မြန်မာတိုင်းမ်အပတ်စဉ်
တိုးဝေအောင်
24 Feb 2019
ဖမ်းဆီးရမိသူသုံးဦးကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ကျပ်သိန်းပေါင်းနှစ်သောင်းဖိုးခန့်ကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၁၂ နာရီခန့်တွင် မောင်တောမြို့နယ် နယ်မြေ(၅) နတ်မြစ်အတွင်း လုံခြုံရေးတပ် ဖွဲ့ဝင်များက ရေယာဉ်ဖြင့်လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ ဆာလာအိတ်သုံး အိတ် နှင့်အတူ ဖြတ်ကူးနေသည့် မောင်တောမြို့ရေတွင်းပြင်ကျေးရွာနေ မိုဟာမက်အာလီ (၃၃)နှစ်အပါအဝင် သုံးဦးတို့ကို တွေ့ရှိစစ်ဆေးခဲ့သည်။
၎င်းတို့နှင့်အတူတွေ့ရသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွဆေးပြား ၉၆၅၂၅၀ ပြား (ကျပ် ၁၉၃၀၅ သိန်းဖိုး)ကို ဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ကြိမ်ချောင်းနယ်မြေရဲစခန်းက မူးယစ်(ပ)၂/၁၉၊ မူးယစ်ဥပဒေပုဒ်မ ၁၉(က)/ ၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စုံစမ်း လျက်ရှိသည်။
Link : Here

No comments:
Post a Comment