" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 28, 2023

အစ္စရေး-ဟားမတ်(စ်) စစ်ပွဲနဲ့ အာဆီယံ အခြေအနေ (သုတေသီတဦး သုံးသပ်ချက်)

VOA
ဗွီအိုအေ မြန်မာပိုင်း
ငြိမ်းချမ်းအေး
၂၈ အောက်တိုဘာ၊ ၂၀၂၃ 

မလေးရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ ပါလက်စတိုင်းဘက်က ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ မြင်ကွင်း

အစ္စရေး-ဟားမတ်စ် အရေး အာဆီယံမှာ သဘောထားကွဲပေမယ့် တူညီတဲ့ သက်ရောက်မှုကတော့ အကြမ်းဖက်မှု အန္တရာယ် ဖြစ်နိုင်ခြေလို့ သုတေသီ တဦးက ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်း ချက်မှာ သတိပေးလိုက်ပါတယ်။ —

အစ္စရေး-ဟားမတ်စ် အရေး ဆက်ကြီးထွားလာပြီး ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းတွေ ပို ထိခိုက် လာမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်ပြီး မတည်မ ငြိမ် ဖြစ်လာနိုင်တယ်လို့ အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ တဦးက သတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ အပေါ် မြန်မာ အာဏာသိမ်း စစ်တပ် အပါအဝင် ဒေသတွင်းက ရှုမြင်ချက် နဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အပေါ် အာဆီယံ နိုင်ငံတွေရဲ့ တုံ့ပြန်ချက်က သိသိသာသာကို ကွဲပြားနေတာ ပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းလို မွတ်ဆလင်အများစုရှိတဲ့နိုင်ငံတွေရဲ့ ပါလက်စတိုင်းဘက်က ရပ်တည်ချက်၊ စင်္ကာပူလို အစ္စရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှု မြင့်မားတဲ့ နိုင်ငံတွေက ဟားမတ်စ် အ ပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်မှုကို ထောက်ခံချက်၊ တဖက်မှာလည်း ကြားနေ  သဘောထားရှိ ပြီးလူ သား ချင်းစာနာမှု အရေးကို ပြောတဲ့ နိုင်ငံတွေဆိုပြီး အကြမ်းဖျင်း ၃ မျိုး ကွဲနေပါတယ်။ သြစတြေးလျ အခြေစိုက် လွတ်လပ်တဲ့ သုတေသန အဖွဲ့တခု ဖြစ်တဲ့ သုတေသီ၊ Lowy Institute၊ အရှေ့တောင် အာရှ အစီအစဉ်ရဲ့ သုတေသီ ဒေါက်တာ Rahman Yaacob (ရာမန် ယာကုပ်) ကတော့ အစ္စရေး-ဟားမတ်စ် အရေးမှာ “အာဆီယံရဲ့ ရပ်တည်ချက်” ဆိုတာမျိုး မရှိဘဲ တနိုင်ငံချင်း ကိုယ့် အကျိုးစီးပွား အပေါ် မူတည်ပြီး သဘောထားတွေ ရှိကြတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့်ဘုံတူညီတဲ့သက်ရောက် မှုကတော့ အရှေ့အလယ်ပိုင်းအရေးဟာ အရှေ့တောင်အာရှ လုံခြုံရေး ကဏ္ဍ အပေါ် ရိုက်ခတ်လာနိုင် ခြေဖြစ်တယ်လို့ ဆိုပါတယ်။

“အရှေ့အလယ်ပိုင်းပြဿနာ ဆက်ရှိနေရင်၊ ပါလက်စတိုင်း အသေအပျောက် ပိုများလာရင် ကျနော်စိုး ရိမ်တာက အရှေ့တောင်အာရှမှာ အကြမ်းဖက်ဝါဒ တိုးလာနိုင်တဲ့ အလားအလာ ရှိနေမှာကို စိုးရိမ်ပါ တယ်။ 9/11 လွန်ကာလကို ပြန်သွားကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေသအနှံ့မှာ စစ် သွေးကြွအဖွဲ့တွေ အများအပြားရှိနေပေမယ့် တကယ်တော့ သူတို့က လှုပ်ရှားမှု သိပ်မရှိကြပါဘူး။ ဒါ ပေ မယ့် အရှေ့အလယ်ပိုင်း အကျပ်အတည်းက အချိန်ကြာလာရင် ဂါဇာကမ်းမြောင်မှာ အသေအ ပျောက် အရေအတွက်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နေတာနဲ့အတူ စစ်သွေးကြွအဖွဲ့တွေနဲ့ ဒေ သတွင်းက မွတ်ဆလင် အများအပြားရဲ့ ခံစားချက်တွေ ရှေ့တန်းရောက်လာနိုင်ပါတယ်။ အစ္စရေးနဲ့ အမေရိကန် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ဒေသတွင်းအနှံ့ ပစ်မှတ်ထားနိုင်ပါတယ်။”

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */