" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 21, 2023

ဓားသွားကြွေလို့ လှံလည်းခွေနေပြီဖြစ်တဲ့ အာဏာသိမ်း စစ်တပ်

DVB
December 20, 2023

တပ်ရင်းအလိုက် လက်နက်ချတယ်။ အလံဖြူထောင်လို့ အညံ့ခံတယ်။ မှားမှန်းသိလို့ အလင်းဝင်လာကြတယ်။ ဒါဟာ ယနေ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဖြစ်အပျက်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်တယ်။

ဘာ့ကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ့နှလုံး မသိမ်းကြုံးနိုင်ဘဲ ပြည်သူ့အမုန်း ခံယူနေကြလို့သာ ဖြစ်တယ်။ ပြည်သူတွေကို သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်တာလိုလို ခြိမ်းခြောက်တာလိုလိုနဲ့ လက်နက်ကိုင်ပြီး အ ကြောက်တရား ဖြစ်လာကြမလားလို့ ရက်စက်တဲ့ အပြုအမူတွေနဲ့ ရမ်းကားခဲ့ကြခြင်း‌ကြောင့် ဖြစ်တယ်။ လူငယ် တွေဟာ အချည်းအနှီး အသေမခံလိုဘဲ ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာတွေကို တော်လှန်တိုက်ခိုက်ရင်း အသေခံမယ်ဆိုတဲ့ နိုင်ငံအတွက် ပြည်သူလူထုအတွက် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေချပြီး ယနေ့အထိ စွန့်လွှတ်ခြင်းများ စွာနဲ့ တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်။

ရေသန့်ဘူးလေးဆောင်၊ လက်လုပ် ခနော်ခနဲ့ ဒိုင်းကာလေးကိုင် ခုခံရင်း ငြိမ်းချမ်းစွာ တော်လှန်ရာကနေ အခုဆို သေရဲ‌တဲ့ကောင်ထွက်ခဲ့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ကြီးကို ဒဏ်ရာဗလပွ ဒုက္ခိတသာသာ အကြမ်းဖက်စစ်သား တွေကို တပ်စွဲ စခန်းချထားတဲ့ အပေါက်ဝကနေ လက်နက်ချ အညံ့ခံဖို့ ဖိတ်ခေါ်နိုင်ခဲ့ပြီ ဖြစ်တယ်။

သူတို့က သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်ခဲ့ကြပေမဲ့ ယနေ့တော်လှန်ရေးလူငယ်တွေက မသေချင်ရင် အမြန် ထွက်ခဲ့ကြပါလို့ ဖိတ်ခေါ်တယ်။ ပြည်သူလူထုက မေတ္တာ စေတနာတွေနဲ့ ပေးအပ်လှူဒါန်းထားတဲ့ ဆေးကောင်း ဝါးကောင်းတွေနဲ့ ဆေးကုသပေးတယ်၊ ရေကောင်းရေသန့်ဘူးနဲ့ ရေတိုက်ကာ ဆီးကြိုတယ်၊ လူသားဆန်စွာ ထ မင်းကျွေးလို့ ပြုစုပေးခဲ့ကြတယ်။ ခေါင်းပေါ် လက်နှစ်ဖက်တင် စောင့်စောင့်မထိုင်ခိုင်းဘူး၊ ဖားခုန် ခုန်ပြီး မသွား ခိုင်းဘူး၊ တိရစ္ဆာန်တကောင်လို ဒရွတ်တိုက်ဆွဲမခေါ်ဘူး၊ ဒဏ်ရာရသူတွေကို ပစ်မထားဘူး၊ အိမ်မှာကျန်ခဲ့တဲ့ မိ သားစုဝင်တွေကို ခြိမ်းခြောက် အကျပ်မကိုင်ဘူး၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေကို ရန်သူလို့ မသတ်မှတ် ဘဲ လူသားဆန်စွာ လူလို ဆက်ဆံပေးခဲ့ကြတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျေးလက်တောရွာတွေကိုလည်း စစ်ကြောင်းထိုး၊ မီးရှို့သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ယုတ် မာတဲ့အပြုအမူတွေနဲ့ အကြောက်တရားတွေ ဖြစ်လာအောင် အောက်တန်းကျစွာ လုပ်ဆောင်ခဲ့ကြတယ်။ NUG, PDF နဲ့ ဆက်သွယ်တယ်၊ ပတ်သက်တယ်၊ ထောက်ပံ့တယ်၊ အားပေးတယ်၊ ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မတရားသဖြင့် အနိုင်ကျင့်ခဲ့ကြတယ်။

ကျေးလက်နေ တောသူတောင်သားဆိုတာ ရိုးရိုးသားသား အေးအေးချမ်းချမ်း နေထိုင်လိုသူတွေ ဖြစ်တယ်။ တိုင်း ပြည် ဖွံ့ဖြိုးတိုးတက်နေရင် တောသူတောင်သား လယ်ယာလုပ်သားတွေလည်း လယ်ယာစိုက်ပျိုးလို့ အေးအေး ချမ်းချမ်း နေရမှာဖြစ်တယ်။ မတရားအာဏာသိမ်းမှုကြောင့် တိုင်းပြည် ဖရိုဖရဲဖြစ်ကာ ပြည်တွင်းစစ်မီးအောက် မှာ အလူးအလဲနဲ့ ပြာပုံဘဝရောက်အောင် ဖန်တီးခဲ့ကြသူတွေကို ရှိတဲ့ခွန်အား ရရာလက်နက်ဆွဲကိုင် တိုက်ပွဲဝင် ရင်း အာဏာသိမ်းစစ်တပ် စွပ်စွဲခဲ့သလို PDF ဖြစ်မှန်းမသိ ဖြစ်သွားကြတယ်။

ဒီနေ့ဒီအချိန်မှာတော့ သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ့ကျိန်စာ ပြည်သူ့မေတ္တာ စူးနေကြပြီဖြစ် တယ်။ ကာလဝိဘက်ဆိုတာ နောက်ဘဝမကူးဘူးဆိုတာ ပြနေပါပြီ။ မတရားအာဏာသိမ်းကာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပါ့မယ်လို့ သစ္စာပြုထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နိုင်ငံ့ဝန်ထမ်းပါ ဆိုသူတွေ ပြည်သူကို မျက်နှာမူတယ်ဆိုရင် အခုချိန်ဟာ အခွင့်အခါကောင်းမို့ အမြန်ဆုံး ပြည်သူ့မျက်နှာကြည့် ကြပါ၊ ပြည်သူနဲ့ပူးပေါင်းပါ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြပါ၊ နောင်တခေတ်မှာ သားစဉ်မြေးဆက် အရှက်မရဖို့ စဉ်းစား ဆုံးဖြတ်ကြရမယ့် အချိန်ကျပါပြီ ...။

ပေကြီး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */