Sunday, January 6, 2019

ရခိုင်တိုက်ပွဲကြောင့်ဒေသခံများ၏နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိ

မဇျ္စိမ
By စိုးသူအောင် 
06 January 2019

စစ်တွေ၊ ဇန်နဝါရီ ၆ ။              ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြောက်ပိုင်းရှိ ခထီးလှ နယ်ခြားစောင့် ရဲ တပ်ဖွဲ့စခန်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခထီးလှရွာမှ အိမ်ခြေအနည်းဆုံး ၇ လုံးထိ ပျက်စီး ဆုံးရှုံး ခဲ့ရကြောင်း ဒေသခံရွာသားများက အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်သို့ ပြော သည်။

 “ အေးချမ်းမှုကိုလိုချင်တာပေါ့။ ကျွန်တော်တို့မှာလုပ်ကိုင်စားသောက်စရာလည်း တောင်ယာလည်း မသွားရဆိုတော့။ တော၊ တောင်ရှာ ဖွေစားသောက်ဖို့ရာ အခုတောကိုလည်း မသွားရပါ။ ကျွန်တော်တို့မှာ အ ခက်ခဲ အများကြီးပါဗျာ။ အခုတော့ နေ့လည်စာ စားစရာမရှိ။ ညစာလည်း စားစရာမရှိ အဲ့လိုဖြစ်နေ ပါ တယ်။” ဟု နေအိမ်ဆုံးရှုံးခဲ့ရသည့် ခထီးလှရွာသား ဦးမြင့်အောင်က ဆိုသည်။

ဇန်နဝါရီ ၄ ရက်နေ့တိုက်ပွဲမှာ ခထီးလှရွာတွင် နံနက် ၆ နာရီခန့်မှ စတင်ဖြစ်ပွာခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီကျော်ခန့်တွင် နေအိမ်များ လက်နက်ကြီးထိကာ မီးလောင်ပျက်စီးသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။အဆို ပါနေရာသို့ ၂ ရက်ကြာသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများအပြင်၊ ပရဟိတအလှူရှင်များလည်း လာရောက်ခြင်းမရှိ သေးသောကြောင့် အဆင်ပြေသလို နေထိုင်စားသောက်နေရကြောင်းလည်း ရွာသား များက မဇ္ဈိမသတင်း ထောက်သို့ ပြောသည်။

“ ရွာကထောက်ပံ့ပေးတယ်။ လောလောဆယ်တော့ ဆန်တစ်ဗူးနိုင်၊ နှစ်ဗူးနိုင်။ စပါးပါတယ်။ ရွှေ၊ ငွေ တွေရော တစ်ခါတည်း အကုန်လုံးပါသွားတာ။ ဘာမှမရှိတော့ဘူး ကျွန်တော်တို့မှာ “ ဟု နေအိမ်ဆုံးရှုံး ခဲ့ရသည့် ဦးအောင်လှအောင်က ပြောသည်။

ထို့ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ရွာသားများက လက်နက်ကိုင်တိုက်ပွဲများကို အလိုမရှိဘဲ ယခင်လို အ တည်တ ကျ နေထိုင်စားသောက်ချင်ကြောင်းလည်း ဆိုသည်။

ထို့အပြင် နောက်နောင်တွင် တိုက်ပွဲများမဖြစ်ပွားကြဖို့နှင့် ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် နေအိမ်များ၊ စပါးများကိုလည်း ပြန်လိုချင်ကြောင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့ကိုလည်း မေတ္တာရပ်ခံလိုက်သည်။

“ ဘာမှမတောင်းဆိုချင်ဘူး။ အရင်တုန်းကအိမ်လိုပဲနေချင်တယ်။ သမီးတို့က “ ဟု ခထီးလှရွာသူ မသင်း သင်းအေး မဇ္ဈိမသို့ ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်အသံများကြောင့် နေအိမ်များတွင် မနေ ထိုင်ရဲ၍ ရွာရှိ စာသင်ကျောင်းတွင် တိုက်ပွဲပြီးသည့်အထိ ပုန်းခိုခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ခထီးလှ ရဲကင်း စခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ခံခဲ့ရသည့် ရဲကင်းစခန်း ၄ ခုလုံးမှ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စ ကားပြော စက် ၁ လုံးဆုံးရှုံးခဲ့ ကြောင်း အစိုးရဘက်က ထုတ်ပြန်ကြေညာထားသည်။

ဇန်နဝါရီ ၄ ရက်နေ့ တိုက်ပွဲများကြောင့် အနီးအနားရွာများမှ အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေအားဖြင့် ၂၀ဝ ကျော်ခန့် စစ်ဘေးရှောင်ခဲ့ရြေ  ကာင်းလည်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့ရသည့် တိုက်ပွဲများကြောင့် ဒေသခံ ၁၀ဝ၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း အစိုးရဘက်မှ ထုတ်ပြန်ချက်များ အရသိရသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */