" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 10, 2022

ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

RFA
Radio Free Asia
2022.07.09
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်ကနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေးကို တွေ့ရစဉ် Photo: FABRICE COFFRINI / AFP
 
 သက်ဆိုင်ရာ နိုင်ငံမပါဘဲ ရိုဟင်ဂျာအရေးကို ဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဇွန်လ ၁၃ ရက်ကနေ့ကနေ ဇူလိုင် ၈ ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅၀) မြောက် အစည်းအဝေး မှာ ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်းစုတွေ လူ့အ ခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါတွေကို စစ်ကောင်စီက ကန့်ကွက်လိုက်တာပါ။

လူ့အခွင့်အရေးကောင်စီရဲ့ အပြုအမှုဟာ လူမျိုးဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စိတ်ဝမ်းကွဲပြီး မယုံ ကြည်မှုဖြစ်စေဖို့ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့လည်း စစ်ကောင်စီ က စွပ်စွဲထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်တုန်းက နေရပ်စွန့်ခွာမှုကို ဖြစ်စေခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ ဇား စခန်းမှာ လှုပ်ရှားနေတဲ့ ARSA အဖွဲ့တွေက နေရပ် ပြန်နိုင်ရေး လိုလားသူတွေကို သတ်ဖြတ်နေတာတွေ ကိုတော့ ဖုံးကွယ်ထားတယ်လို့ ထည့်သွင်းစွပ်စွဲထားပါတယ်။

စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုသလို အပြင်းအထန် ကန့်ကွက်တယ်လို့ လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့တဲ့ စာရွက်စာတမ်း အမှတ် A/HRC/ 50/ L.21 ပါ ဆုံးဖြတ်ချက်အဆို (မူကြမ်း) ထဲမှာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဂုဏ်သိက္ခာကိုထိပါးတဲ့ အသုံးအနှုန်း များစွာ ပါဝင်နေတာကြောင့် အဲဒီမူကြမ်း တစ်ခုလုံးကို ကန့်ကွက်ပယ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အဲဒီအစည်းအဝေးအတွင်း ဇွန် ၃၀ ရက်နေ့က မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်သွင်း ဆွေးနွေးမှုကိုလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ စာထုတ်ပြန် ကန့်ကွက်ခဲ့ ပါ တယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */