Friday, March 29, 2019

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့ ကြောင်း သမ္မတရုံးပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-29
 နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်

ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ တိုက် ပွဲပေါင်းတစ်ရာကျော်၊ မိုင်းပေါက်ကွဲမှု ၄၄ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်း စာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇ ယောက်နဲ့ အရပ်သား ၁၂ ဦး- စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲ မဟုတ်ဘဲ သာမန်အချိန်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ အပါအဝင် အရပ်သား ခြောက် ဦးကို ရခိုင့်တပ် မတော် AA က သတ်ဖြတ်ခဲ့ပြီး၊ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

AA ကိုအမြစ်ဖြတ်ချေမှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံက ညွှန်ကြားပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားပြီး အင်တာနက်အွန်လိုင်းမှာ လူမျိုးရေးပဋိပက္ခအသွင်နဲ့ ဝါဒဖြန့်နေတာတွေကို အစိုးရက ဘယ်လို ဖြေရှင်းသွားမလည်းဆိုပြီးသ တင်း ထောက်တစ်ဦးက မေးမြန်းရာမှာ… ရခိုင်ပြည်နယ်အရေး ကော်မရှင် ဖွဲ့စည်းထားပြီး အဲ့ဒီကော်မရှင်ကနေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ထင်ကြောင်း ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော် AAနဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၇ဝဝဝ ကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို အစိုးရက အကူအညီပေးဖို့ ရှိမရှိမေးမြန်းရာမှာတော့… လက်တလော ဒုက္ခ သည်စခန်းတွေဟာ ပြန့်ကျဲနေတာကြောင့် အကူအညီပေးဖို့ အခက်အခဲဖြစ်နေပြီး၊ ဆက်သွယ်ရေး ကောင်း တဲ့နေရာတွေကို စနစ်တကျထားပြီး အရပ်ဘက်အဖွဲ့တွေ၊ NGO အဖွဲ့တွေနဲ့ အစိုးရပူးပေါင်းပြီး ကူညီပေး မယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

တစ်ချိန်ထဲမှာပဲ ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံစီမံကိန်းကို လာမယ်နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်ပြီး ပန္နက်သွားရိုက်မယ့် သတင်းတွေထွက်ပေါ်နေတဲ့အတွက် မြစ် ဆုံစာချုပ်နဲ့ပတ် သက်လို့ အစိုးရက ဆောင်ရွက်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးမေးရာမှာ…. ဒီကိစ္စ လုံးဝ မဟုတ်ကြောင်းနဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး ပြည်သူတွေကို သိသင့်တဲ့အချိန်မှာ ချပြမယ်လို့ ဦးဇော်ဌေးက ပြောဆိုသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */