Tuesday, February 19, 2019

ပလက်ဝ က စစ်ရှောင် ၁၁ ဦးနဲ့ အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်းအက်ဥပဒေနဲ့ စွဲချက်တင်


ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခုဖေဖေါ်ဝါရီလ(၁၉)ရက် 

ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာက စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၁၁ ယောက် အပါအဝင် ရခိုင် ပြည်နယ် ကျောက်တော်မြို့က အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်း (အက်) ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့နဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်တော်မြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

 "မနေ့က တရားစွဲတင်တာ၊ ဖမ်းတုန်းက ၂၆ ယောက်ပါ။ ၁၃ ယောက်ကို ၁၇ (၁)၊ ၁၇ (၂) နဲ့ စွဲတင်တယ်။ ဖမ်းဆီးထားသူတွေရဲ့ လက်ထဲကတော့ ဘာမှမိတာ မရှိဘူး။ 


ရဲတပ်ဖွဲ့နဲ့ စအဖ အဖွဲ့ရဲ့ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားစွဲတင်တာ" လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေး နေတဲ့ အထက်တန်းရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာသား စစ်ဘေးရှောင် ၂၄ ယောက်နဲ့ အတူ ကျောက်တော်က အိမ်ရှင် ဇနီးမောင်နှံဖြစ်တဲ့ ကုန်သည် ဦးသိန်းစိုးနဲ့ ဒေါ်လှလှရီတို့ကို ဖေဖော်ဝါရီလ ၃ ရက်က ကျောက်တော် ရဲစခန်းက ဖမ်းဆီးခဲ့တာပါ။သူတို့တွေကို ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။

 ၂၆ ယောက်ထဲက ကျန် ၁၃ ယောက်ကိုတော့ ခံဝန်ချက်နဲ့ အာမခံပေး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */