" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 27, 2019

AA က ဖမ်းသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့စခန်း မှူး ပြန်လွတ်လာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-27

ရက္ခိုင့်တပ်မတော် AA ဖမ်းဆီးသွားခဲ့တဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာစဉ်

အခုလ ၂၂ ရက်နေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် AA ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပလက်ဝမြို့နယ် သံတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ ပြန်လည်လွတ်မြောက်လာပြီး ဒီနေ့ ညနေ ၅ နာရီခန့်မှာ သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသူတွေကို ရက္ခိုင့်တပ်မတော် AA က ဒေသခံ သင်းအုပ်ဆရာတွေနဲ့ ရပ်မိရပ်ဖတွေ စုဝေးပြီး ပြန်လာခေါ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွာကိုအကြောင်းကြားခဲ့ပြီး ရွာခံလူကြီးတွေက မနေ့က ပြန်သွားခေါ်ခဲ့တာ ဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က RFA ကို ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက ခူးချောင်းရွာစပ်က တောထဲမှာ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရွာခံတွေက သွား ရောက်မခေါ်ဆောင်ခင်မှာ စိုးရိမ်မှုတွေရှိတဲ့အတွက် သွားရောက်ခေါ်ဆောင်ဖို့ သင့်၊ မသင့် အစိုးရ အဖွဲ့ထံ အကြံဥာဏ်တောင်းခံခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့ဖမ်းဆီးခံခဲ့ရစဉ် အခုလ ၂၄ ရက်နေ့မှာ ရွာသားတွေက သံတောင်ကျေးရွာတွင်းမှာရှိတဲ့ ဘုန်းကြီး ကျောင်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖမ်းဆီးခံရစဉ် ကြုံတွေ့ရတဲ့ အခြေအနေတွေကို သိနိုင်ဖို့ ဖမ်းဆီးခံခဲ့ရတဲ့ သံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ ဒုရဲအုပ်ဆလိုင်းဘီးဖာ တို့ကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

https://www.rfa.org/burmese/news/aa-arrested-people-free-02272019073758.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */