Sunday, July 28, 2019

ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ လူငယ် ၁ဝ ဦးကို ဖမ်းဆီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-28
ponnagyun-signboard-622
Photo: RFA

 ရခိုင်ပြည်နယ် ရ‌သေ့‌တောင်‌ကနေ ပုဏ္ဏားကျွန်းမြို့ကိုသွားတဲ့ ကားတစ်စီးပေါ်ကနေ လူငယ် ၁ဝ ဦးနဲ့ ယာဉ် မောင်း တစ်ဦးကို ဇူလိုင်လ ၂၇ ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁ဝ တန်း ကျောင်း သားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦးလည်း ပါဝင်ပါတယ်။

အဲဒီကလေးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂ဝ ရက်နေ့တုန်းက မယူမြစ်ထဲမှာရှိတဲ့ တပ်မတော် ရေတပ်သင်္ဘော သုံးစီးကို AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တစ်ရွာလုံး ကြောက်လန့်ထွက်ပြေး လာ ကြတဲ့ အထဲမှာ ပါဝင်ကြတာဖြစ်ပါတယ်။

ဒီကလေးနှစ်ဦး ဖမ်းဆီးစစ်ဆေးနေတာနဲ့ပတ်သက်ပြီး သူ့မိသားစုဝင်တွေကို ရဲတပ်ဖွဲ့က မနေ့တုန်းက အေ ကြာင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အကြောင်းကြားတဲ့အတွက် ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမောင်ကျော်သန်းဟာ သူသား နှစ် ယောက်နဲ့တွေ့ဖို့ ဒီနေ့နေ့လယ်မှာ ပုဏ္ဏားကျွန်းရဲစခန်းကို သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မပေးခဲ့ဘူးလို့ ဦးမောင်ကျော်သန်းက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ တစ်နာရီကျော် နှစ်နာရီလောက်သွားလိုက်တော့ စခန်းမှူးက ကျနော် စစ်တွေကို ရောက်နေတယ်၊ ကလေးတွေနဲ့ တွေ့ချင်တယ်ပြောတော့ ကလေးတေ့ွနဲ့ တွေ့လို့မရသေးဘူး ကလေးတွေကို စစ် ဆေးနေတယ် အဲလိုပြောတယ်၊ အစားအသောက်တွေ ပေးချင်ရင်လည်း စခန်းမှာပေးခဲ့လို့ပြောတယ်၊ မိဘေ တွကတော့ စိုးရိမ်တာပေါ့ဗျ၊ ကလေးတွေနဲ့ တွေ့ချင်တာပေါ့၊ တစ်ခုခုဖြစ်မှာ တစ်ခုခုလုပ်မှာစိုးတဲ့အတွက် ကလေးတွေကို တအားတွေ့ချင်နေတာ”

ဖမ်းဆီးခံ ရခိုင်လူငယ်တွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက ကူညီဆောင်ရွက် ပေးနေတယ်လိ့ု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“အန်ကယ်တို့ကလည်း သူတိ့ုကို ပါတီရုံးကိုလွှတ်ထားတယ်၊ ရဲစခန်းမှာ ကလေးတွေနဲ့ တွေ့ဆုံခွင့်ရဖို့၊ ထ မင်းတွေစားစရာတွေ ပို့ခွင့်ရဖို့၊ အခွင့်အရေးတွေ တောင်းဆိုဖို့၊ အန်ကယ်တို့ကတော့ အဝေးမှာရောက်နေ လို့”

ပုဏ္ဏားကျွန်းမြို့နယ်မှာ ခရီးသည်ကားတွေကို တားဆီးစစ်ဆေးတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

ဖမ်းဆီးခံ ရခိုင်လူငယ် ၁၁ ဦးကို စစ်တွေမြို့ကို ရွေ့ပြောင်းစစ်ဆေးနေတယ်လို့လည်း သတင်းတွေ ထွက် ပါ်နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမောင်မောင်စိုးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးရှိတယ်ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ဖမ်းဆီးခံကလေးတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းဆောင်ရွက်ဖိ့ု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ပြောပါတယ်။

“တည်ဆဲဥပဒေကို လေးစားလိုက်နာဖို့လိုတယ်၊ သူတို့မိသားစုဝင်တွေကို တရားဝင်အကြောင်းကြားဖို့ အဲဒါ တွေလိုအပ်တယ်၊ ဖမ်းတာနဲ့ အကြောင်းကြားပေးရမယ်၊ အခုဆို သူတို့လုံခြုံရေးကို မိသားစုက စိုးရိမ်နေ ရ တယ်၊ ဆိုးဆိုးဝါးဝါးဖြစ်သွားတာလည်း ရှိတော့လေ”

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင် လို့  သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထား ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */