မြန်မာ့အလင်း
စစ်တွေ မေ ၁၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
ဒေသနေပြည်သူများ အကျိုးရှိနိုင်

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားသို့ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ၊ အထူးဖိတ် ကြားထား သည့်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်နယ်
အစိုးရအဖွဲ့ဝင်များ၊ တိုက်ပွဲရှောင်စုရပ် များမှ ကိုယ်စားလှယ်များ၊
လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်မည်
အခမ်းအနားတွင်
ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က
ရခိုင်ပြည်နယ် အ တွင်းဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ နှင့် ပတ်သက်သည့်
အချက်အလက် များကိုရယူပြီး အဆို ပါပဋိပက္ခများကို ဖြေလျှော့ပေးနိုင်ရန်နှင့်
တည်ငြိမ်အောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေတို တွင် မည်
သို့ဆောင်ရွက်သင့်သည်၊ ရေရှည်တွင် မည်သို့ဆောင်ရွက်ရမည် စသည့်
အချက်အလက်များကို ပြည် ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်
သွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်အ တွင်း သံဃာ
တော်များ၏ဩဝါ ဒကိုခံယူပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ အပါ အဝင် လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများ၊
လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ၏ ဆွေးနွေးတင်ပြချက်များသည်
ရခိုင် ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခ များအတွက် ဖြေရှင်းရန်
ကောင်းမွန်သည့် အချက်အလက်များ ဖြစ်သည့်အတွက် ကြားဖြတ်အစီရင်ခံစာကို
ရေးသားတင်ပြ ခဲ့ပါ ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက်
ရှေ့ဆက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါ ကြောင်း၊ အထူးသဖြင့်
တိုက်ပွဲရှောင်များ နှင့်ပတ်သက်၍ မိုးမကျမီ အမိုးအကာ အောက်ရောက် ရှိရေး
တင်ပြခဲ့ရာ စခန်း များတွင် အဆောက်အအုံများ အမြန် ဆောက်လုပ်သွားမည်
ဖြစ်ပါကြောင်း၊ တိုက် ပွဲရှောင်ပြည်သူများအတွက် စား သောက်ရေးကို
ထောက်ပံ့ကူညီပေးသွား မည် ဖြစ်ပြီး ကျန်းမာရေး စောင့် ရှောက်မှု
လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ဒေသနေပြည်သူများ အကျိုးရှိနိုင်
ပဋိပက္ခဖြစ်ပွားမှုများကို
မည်သည့် နည်းဖြင့် ပြေလျော့စေမည်၊ မည်သည့် နည်းဖြင့် ပြေငြိမ်းအောင်ဆောင်
ရွက် နိုင်မည်စသည်တို့ကို အကြံပြုတင်ပြ ဆွေးနွေးနိုင်မည်ဆိုပါက နိုင်ငံတော်
အစိုးရ၊ ပြည်နယ်အစိုးရ၊ ကော်မတီနှင့် ဒေသနေပြည်သူများအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ တင်ပြ ဆွေးနွေးကြရာ တွင် အချက်အ လက်များ
ဖြင့် တင်ပြဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် စေတနာမေတ္တာများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တည်ငြိမ် အေး ချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက် မည်ဆိုပါက ပိုမို အောင်မြင်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက် ရောက်လာကြသည့် တိုက်ပွဲရှောင်စုရပ် များမှ ကိုယ်စားလှယ်များက ပြည် နယ် အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ နှင့် စပ်လျဉ်းသည့် သဘောထားအမြင် များကို ဆွေး နွေးတင်ပြကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က တိုက်ပွဲရှောင်စုရပ်များမှ ကိုယ်စားလှယ် များအား တစ်လစာ ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ပူးပေါင်းကူညီဆောင်ရွက်ပေး
ယင်းနောက် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အကြံပြုဆွေးနွေး တင်ပြကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ထောက်ပံ့ငွေများနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု ရှိရ မည် ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများ တည်ဆောက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ ပွင့်လင်းစွာ ကြေညာဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ချက်ချင်းဆောင် ရွက်ပေးရ မည်များရှိသကဲ့သို့ တင်ပြဆောင်ရွက်ရ မည်များလည်း ရှိပါကြောင်း၊ ထပ်မံဖွဲ့ စည်း ထားသည့် ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြုအဖွဲ့ အား ပူးပေါင်းကူ ညီဆောင် ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေပေးအပ် ခြင်း အခမ်းအနားတွင် ရသေ့ တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင် မြို့နယ်တို့မှ တိုက် ပွဲရှောင်အိမ်ထောင်စု ၇၂၅၇ စု၊ လူဦးရေ ၂၉၈၃၉ အတွက် တစ်လစာ ရိက္ခာဆန်ထောက်ပံ့ငွေ ကျပ် ၂၆၈၅ ဒသမ ၅၁ သိန်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ပို့ဆောင်နှုတ်ဆက်
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူ ပြု ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင် သည့်အဖွဲ့သည် မြန်မာအမျိုးသား လေကြောင်းဖြင့် စစ် တွေမြို့မှ ရန်ကုန် မြို့သို့ ပြန်လည်ထွက်ခွာရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်

Link : Here
No comments:
Post a Comment