Thursday, January 31, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ဖို့ Sheik Hasina လိုလား

VOA 
January 31, 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓ ဟူးနေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတာအတွက် ဗီယက်နမ်က ချီးကြူး ခဲ့သလို ဘင်္ဂလားဒေ့ရှ့် နိုင်ငံနဲ့ တသားထဲ ရှိကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် ဒေါ်လာ ၅ သောင်းကိုလည်း လှုဒါန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဒုက္ခသည် ပြန်လက်ခံရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုထားပေမယ့် အကောင်ထည်ဖေါ်ရေးမှာတော့ နှေးကွေးနေသေးတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ပြန်ကြားရေး အတွင်းဝန် Ihsanul Karim က သတင်းထောက်တွေကို ပြောပါတယ်။ Cox’s Bazar မှာ ရှိတဲ့ ဒုက္ခသည် တချို့ကို Bha Shan Char ဒေ သကို ယာယီပြောင်းရွှေ့ပေးထားတယ် လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore ကလည်း မြန်မာ နိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေးကော် မရှင်ရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးချက်တွေကို လိုက်နာ ဖေါ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ဌာနေ ပြန်ရေး အတွက်လည်း သင့်တော်တဲ့ အခြေနေတွေ ဖန်တီးပေးဖို့ လိုအပ်နေသေးကြောင်း နေပြည်တော်မှာ တနင်္လာနေ့ ပြောကြားခဲ့ပါတယ်။

  
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */