Friday, February 1, 2019

NLD အစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေ အနေ ကျဆင်းကြောင်း HRW ပြော

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ သတင်းစာရှင်းလင်းပွဲ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့စဉ်

NLD အစိုးရတက်လာပြီး နောက်ပိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ပိုမိုဆိုးရွားလာ ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ HRW အဖွဲ့က Ms Linda Lakhdhir သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုလိုက် တာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်အမှု ပြင်ဆင်ချက်အယူခံ တရားလွှတ်တော်ချုပ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၁ ဖေဖော်ဝါရီ၊ ၂၀၁၉
ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နယူးရောက် မြို့လည်ကောင် Times Square မှာ ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက် ဥပဒေ ဖောက်ဖျက် မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချထားတဲ့အပေါ် တရားလွှတ်တော် ချုပ်မှာ ဒီကနေ့ပဲ အယူခံတင် သွင်းလိုက်ပါတယ်။ စီရင်ချက်အပေါ် အယူခံကို ရန်ကုန် တိုင်း တရားလွှတ်တော်က ဒီလဆန်းမှာပဲ ပယ်ချလိုက် တဲ့အတွက် အခုနောက် ဆုံး နေပြည်တော်ကပြည်ထောင်စု တရားရုံးချုပ်မှာ အကျိုးဆောင် ရှေ့နေတွေက အယူခံထပ်မံတင်သွင်းခဲ့တာပါ။

ဦးကိုနီလုပ်ကြံခံရမှု ဖေဖေါ်ဝါရီ ၁၅ စီရင်ချက် ချမည်

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးရာသို့ တရားစွဲခံထားရသူများကို ရုံးထုတ်လာစဉ်။ (မေခ/ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နောက်ဆုံး စီရင်ချက် ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြောက် ပိုင်း ခရိုင်တရားရုံး တရားခွင်မှာ နှစ်ဘက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးပြီး တဲ့နောက် နောက်ဆုံးစီရင်ချက် ချမယ့်နေ့ကို တရားသူကြီးက ကြေညာလိုက်တာ ဖြစ်ပါ တယ်။ ဒီအကြောင်း တရားခွင်ကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

HRW says Myanmar govt using abusive laws to punish critics

Reuters . Yangon | Published: 00:49, Feb 02,2019 


Myanmar’s government under Nobel laureate Aung San Suu Kyi has used repressive laws to prosecute peaceful critics, dashing hopes that its first democratic leader in decades would safeguard free speech, Human Rights Watch said on Friday.

ရိုက်တာသတင်းထောက်တွေကို အကွက်ဆင် ဖမ်းခဲ့တာလို့ ထွက်ဆိုသူ ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းကလွတ်ပြီ

VOA  
 ဗွီအိုအေ (မြန်မာဌာန)
ထက်အောင်ခန့် ၊
01 ဖေဖော်ဝါရီ၊ 2019
ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမှုဆင်ဖမ်းကြောင်း သက်သေထွက်ခဲ့၍ ထောင်ကျခဲ့တဲ့ ရဲအရာရှိ မိုးရန်နိုင် နှစ်စေ့ပြီး ပြန်လွတ်လာစဉ်။ (ထက်အောင်ခန့်/ ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့်သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာ ရဲစည်းကမ်း ကိုဖောက်ဖျက်တာမျိုး မရှိဖူးဘူးလို့ထောင် ကထွက်ထွက်ချင်းမှာပဲ သတင်းထောက်တွေ ကို ဦးမိုးရန်နိုင်ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အင်းစိန်ထောင်ရှေ့မှာ ကိုယ် တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

( 01-02-2019 ) New Light of Myanmar

1_Feb_19_gnlm by on Scribd

( ၀၁-၀၂-၂၀၁၉ ) ကြေးမုံ သတင်းစာ

KM 1.2.2019 by on Scribd

( ၀၁-၀၂-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ

mal 1.2.19 by on Scribd

Jailed Reuters reporters to launch last appeal to Myanmar court.



By AFP
1 February 2019


                    Myanmar police officer Moe Yan Naing was sentenced to a year in jail after giving testimony in support of two journalists

Lawyers for two Reuters journalists jailed for seven years in Myanmar on charges linked to their reporting of the Rohingya crisis are set Friday to lodge an appeal with the Supreme Court -- a last chance of a reprieve through the legal system.

Myanmar freedom of expression getting worse 'day by day', report finds

Aung San Suu Kyi criticised for failing to halt jailing of Reuters reporters Kyaw Soe Oo and Wa Lone

Myanmar state counselor Aung San Suu Kyi has failed to act on repressive regime for journalists, Human Rights Watch said. Photograph: Hein Htet/EPA
  The Guardian
Leonie Kijewski
Fri 1 Feb 2019


Myanmar’s freedom of expression has deteriorated under its new government, a new Human Rights Watch report has said.

It cited the jailing of Reuters reporters Kyaw Soe Oo and Wa Lone, who were investigating the Rohingya crisis, saying the case “shows the military’s willingness to penalise reporters who seek information the military would rather keep hidden”.

Foreign minister urges US to convince Myanmar on Rohingya issue

bdnews24.com
31 Jan 2019

New Foreign Minister AK Abdul Momen has sought the US support to resolve the Rohingya crisis “amicably”.


He said he has requested the ambassador in Dhaka to make use of the Washington’s good relations with other countries to convince Myanmar to end the crisis.

“He said they would do that,” the minister said after his meeting with Ambassador Earl Miller on Thursday at his office.

Thursday, January 31, 2019

Back to School in Cox's Bazar

Back to School in Cox's Bazar

More than 145,000 Rohingya refugee children return to school

As a new school year begins, more than 145,000 Rohingya refugee children are heading back to school in Cox's Bazar, Bangladesh.

A huge effort from the humanitarian community has seen a network of around 1,600 Learning Centres constructed throughout the refugee camps, providing vital access to education for children who fled violence in Myanmar.

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ ဘူးကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင်ပြော


မိတ္ထီလာ၊ ဇန်နဝါရီ ၃၁ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားလိုက်သည်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ဖို့ Sheik Hasina လိုလား


ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာပါ။

လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
ရက်စွဲ့၊ ၂၀၁၉ ခု  လ  ရက်။
လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်ကျည် ဆံ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ ဒီဖြစ်ရပ်အ ပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့တွေက မနေ့က ကြေ ညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ်လို့ တပ်ချုပ် လက်ခံ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို တက်ရောက်ခဲ့စဉ် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာပြင်ဖို့  အရင်အစိုးရ လက်ထက်ကတည်းက သဘောတူထားပြီးဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပလက်ဝတိုက်ပွဲ ဒေသခံလူငယ်တွေ စိုးရိမ် ထွက် ပြေး

                                                        ရခိုင်ဒုက္ခသည်များ (International Committee of the Red Cross Myanmar)

တပ်မတော်နဲ့ AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နောက်ဆုံးဖြစ်ထားတဲ့ တိုက်ပွဲအတွင်း နှစ် ဘက် ထိခိုက်ကျဆုံး တယ်လို့ AA အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဆွေးနွေးဖလှယ်မှု ပြုလုပ်ဖို့ ကုလ အထူးကိုယ်စား လှယ် မြန်မာကိုတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ ဇန်နဝါရီ၊ ၂၀၁၉ 

အပြန်အလှန် ဆွေးနွေး ဖလှယ်မှုဟာ မြန်မာနိုင်ငံကို ပိုမို အင်အားကောင်းစေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်ကနေ ၁၉ ရက်နေ့ အထိ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ အခါမှာ မစ္စ ခရစ်စတီး ဘာဂနာက အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ဟာ လူသားအားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လက်လှမ်းမီဖို့ အတွက် အဓိက ကျတဲ့ အကြောင်း၊ လွတ်လပ်စွာ သွားလာခွင့် မရှိရင်ကလေး တွေ အတွက် ကျောင်းမတက်နိုင်သလို ဆေးရုံသွားရာမှာလည်း အခက်အခဲ ရောက်မယ်၊ ဒုက္ခရောက်မယ်၊ ယုံကြည် မှု ပြန်လည်တည်ဆောက်ရေးဟာ အင်မတန် အရေး ကြီးတယ်ဆိုပြီးတော့လည်း ရခိုင် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကြေညာချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။

ခြေဥပြင်ဆင်မှုအဆိုကိစ္စ DR.အင်ဒရူးနဲ့ မေးမြန်း ချက်


၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီနေ့က လွှတ်တော်တွင်း ဖြစ်ပျက်သွားတဲ့ အခြေအနေအပေါ် သုံးသပ်ချက်၊ ရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာ၊ ဘယ်ဥပဒေ ဘယ် ပုဒ်မတွေကို လက်တွေ့ပြုပြင်သင့် ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေရေး ရာ ကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ရန်ကုန်မြို့ မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ထားပါတယ်။

ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေး ငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင် ခဲ့

BBC 
ရက်စွဲ့၊၂၀၁၉ လ ရက်။
ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားခဲ့တဲ့မောင်နိုင်စိုး အသက် (၇) နှစ်ကို အသုဘကို သူ့ရဲ့ မွေးရပ်ရွာ သမီးလှရွာသစ်မှာ ဇန်နဝါရီ ၃၀ရက်နေ့က ပြုလုပ်ရာမှာ ရွာပေါင်း ၅၀ ကျော်က လူ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */