်။

KIA သည် စစ်ကိုင်းနှင့်မကွေးတိုင်းမှ အစွန်းရောက်လူငယ်များကို လေ့ကျင့်၊ လက်နက် တပ်ဆင်ပေး နေကြောင်းလည်း ၎င်းက စွပ်စွဲသည်။ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြား EAOs များကို တိုက်ခိုက်နေရချိန်တွင် KIA သည် ထိုဒေသ နှစ်ခုလုံးမှ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်နေပြီး ကချင်ပြည်နယ်မှ စစ်တပ်စခန်းများကို တိုက်ခိုက်နေသည်ဟုလည်း ဆက်လက် ပြော ကြားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊တအာင်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA)၊ KIA, ရက္ခိုင့်တပ်တော် (AA) နှင့် အခြား ကိုးကန့်လက်နက်ကိုင်အုပ်စုများ နှင့် “ပြည်ပကျွမ်းကျင်သူများ” စုစုပေါင်း ၆,၅၀၀ ကျော်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုက်ခိုက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီသည် ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) က ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် စစ်ကောင်စီ စခန်း များကို တိုက်ခိုက်ခြင်းအတွက် ပြစ်တင်ဝေဖန်သည်။

ထို “ပြည်ပကျွမ်းကျင်သူများ” သည် မည်သည့် နိုင်ငံမှလာသည်ကို စစ်ကောင်စီ အစည်းအဝေးတွင် ပြောကြားခြင်း မရှိသော်လည်း နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတခုတွင်မူ ရှမ်း ပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို မြန်မာတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် တရုတ်လုပ် ဒရုန်းများဖြင့် ဗုံးကြဲနေကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီကို ညီနောင်မဟာမိတ်များက ထိုးစစ်ဆင်ရာတွင် မည်သည့် ပြည်ပ ကျွမ်းကျင်သူမှ မပါ ကြောင်း MNDAA က ပြောသော်လည်း ၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်တွင် တရုတ်နိုင်ငံ ရှိနေသည် ဟု စစ်တပ်လိုလားသူများက ပြောသည်။ MNDAA သည် ညီနောင်မဟာမိတ် သုံးဖွဲ့အနက် တဖွဲ့ဖြစ် သည်။

ရက္ခိုင့်တပ်တော်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှထိုးစစ်တွင် ပါဝင်ခြင်းဖြင့် သူ့ကို သစ္စာဖောက်သည်ဟု မင်းအောင်လှိုင်က မကျေမနပ် ပြောသည်။မေလကမိုခါဆိုင် ကလုန်း အပြီးတွင် ရခိုင်ပြည်နယ်သို့ သူကိုယ်တိုင် သွားရောက်ခဲ့ပြီး စစ်ကောင်စီသည် ရခိုင်ပြည်နယ် တွင် အကူအညီပေးရေးနှင့် ပြန်လည် နာလန်ထရေးအတွက် နိုင်ငံတော် ရန်ပုံငွေမှ သန်းပေါင်းများစွာ သုံးစွဲခဲ့သည်ဟုလည်း ပြောကြားနေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ သည် ရခိုင်ပြည်နယ်မှ လမ်းများနှင့် ရေကြောင်းလမ်းများ အားလုံးကို ပိတ်ဆို့လိုက်သည်။

ရက္ခိုင့်တပ်တော်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ ထိုးစစ်တွင် ပါဝင်ခြင်းဖြင့် သူ့ကို သစ္စာ ဖောက် သည်ဟု မင်းအောင်လှိုင်က မကျေမနပ် ပြောသည်။
ပြောရလျှင် ငြိမ်းချမ်းနေသည့် ဆယ်စုနှစ်များ ကြာပြီးနောက် စစ်တပ်ကို ထတိုက်သည့်အတွက် ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်သည်။ KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် မြဝတီနှင့် ကော့ကရိတ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ပြီး တံတားများကို ဖောက်ခွဲသည် ဟု လည်း သူပြောသည်။

EAOs များသည် ငြိမ်းချမ်းသောနှစ်များတွင် လက်နက်စုဆောင်းပြီး PDF များကို လေ့ကျင့်ပေးခြင်းနှင့် လက်နက်ရောင်းချခြင်းများဖြင့် ငြိမ်းချမ်းရေးကို အမြတ်ထုတ်သည်ဟုလည်း မင်းအောင်လှိုင်က စွပ်စွဲ သည်။

ဦးသိန်းစိန်ကိုလည်း အပြစ်တင်

သူအာဏာသိမ်းထားစဉ် စီးပွားရေးနှေးကွေးခြင်းအတွက် မင်းအောင်လှိုင်သည် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မကြာခဏ အပြစ်တင်လေ့ရှိသော်လည်း နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင်မူ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတ ဟောင်း ဦးသိန်းစိန် အစိုးရကိုပါအပြစ်တင်သည်။
ပြီးခဲ့သည့် မတ်လတွင် မင်းအောင်လှိုင်သည် ဦးသိန်းစိန်နှင့် အခြား ဗိုလ်ချုပ်ဟောင်းများကို ဂါရဝပြုကာ အကြံဉာဏ်တောင်းခံသည်။ ယခု နိုင်ငံကို သူ မထိန်းချုပ်နိုင်တော့သောအခါ ထိုသူများကို ပြန် လည် အပြစ်တင်နေသည်။
၂၀၁၁ ခုနှစ်တွင် အာဏာရလာသည့် ဦးသိန်းစိန်အစိုးရသည် နိုင်ငံပိုင်လုပ်ငန်းများကို အားမပေးခဲ့ဘဲ အဆိုပါလုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ခြင်း၊ ပိတ်ပစ်ခဲ့ခြင်းကြောင့် အမျိုးသားစီးပွားရေး၏ အဓိက မဏ္ဍိုင်ဖြစ်သည့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော သည်။

မြန်မာတွင် ပို့ကုန်ထက် သွင်းကုန်များနေသောကြောင့် လိုငွေပြနေကြောင်းလည်း ၎င်းကပြောသည်။

ထိုအချက်သည် အထူးသတိပြုစရာ အပြောင်းအလဲဖြစ်သည်။ ပြီးခဲ့သည့် မတ်လတွင် မင်းအောင်လှိုင် သည် ဦးသိန်းစိန်နှင့် အခြား ဗိုလ်ချုပ်ဟောင်းများကို ဂါရဝပြုကာ အကြံဉာဏ်တောင်းခံသည်။ ယခု နိုင်ငံကို သူ မထိန်းချုပ်နိုင်တော့သောအခါ ထိုသူများကို ပြန်လည် အပြစ်တင်နေသည်။

မြန်မာနိုင်ငံအတွက် ပြဿနာမှာ ပြည်သူများ အလုပ် မကြိုးစားခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်း အောင်လှိုင်က ပြောပြီး သယံဇာတ ပေါများခြင်း၊ မြေသြဇာကောင်းခြင်းနှင့် ရာသီဥတု ကောင်းမွန်ခြင်း တို့ကြောင့် နိုင်ငံတွင် ကြွယ်ဝချမ်းသာမည့် အလားအလာ အကြီးအကျယ်ရှိကြောင်း ပြောသည်။

ဘဏ်ဝန်ထမ်းများကို အပြစ်တင်

ယခုအခါ ခုခံတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ ဘဏ် ဝန်ထမ်းများကိုလည်း အပြစ်တင်ပြီး ထိုဘဏ်ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကောလင်း မှ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ငွေများ NUG အစိုးရလက်သို့ အလွယ်တ ကူ ကျရောက်သွားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

PDF များက ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ပြီး လုယူလိုက်သောအခါ ကျပ်ငွေ ဘီလီယံ ၄၀ ကျော် ဆုံးရှုံးကြောင်း မင်းအောင်လှိုင်က ပြောသည်။

မင်းအောင်လှိုင်၏ နောက်ထပ် စွမ်းရည်တခုမှာ သူ မည်သို့ စဉ်းစား တွက်ချက်နေကြောင်း ခန့်မှန်းရန် ခက်ခဲခြင်း ဖြစ်ပြီး အထူးသဖြင့် သူ့အနေဖြင့် သူတပါးကို လက်ညှိုးထိုး အပြစ်တင်ရန်မှတပါးအခြား မည်သို့မှ မလုပ်နိုင်တော့သည့် အချိန်တွင် ခန့်မှန်းရန် ပိုမိုခက်ခဲ သည်။
မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ ၉၅ သန်းကို သိမ်းဆည်းလိုက်သော်လည်း ပြည်သူများ စုဆောင်းငွေ မဆုံးရှုံးစေရန် တာဝန်ယူကြောင်း NUG က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာသည်။ ကမ္ဘောဇ ဘဏ်နှင့် ဧရာဝတီဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် ငါးခုမှ ကျပ်ငွေ ၄ ဒသမ ၄ ဘီလီယံ သိမ်းဆည်း လိုက်ကြောင်းလည်း နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာသည်။

မင်းအောင်လှိုင်၏ နောက်ထပ် စွမ်းရည်တခုမှာ သူ မည်သို့ စဉ်းစားတွက်ချက်နေကြောင်း ခန့်မှန်းရန် ခက်ခဲခြင်း ဖြစ်ပြီး အထူးသဖြင့် သူ့အနေဖြင့် သူတပါးကို လက်ညှိုးထိုး အပြစ်တင်ရန်မှတပါး အခြား မည်သို့မှ မလုပ်နိုင်တော့သည့် အချိန်တွင် ခန့်မှန်းရန် ပိုမိုခက်ခဲသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ As Myanmar’s Junta Loses Control, Its Coup Leader Ratchets Up His Blame Game ကို ဘာသာပြန်သည်။)



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */