Friday, February 15, 2019

အထက်မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၄၃ ဦး ဖမ်းဆီးရမိ

DVB
By ဒီဗွီဘီ
15 February 2019 
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေနံမ ရဲစခန်း အပိုင်နယ်မြေအတွင်း တောထဲပုန်းခိုနေတဲ့ အထောက်ထားမယ့် ဘင်္ဂါလီ ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် ညက တောထဲမှာ ပုန်းခိုနေတဲ့ အထောက်အထားမရှိတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးရမိ ခဲ့တာလို့ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းကပြောပါတယ်။

“ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖမ်ဆီးရမိခဲ့တဲ့ ဘင်္ဂလီ ၁၆ ဦးက တောထဲမှာ ၄၃ ဦး ကျန်ရှိနေတယ်လို့ စစ် aဆးပေါ်ပေါက်တဲ့အတွက် ကျေးရွာ လူငယ်အဖွဲ့တွေနဲ့ ပူးပေါင်း ရှာဖွေခဲ့တာပါ။ ဖေဖော်ဝါရီ ၁၃ ရက်ညက ပူးပေါင်းအဖွဲ့က ဝက်သွယ်ကျေးရွာအနီး တောထဲကနေ အထောက်ထားမဲ့ ဘင်္ဂလီလူမျိုး ၄၃ ဦးဖမ်း ဆီး ရမိခဲ့တာပါ။”

အဆိုပါ အထောက်ထားမဲ့ ဘင်္ဂါလီတွေကို ဖေဖော်ဝါရီလ ၁၄ ရက်မနက်ပိုင်းက မင်းလှမြို့နယ် လဝကကို ပို့ဆောင်ပြီး  မှတ်ပုံတင်ဥပဒေနဲ့ အရေးယူထားပါတယ်။

မင်းလှမြို့နယ်အတွင်း အထောက်ထားမရှိတဲ့ ဘင်္ဂါလီတွေ ဆက်တိုက်ဝင်ရောက်နေတဲ့ အတွက် ရခိုင်ရိုးမနဲ့ ဆက် စပ်နေတဲ့ ကျေးရွာတွေမှာ အဖွဲ့ခွဲပြီး ပိတ်ဆို့ ရှာဖွေစစ်ဆေးနေပါတယ်။

အဆိုပါ ဘင်္ဂါလီလူမျိုး ၄၃ ဦးဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ ပွဲစားတွေက ခေါ်ဆောင်လာ တာဖြစ်ပြီး ထွက်ခွာရမယ့်အချိန်မှာ ပွဲစားရောက်မလာလို့ လူစုကွဲပြီး တောထဲမှာ ကျန်နေခဲ့တာလို့ ပြောပါ တယ်။

မင်လှမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ဖေဖော်ဝါရီ ၁၄ရက်အထိ အထောက်ထားမဲ့ ဘင်္ဂါလီ ၂၂၈ ဦးနဲ့  လိုက်ပါ ပို့ဆောင်သူ ၁၉ ဦး ဖမ်းဆီးအရေးယူခံထားရပါတယ်။

သတင်း-မင်းထီး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */