RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုသီဟထွန်း
2019-03-31
အစိုးရတပ်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးအပါအဝင် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
ကိုသီဟထွန်း
2019-03-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ်
တဆက်တည်းမှာပဲ မတ် ၂၉ ရက်နေ့က ရန်ကုန်မြို့က အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ချင်းပြည်နယ် မတူပီနဲ့ ရှမ်းပြည်နယ် သိန္နီမြို့နယ်ကို ခရီးသွားလာဖို့ ပြန်လည်စဉ်းစားသင့်တဲ့ အဆင့် ၃ အဖြစ် သတ်မှတ် ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဗျူရိုရဲ့ မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက် မှာ တော့ ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ်တွေဟာ ခရီးသွားလာဖို့ မသင့်တဲ့ ဒေသ အဆင့် ၂ အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။
Link : Here
No comments:
Post a Comment