Sunday, April 14, 2019

မြန်မာ အရာရှိတွေကို အရေးယူမယ့် ဥပဒေ ဂျူး ညွန့် ပေါင်းအဖွဲ့ ထောက်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-14

နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
 
  ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော် အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုခဲ့တာကို (Jewish Rohingya Justice Network - JRJN) ဂျူး ရိုဟင်ဂျာ တရားမျှတမှု ကွန်ရက်လို့ အမည်ပေးထား တဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံကြိုဆို လိုက်ပါတယ်။

အဲဒီ အဖွဲ့ရဲ့ ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ (Burma Human Rights and Freedom Act- မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လွတ်မြောက်ရေး ဥပဒေ) ကို ပြန်လည်ပြဌာန်းဖို့ အထက်လွှတ်တော် အမတ် ၁၄ ဦးက ကြာသပတေးနေ့မှာ အဆိုပြုခဲ့တာကို ထောက်ခံကြောင်း၊ မြန်မာ့တပ်မတော်ဟာ လူမျိုး တုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း၊ ရိုဟင်ဂျာလူမျိုးတွေ အခုလို နှိပ်စက်ခံရမှုတွေဟာ မိမိတို့ ဂျူး လူမျိုးတွေရဲ့ အတိတ်သမိုင်းကို ထင်ဟပ်နေကြောင်းနဲ့ ဒီပဋိပက္ခ အဆုံးသတ်ရေးအတွက် မိမိတို့အားလုံး တညီတညွတ်ရှိကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */