Sunday, March 24, 2019

ရခိုင်ပြည်ပဋိပက္ခကို ဖြေရှင်းဖို့ မှန်ကန်တဲ့မူဝါဒချဖို့ လိုတယ်လို့ မြောက်ဦးအမတ် ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ

2019-03-24
                                 ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကို တွေ့ရစဉ်
                                                                                            Photo: RFA  


 ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး ဖြေရှင်းလို့ ရနိုင်ကြောင်း ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားလိုက် ပါတယ်။

RFA က ဒီကနေ့ ထုတ်လွှင့်တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဦးဦးလှစောက အခုလို ပြောကြားလိုက် တာ ဖြစ် ပါတယ်။
ရခိုင်ပြည်နယ်က လူငယ်ထုအတွင်း ဒီမိုကရေစီစနစ်ကို ယုံကြည်မှုနည်းပါးလာပြီး လက်နက်ကိုင် တိုက်ပွဲ ဝင်လိုတဲ့ အစွန်းရောက်အတွေးအခေါ်တွေ ဝင်ရောက်လာရတာဟာ လက်ရှိ NLD အစိုးရ ခေါင်းဆောင် တွေရဲ့ အောက်ခြေပြည်သူလူထုနဲ့ ကင်းကွာမှုကြောင့် ပါဝင်သလို ခေတ်အဆက်ဆက် အစိုးရတွေက ကျင့် သုံးခဲ့တဲ့ မူဝါဒမှားယွင်းမှုတွေကြောင့်လည်းဖြစ်တယ်လို့ ၁၉၇၅ ခုနှစ် ရန်ကုန် စက်မူတက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးဦးလှစော က ပြောပါတယ်။

ကြီးမားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စတဲ့ ဖြေရှင်းရမယ့် ပြဿနာတွေ အများအပြားရှိနေကြောင်း၊ ဒီများပြားလှတဲ့ ပြဿနာတွေ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း၊ လက် ရှိ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးအရသာ အဖြေရှာရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားတွေကြား အနီးဆုံးဖြစ်တဲ့ ရခိုင်နဲ့ဗမာတွေကြား ညီအစ်ကိုအရင်းတွေလို ပြေလည် အောင် မဖြေရှင်းဘဲ အမြစ်ပြတ်ချေမှုန်းဖို့သာ ကြိုးစားမယ်ဆိုရင် စစ်နိုင်သော်လည်း စစ်ဒဏ်ရာအရ ကျန်ခဲ့ မယ့် စိတ်ဒဏ်ရာတွေက အလွယ်တကူပြေပျောက်ဖို့ မလွယ်ကူတဲ့အကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ညီအစ်ကိုအရင်းလို သဘောထားပြီး ဆွေးနွေးသင့် ကြောင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း တတ်သိပညာရှင်တွေ၊ နိင်ငံရေး သမာသမတ်ကျ သူတွေပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့ပြီး မှန်ကန်တဲ့မူဝါဒနဲ့ နည်းမှန်လမ်းမှန် ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ဒီပြဿနာ ဟာ ပြေလည်သွားမှာဖြစ်ကြောင်းလည်း ဦးဦးလှစောက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်တဲ့ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို RFA Website နဲ့ Face book စာမျက်နှာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */