By ဒီဗွီဘီ
25 March 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု သာဂရ-ကိုးပင်လမ်း၊ ၆ မိုင် သစ်တောစစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၄ ရက်နေ့ နေ့လယ်က ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်တောဝန်ထမ်းများ၊ ရေတာရှည်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနဲ့ သစ်တောဝန်ထမ်းတွေဟာ သာဂရ-ကိုးပင်လမ်းမှာ တရားမ ဝင်သစ်တွေ ဖမ်းဆီးနိုင်ရေးရေး နယ်မြေရှင်းလင်းရာကနေ မကွေးတိုင်းဒေသကြီးဘက်က မောင်းနှင်လာတဲ့ 9C/8257 GRANVIA မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာက ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်မောင်းစောထွန်း ကျော်စိုးလင်း၊ မသော်တာထွေးတို့နဲ့အတူ တရားမဝင် ဝင်ရောက်လာတဲ့ ဘဂါၤလီ ၂၅ ဦးတို့ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သာဂရနယ်မြေရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
တရားမဝင် ဘင်္ဂါလီတွေကို သယ်ဆောင်လာတဲ့ ယာဉ်မောင်း စောထွန်းအပါအဝင် ၃ ဦးကို သာဂရ နယ် မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၇ (လူကုန်းကူ) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သားကြီး(တောင်ငူ)
Link : Here
No comments:
Post a Comment