BBC
စောရန်နိုင်
ဘီဘီစီမြန်မာပိုင်း
၆ ဇန်နဝါရီ ၂၀၁၉
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲပြင်း ထန်လာပြီး လုပ်ကြံမှု၊ ခြိမ်းခြောက်မှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာပါ တယ်။ရခိုင်အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ် တည် ထောင်ခဲ့သူတယောက်ဖြစ်တဲ့ ဦးခင်သန်းမောင် နေအိမ်မှာ သတ်နတ်နဲ့ပစ်သတ်ခံရတယ်။ နောက်ပြီး ရဲအရာရှိတယောက်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးသမားတယောက်ကို အေအေက ကျည်ဆံ နဲ့ အတူ သတိပေးစာပို့ခဲ့တယ်။တဦးချင်းစီကိုလိပ်မူပြီး ပို့ခဲ့တဲ့စာထဲမှာ အေအေနဲ့ သူ့ရဲ့နိုင်ငံရေးအဖွဲ့ ရခိုင် အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ် ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူတွေကို အနှောင့် အယှက် မပေးဖို့ အထူး သတိပေးလိုတယ်လို့ ရေး သားထားပါတယ်။
ဒါ့အပြင် အနှောင့်အယှက် ပေးသူတွေကို ဘယ်သူ့ကိုမဆို ပြတ်သားစွာ လက်တုံ့ ပြန်သွားမယ်လို့လည်း သတိပေးရေးသားထားတာ တွေ့ရပါတယ်။နောက်ဆုံးပဋိပက္ခကတော့ လွတ်လပ်ရေးနေ့မှာ အစိုးရရဲကင်း စခန်းလေးခုကို ရက္ခိုင့်တပ်မတော်က တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သွားတယ်။ တိုက်ခိုက်တာလည်း ရက္ခိုင့်တပ်မတော် အေအေ က အတည်ပြုပြောပါတယ်။
- လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော
- ဘူးသီးတောင်က နယ်ခြားစောင့်ရဲစခန်း ၄ ခု ဝင်တိုက်ခဲ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထား
ဒီတိုက်ခိုက်မှု မတိုင်ခင်မှာလည်း ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ် ဦးညီပု ကားတန်းဖြတ်သွားတဲ့ လမ်းမှာ လည်း ဗုံးသုံးလုံးပေါက်ကွဲခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။ဒီဖြစ်ရပ်တွေအားလုံးဟာ သာမန်လက်နက် ကိုင်အချင်းချင်းအကြားဖြစ်တဲ့ တိုက်ပွဲတွေထက် ပိုမို အာရုံစိုက်ခံရပါတယ်။ကချင်ပြည်နယ်၊ တရုတ်မြန်မာ နယ်စပ်က အခြေစိုက်ပြီး ကီလိုမီတာ တစ်ထောင်ကျော်ဝေးတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝ၊ ရခိုင် ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ကျောက်ဖြူ စတဲ့ နေရာတွေအထိ တပ်ဖြန့်ပြီး ရက္ခိုင့်တပ်မတော် အေအေ လှုပ်ရှားလာနိုင်တာတွေ့ရမှာပါ။
သို့သော် အင်အားတောင့်တင်းပေမယ့် ပထဝီအနေအထားအရ သိပ်တော့မလွယ်လှဘူးလို့ လေ့လာ သူ တချို့က သုံးသပ်ပါတယ်။ရက္ခိုင့်တပ်မတော် အေအေ အဖွဲ့ဝင်တချို့ဟာ အရင်က ထိုင်းနိုင်ငံမဲဆောက်မြို့က ပြည်ပအခြေ စိုက် ရခိုင်လူငယ်အဖွဲ့ All Arakan Students' and Youth Congress က ရခိုင်လူငယ် တချို့ ပါဝင်တယ်။ လက်ရှိ အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ဟာ အရင်က AASYC က လူငယ်အဖွဲ့ ဝင်တယောက်ဖြစ်ခဲ့ပါတယ်။
ကြီးထွားလာတဲ့ ရက္ခိုင့်တပ်မတော်ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ အကူအညီတွေရ လာတော့မှ အင်အားကြီးထွားလာခဲ့ပါတယ်။ ကေအိုင်အေက ငွေကြေး၊ လက်နက်နဲ့ စစ်သင်တန်းတွေ ထောက်ပံ့ခဲ့ပါတယ်။ ဒါ့အပြင် အေအေဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝ၊ ကိုးကန့်တွေနဲ့လည်း ချိတ်မိပြီး အကူအညီတွေလည်း ရရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသူတွေက ပြောပါ တယ်။၂၀ဝ၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့တုန်းက အေအေ အဖွဲ့ဝင်ဟာ ရာဂဏန်းလောက်သာရှိပြီး အခုဆိုရင် တပ်ဖွဲ့ဝင် ၅၀ဝ၀ လောက်ရှိမယ်လို့ တိုင်းရင်း သားလက်နက်ကိုင်အရေး လေ့လာသူတွေက ပြောပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူ ပေါလ်ကင်နာ က အေအေအဖွဲ့အစည်း ထောက်ခံသူတသောင်းလောက် ရှိမယ်လို့ ရေးသားဖေါ်ပြပါတယ်။အေအေအဖွဲ့ဝင်ထဲမှာလည်း ကချင်ပြည်နယ်မှာရောက်နေတဲ့ ရခိုင် လူမျိုး တွေအများအပြား ပါဝင်တယ်လို့ သိရပါတယ်။အေအေအဖွဲ့ဟာ အရင်က နိုင်ငံရေးမပါပဲ လက်နက်ကိုင် တော်လှန်ပြီး ရခိုင် ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ရခိုင်လူမျိုးယဉ်ကျေးမှုအမွေအနှစ်ထိန်း သိမ်းရေးနဲ့ ရခိုင်လူထု အကျိုး စီးပွားတိုးမြှင့်စောင့်ရှောက်ပေးရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထူထောင် ခဲ့ပါ တယ်။
အေအေဟာ ရခိုင်လွတ်မြောက်ရေးပါတီ ALP နဲ့လည်း မသက်ဆိုင်သလို အရင် ကရင်အမျိုးသားအစည်း အရုံး ကေအန်ယူနယ်မြေမှာ ခိုင်ရာဇာဖွဲ့ခဲ့တဲ့ အေအေအဖွဲ့လည်း မဟုတ်ပါဘူး။ရခိုင်ပြည်နယ်ကိုပြန်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေလုပ်မယ့် အေအေရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးအမြင်ကြွယ်တဲ့ ကေအိုင်အေက ကောင်းကောင်းသဘောပေါက်တဲ့အတွက် အကူအညီတွေပေးခဲ့ပါတယ်။ဒါပေမယ့် ၂၀၁၁ ခုနှစ်တုန်းက ပျက်စီးသွားတဲ့ ကေအိုင်အေနဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကြောင့် ကေအိုင်အေက အေအေကို အပြည့်အဝမကူညီနိုင်တော့လို့ ရခိုင်ပြည်နယ်တွင်းလှုပ်ရှားမယ့် အစီအစဉ်ကို အကောင် အ ထည်မဖေါ်နိုင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်က အေအေနဲ့ တပ်မတော်အကြားဖြစ်တဲ့ တိုက်ပွဲတွေ ပိုမိုစိပ်လာ ပါ တယ်။ ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရာတော်တော်များများမှာ အခြေကုပ်တပ်စခန်းတွေချဲ့ထွင်ဖို့ ကြိုးစား လာတဲ့ ရက္ခိုင့်တပ်မတော်ကို တပ်မတော်က ထိုးစစ်ဆင်တာဖြစ်တယ်လို့ လေ့လာသူတွေက သုံး သပ်ပါ တယ်။
ရခိုင်ပြည်နယ်မှာ ပြန်ဝင်လာဖို့ အေအေက လေးနှစ်ကြာပြင်ဆင်ခဲ့တဲ့အတွက် အတိုင်းအ တာတစ် ခုအထိ အင် အားတောင့်တင်းလာပြီး ဒေသခံလူထုတွေ၊ သက်ဆိုင်ရာမိတ်ဆွေကလည်း ထောက်ခံ ကူညီ တာတွေလည်းရှိလာတဲ့အတွင် အရှိန်ရနေတဲ့ရခိုင်ပြည်နယ်က တိုက်ပွဲဟာ ရေရှည်ဖြစ် သွားနိုင်တယ် လို့ လေ့လာသူတွေက ပြောပါတယ်။နိုင်ငံတကာက ရိုဟင်ဂျာအရေးကို အာရုံစိုက်နေတဲ့အချိန်နဲ့ မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းနေရင်း ရခိုင်ပြည်နယ်ထဲ အေအေရဲ့ အင်အားကြီးထွားလာမှုကို သတိမထား မိတာ လည်း အေအေအတွက် အချက်ကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။အရင်အစိုးရက တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲလုပ်တဲ့ကာလမှာ ရခိုင်အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် သွားလာ ခွင့်ပြုလိုက်တာက အေအေနဲ့ ရခိုင်လူထုအခြေ ပြုအဖွဲ့အစည်းနဲ့ ပိုမိုချိတ်ဆက်မိပြီး ရခိုင်လူထုရဲ့ထောက်ခံ မှုတွေ ပိုရလာတယ်လို့ သုံးသပ်သူတချို့က ဆိုပါတယ်။
ရက္ခိုင့်တပ်မတော် ဘယ်လောက်တောင့်ခံနိုင်မလဲ
အေအေ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ မြန်မာတပ်မတော်ကလည်း စမ်းသပ်ချင်ပုံရတယ်လို့ တချို့က သုံး သပ်ပါတယ်။ စစ်တိုင်းငါးခုမှာ သက်ဆိုင်ရာစစ်ရေးလှုပ်ရှားမှုကို ရပ်လိုက်ကြောင်း တပ်မတော်က ကြေ ညာတာဟာ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကို အချိုသပ်ပြီး အေအေကို ပိုပြီး ထိုးစစ်ဆင်နိုင်အောင် လုပ်တဲ့ လှည့်ကွက်တခုပဲလို့ တချို့ကသုံးသပ်ပါတယ်။တပ်မတော်အနေနဲ့ တကယ်လို့လုံခြုံရေးအရ မောင် တောဒေသကိုချန်လှပ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွေမှာ အပစ်အခတ်ရပ်စဲရေးကြေညာလို့ရတယ်လို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။လေ့လာသူတချို့ကတော့ အေအေကို ထောက်ခံ သူတွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာမကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောထားတိုက်ဆိုင် သူတွေ လည်း ပါဝင်နိုင်တယ်လို့ ယူဆကြတယ်။
ပထဝီအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေဖြစ်ကြတဲ့ ကေအန်ယူ၊ ကေအိုင်အေနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် တွေအားလုံးဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်တွေရဲ့ အကူအညီ၊ နားလည်မှု မရဘဲနဲ့ ရေရှည်ရပ်တည်လို့ မရသလို အေအေလည်း အိမ်နီးချင်းရဲ့ အကြည်အညို၊ နားလည်မှုမရှိရင် ရေရှည်တောင့်ခံနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ထောက်ပြကြ တယ်။အေအေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက မရမာကြီးလူမျိုးတွေရဲ့ အကူအညီ၊ ထောက်ခံမှုတွေရမယ်လို့ မြန်မာ့အရေးလေ့လာသူ ဝါရင့်သတင်းထောက် ဘာတေးလင့်တနာ က ပြောပါတယ်။ အကြောင်းကတော့ မရမာလူမျိုးတွေဟာ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်နေတာကြောင့်လို့ သူကဆိုပါတယ်။တကယ်လို့ ဘင်္ဂလား ဒေ့ရှ် အစိုးရက အေအေကို နှိမ်နှင်းမယ်ဆိုရင်တော့ အေအေရဲ့လှုပ်ရှားမှုက အခက်ကြုံလိမ့်မယ့်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်အရေးကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရဆက်ဆံရေးဟာ အခုချိန်မှာ သိပ်ပြေလည် တာ မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဒေးဗစ်မက်သီဆင် က ထောက်ပြပါတယ်။
အခုချိန်ထိ အေအေ ပစ်မှတ်ထားတိုက်ခိုက်တာက ရိုဟင်ဂျာအသိုင်းအဝိုင်းမဟုတ်ဘဲ မြန်မာတပ်မတော်နဲ့ မြန်မာအစိုးရ ဖြစ်နေတယ်လို့ ဒေးဗစ်မက်သီဆင် က ပြောပါတယ်။ ဒါပေမယ့် အေအေနဲ့ မွတ်ဆလင် လက် နက်ကိုင်အဖွဲ့ဖြစ်တဲ့ အာဆာ ARSA နဲ့တော့ ပတ်သက်မှုမရှိနိုင်ဘူးလို့ သူကပြောပါတယ်။လေ့လာ သူတချို့ ကတော့ တပ်မတော်ဟာ လက်ရှိမှာ အေအေနဲ့ ARSA အဖွဲ့တွေအတွက် ဘုံရန်သူ ဖြစ်နိုင်ပေမယ့် ရခိုင် မြောက်ပိုင်းကို အခြေချထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတဲ့ အေအေနဲ့ ARSA နှစ်ဖွဲ့ရဲ့ အနာဂတ်ကလည်း မေးခွန်း ထုတ်စရာတွေရှိနေတယ်လို့ ဆိုပါတယ်။မြန်မာအစိုးရနဲ့ ဆက်ဆံရေးမှာ အေအေဟာ အခုချိန်မှာ ဘင်္ဂ လား ဒေ့ရှ်အတွက် ဖဲတချပ်လိုဖြစ်နေတယ်လို့ တချို့ကသုံးသပ်ကြတယ်။
အရင်က မောင်တောဘက်က နယ်ခြားစောင့် ရဲစခန်းတွေကို အာဆာ လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက် ခိုက်တာမျိုး ရှိခဲ့ပေမယ့် အတွင်းပိုင်းကျတဲ့ ဘူးသီးတောင်က ရဲစခန်းတွေ တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။အေအေဒီလောက်ထိအင်အားတောင့်တင်းလာတာဟာ အားပေးထောက်ခံ၊ ပံ့ပိုးကူညီတဲ့ အဖွဲ့ အစည်းတွေရှိနေလို့ပဲဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ကေအိုင်အေ အကူအညီနဲ့ ဖားကန့်မှာရှိတဲ့ ရခိုင်ကျောက်တူးသမားတွေကို အေအေတပ်ဖွဲ့ဝင်အဖြစ်စုဆောင်းလာတယ်လို့ သူကဆို ပါ တယ်။ ရခိုင်ပြည်နယ်ကစစ်ရေးလှုပ်ရှားမှုဟာ အေအေကို ကျောထောက်နောက်ခံပေးတဲ့ အရင်း အမြစ်အ ထောက် အပံ့တွေအပေါ်မှာမှုတည်တယ်လို့ သူကပြောပါတယ်။နယ်စပ် လုံခြုံရေးနဲ့ အာဆာရဲ့ ရန်ကို ကာ ကွယ်ဖို့ နယ်စပ်မှာ ရဲအင်အားတွေ တိုးချထားချိန်မှာ အတွင်းပိုင်းကို အခုလို တိုက်ခိုက်ခံခဲ့ရတာတာဟာ နောက်ကျောဓားထိုးခံရတာနဲ့တူပြီး နောက်တရန်ပါ စိုးရိမ်လာရပြီမို့ လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ချင်းပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကလွဲပြီး နောက်ကျောမှာ ပင် လယ်တွေပဲရှိတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်လူထု၊ ချင်းပြည်နယ်၊ အန္ဒိယ နယ် စပ်နဲ့ ဘင်္ဂလားဒေ့ရှ်က အကျိုးတူ ထောက်ခံသူတွေမပါရင် အေအေအနေနဲ့ ရေရှည်အခြေချလှုပ်ရှားဖို့ မလွယ်လှဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။အေအေအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဘယ်လောက်အဆင်ပြေမလဲဆိုတာလည်း မူတည် တယ် လို့ တချို့က ဆိုပါတယ်။ ဒါကိုလည်း တပ်မတော်က အကဲစမ်းချင်ပုံရတယ်လို့ လေ့လာသူတချို့က ပြောပါ တယ်။
No comments:
Post a Comment