" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2018

( 07.02.2018 ) ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ သံတမန် များနှင့် ကုလသမဂ္ဂ ဒေသ ဆိုင်ရာ ကိုယ်စား လှယ် ရုံး ယာယီ တာဝန်ခံတို့ ရခိုင်ပြည်နယ်တွင် ကွင်းဆင်းကြည့်ရှု ( အင်္ဂလိပ် - မြန်မာ )



ပည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ သံတမန်များနှင့် ကုလသမဂ္ဂ ဒေသဆိုင်ရာ ကိုယ်စား လှယ် ရုံး ယာယီတာဝန်ခံတို့ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံရေးနှင့် ပြန် လည် နေ ရာချထားခြင်းတို့အတွက် စီမံဆောင်ရွက် ထားရှိမှုများအား နိုင်ငံတကာ အသိုက်အဝန်းသို့ မှန်ကန်တိ ကျသော သတင်း အချက်အလက်များ မျှဝေပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု

စစ်တွေ ဖေဖော်ဝါရီ ၆



ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော် အစိုးရ၏ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုင်ငံတကာ အသိုက်အဝန်းသို့ မှန်ကန်တိကျသော သတင်းအချက်အလက်များ မျှဝေပေးနိုင်ရေးအတွက် ရန်ကုန်မြို့အခြေစိုက် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂဒေသဆိုင်ရာ ကိုယ်စားလှယ်ရုံး ယာယီတာဝန်ခံ၊ ပြည်ပသတင်းထောက်များ နှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ကွင်းဆင်းကြည့်ရှုသည်။

စစ်တွေမြို့ ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းဦးဆောင်သည့် ရန်ကုန်မြို့အခြေ စိုက် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံတမန် များ၊ ကုလသမဂ္ဂဒေသဆိုင်ရာ ကိုယ်စား လှယ်ရုံး ယာယီတာဝန်ခံနှင့် ပြည်ပ သတင်းထောက်များ သည် ယနေ့နံနက် ၁ဝနာရီ ၁၅ မိနစ်တွင် လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိ ကြ သည်။

ကြိုဆိုနှုတ်ဆက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း ဦးဆောင်သည့်အဖွဲ့အား ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည် နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ကြိုတင်စီမံ

စစ်တွေလေဆိပ် ဧည့်ခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံတ မန် များနှင့် ကုလသမဂ္ဂဒေသဆိုင်ရာ ကိုယ်စား လှယ်ရုံး ယာယီတာဝန်ခံတို့အား ရခိုင် ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွား သူများအား ပြန်လည်စိစစ်လက်ခံရေး နှင့် ပြန်လည်နေရာ ချထားရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ညှိနှိုင်းဆောင် ရွက်နေမှု အခြေအနေများ ဖြစ်သည့် ပြန်လည်စိစစ်လက် ခံခြင်း လုပ်ငန်း များဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေမှု၊ ပြန်လည် ဝင်ရောက်လာမည့် သူများအား စနစ် တကျမှတ်တမ်းတင်၍NVCကတ်များထုတ်ပေးရန် ဆောင် ရွက်ထားရှိမှု၊ ယာယီတည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာများ အတွက် နိုင်ငံ တော်အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ကြိုတင်စီမံဆောင်ရွက်ပေးထားမှုအခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ဝိုင်းဝန်းကူညီ

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံတမန်များ၊ ကုလသမ ဂ္ဂဒေသ ဆိုင်ရာ ကိုယ်စားလှယ်ရုံး ယာယီ တာဝန်ခံတို့အား ကြိုဆိုပါကြောင်း၊ ရခိုင်ပြည်နယ်၏ ပကတိအခြေ အနေမှန်များကို သိရှိပြီး နိုင်ငံတကာအသိုက်အဝန်းသို့ မှန်ကန် တိကျသော သတင်းအချက်အလက်များ မျှဝေပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြ ရန်နှင့် နေရပ်စွန့်ခွာသူများအား ပြန်လည် စိစစ်လက်ခံရေး၊ ပြန်လည်နေရာ ချထား ရေးတို့ကို နှစ်နိုင်ငံ သဘောတူညီချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင် ရွက်ပေးကြရန် ပြောကြား သည်။

လှဖိုးခေါင် ကြားစခန်းရောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂဒေသဆိုင်ရာ ကိုယ်စားလှယ် ရုံး ယာယီတာဝန်ခံနှင့် ပြည်ပသတင်း ထောက်များသည် စစ်တွေ မြို့မှ ရဟတ် ယာဉ်များဖြင့် ထွက်ခွာပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်စိစစ် လက်ခံပြီး ခေတ္တ နေရာချထားပေးမည့် မောင်တောမြို့နယ်ရှိ လှဖိုးခေါင် ကြား စခန်းသို့ ရောက်ရှိကြရာ ခရိုင်အထွေထွေ အုပ် ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများက ပြန် လည်လက်ခံမည့်သူများ တည်းခိုနေ ထိုင်ရေး၊ လုံခြုံရေး၊ စားသောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထား ရှိမှု များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြကြ သည်။

လှည့်လည် ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သော အဖွဲ့ သည် လှဖိုးခေါင် ကြားစခန်းအတွင်း စိစစ် လက်ခံပြီးသူများ ခေတ္တနေထိုင်နိုင်ရေး အတွက် အဆောက်အအုံများ ဆောက် လုပ်ပြီးစီးမှု၊ ဆောက် လုပ်နေမှု၊ သောက် သုံးရေနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက် ပေးထားမှုအခြေအနေများကို လှည့်လည် ကြည့် ရှုကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေး

လှဖိုးခေါင် ကြားစခန်းသည် ဧရိယာ အကျယ်အဝန်း ၁၂၄ ဒသမ ၈၄ ဧကရှိ၍ အဆောက်အအုံပေါင်း ၆၄ဝ ပါဝင်ပြီး လူဦးရေ ၃ဝဝဝဝ ကျော်ကို လက်ခံနိုင်မည် ဖြစ်သည်။ ထို့ပြင် စခန်း၌ ပြန်လည် လက်ခံမည့်သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့် ရှောက် မှုပေးနိုင်ရေးတို့အတွက် ကြိုတင် စီမံထား ရှိကြောင်း၊ လိုအပ်လာပါက အရေးပေါ် ဖြည့်ဆည်းပေးနိုင်ရန် UEHRD၏ အစီအစဉ်ဖြင့် ရွက်ဖျင်တဲ ၅ဝဝ ကျော်ကိုလည်း အရန်အစီအစဉ် အနေဖြင့် ကြိုတင်စီမံ ထားရှိ ကြောင်း သိရသည်။

ငါးခူရ ယာယီလက်ခံရေးစခန်းရောက်

ဆက်လက်၍ ရေကြောင်းမှ ဝင်ရောက်လာသူများအား လက်ခံရေး စခန်းအဖြစ် ဖွင့်လှစ်ထားသည့် ငါးခူရ ယာယီလက်ခံရေးစခန်းသို့ ရောက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများကို စိစစ် ရန် လူဝင်မှုကြီးကြပ်ရေးမှ မှတ်တမ်းတင် ဆောင်ရွက်မည့် အခြေအနေ၊NVC ကတ်ထုတ်ပေးရေး ဆောင်ရွက်မည့် အခြေအနေ၊ ကျန်း  မာရေးဌာနမှ ယာယီ ဆေးခန်းများဖွင့် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်တွင်းပြည်ပ ဆက်ဆံ ရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း ဦးဆောင်သည့်အဖွဲ့သည် ငါးခူရ စခန်းမှ တောင်ပြိုလက်ဝဲမြို့သို့ ရဟတ် ယာဉ်များဖြင့် ရောက်ရှိပြီး ကုန်းလမ်းမှ ဝင်ရောက်လာသူများအား ပြန်လည် လက်ခံရေးစခန်းတစ်ခု ဖြစ်သည့် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းဖွင့်လှစ်ဆောင်ရွက် ထားရှိမှု အခြေ အနေများကို ကြည့်ရှု လေ့လာကြ သည်။

နေရပ်စွန့်ခွာသူများ တွေ့ဆုံ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် နှစ်နိုင်ငံ နယ်စပ်မျဉ်း(ZERO LINE) တွင် ယာ ယီနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာ သူများအား သွားရောက်တွေ့ဆုံ၍ နေရပ် စွန့်ခွာသူများအား ပြန်လည် စိစစ်လက်ခံ ရေးအတွက် နှစ်နိုင်ငံ သဘောတူဆောင် ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ် ငန်း စဉ်များကို ရှင်းလင်း ပြောကြားပြီး သိလိုသည်များကိုမေးမြန်း ကာ နှစ်နိုင်ငံချစ်ကြည်ရေး တံ တား ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

ကညင်ချောင်း စီးပွားရေးဇုန်ရောက်

ယင်းနောက် ကညင်ချောင်း စီးပွား ရေးဇုန်သို့ရောက်ရှိရာ နယ်စပ်ကုန်သွယ် ရေးနှင့် ကုန်သည်ကြီးများ အ သင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက စီးပွားရေးဇုန် စတင်ဖြစ်ပေါ်လာမှု၊ လက်ရှိ ကုန်သွယ်မှု လုပ်ငန်းဆောင် ရွက်နေမှုနှင့် စီးပွားရေး ဇုန်၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ပြန်လည်ရောက်ရှိ

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စစ်တွေမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့်  ပြန်လည်ရောက်ရှိကြသည်။

သတင်းထောက်များ လိုက်ပါ

ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးH.E.Mr. Vikram Misri၊ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Ms. Vanessa Chan၊ UNRC မှ Mr. Knut Ostby၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံး များမှ သံရုံးယာယီတာ ဝန်ခံများ၊ ပြည်ပ သတင်းဌာနများဖြစ်သည့် Xinhua နှင့် NHK တို့မှ သတင်းထောက်များ လိုက်ပါ သတင်းရ ယူခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ထားသည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် စာချုပ်ချုပ်ပြီး နှစ်လအတွင်း လက်ခံရမည့် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ ပြန်လည်လက်ခံရန် လက်ခံရေးစ ခန်းနှစ်ခုနှင့် ကြားစခန်း တစ်ခု တည်ဆောက်ထားရှိကာ လုပ်ငန်း များ ဆောင်ရွက်ရန် ဝန်ထမ်းများကိုလည်း အဆင်သင့်ဖြစ်စေရန် စေလွှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
--------------------------------------------------------------------------------------------------------------------------


Union Minister and diplomats witness repatriation readiness

Sittway, Feb 6

A Delegation of diplomats led by Union Minister U Thaung Tun observed repatriation readiness as part of a trip to share accurate information to international communities.

Union Minister for the Office of the Union Government U Thaung Tun, diplomats from embassies of Myanmar’s neighbouring countries, the UN Resident and Humanitarian Coordinator and journalists yesterday toured Maungtaw to witness the preparations for repatriation.

One of the trip’s primary aims is disseminating accurate information to international communities on the government’s efforts for repatriation.

At Sittway Airport, Union Minister U Thaung Tun briefed the delegation on preparations made by the Union Government and the Rakhine State Government for repatriation, including issuing National Verification Cards, providing temporary shelter, security, food, health care, help in resettlement and rehabilitation for returnees.

Rakhine State Chief Minister U Nyi Pu invited cooperation from the diplomats and the UN official in sharing accurate information on Rakhine State to international communities after they witnessed the genuine situation in the state.

He also urged them to cooperate with the authorities as Myanmar is ready to launch the repatriation and resettlement of returnees in accordance with the agreement with Bangladesh.

Following the briefing, the delegation flew by helicopter to Hla Pho Khaung camp, a transit camp for the returnees in Maungtaw. At Hla Pho Khaung camp, Maungtaw District Deputy Commissioner U Ye Htut and officials were briefed on preparations for providing shelter, security, food, water and electricity to returnees.

Following the meeting, the delegation led by U Thaung Tun toured the camp.
Hla Pho Khaung camp is established on 124.84 acres with 640 buildings and can accommodate more than 30,000 people. The camp is ready to provide accommodation, food, drinking water, electricity and health care to returnees.

Under the arrangement of the Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine State (UEHRD), more than 500 tents are in reserve ready to be distributed to returnees whenever necessary.
Afterwards, the delegation went to Nga Khu Ya and the reception camp, which will be used for accepting those who returned by waterway, and viewed readiness for scrutinising, issuing NV cards, health care services, internal and external liaison offices.

Afterwards, they flew to Taung Pyo Letwe reception camp and toured the facilities that will welcome those who return by road.

The delegation led by Union Minister U Thaung Tun also met with local residents who left their homes and are staying temporarily at the zero line at the border.

They briefed the residents about the government’s repatriation process under the bilateral agreement between Myanmar and Bangladesh.

The delegation also visited Kanyinchaung Economic Zone, where U Aung Myint Than, Chairman of Border Trade and Merchants’ Association, briefed them on current trading activities and objectives of the zone.

The delegation arrived back in Yangon in the evening.

The delegation comprised of Chinese Ambassador Mr. Hong Liang, Ambassador of India Mr. Vikram Misri, Ambassador of Singapore Ms. Vanessa Chan, the UN Resident Coordinator Mr. Knut Ostby, chargé d’affaires of the Thai and Bangladesh embassies, and journalists from Xinhua and NHK.

Myanmar was ready to launch the repatriation of returnees from Bangladesh as of 23 January with two camps and one transit camp established.















No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */