Thursday, January 31, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ်လို့ တပ်ချုပ် လက်ခံ

RFA 
လွတ်လပ်တဲ့အာရှအသံ 
January 31, 2019
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို တက်ရောက်ခဲ့စဉ် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာပြင်ဖို့  အရင်အစိုးရ လက်ထက်ကတည်းက သဘောတူထားပြီးဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အရင်အစိုးရလက်ထက်ကတည်း က သဘောတူထားပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေ မပြင်ရဘူးလို့ တခါမှ မပြောခဲ့ကြောင်းနဲ့ စနစ်တကျပြင်ဖို့ပဲလိုကြောင်း ဒီနေ့ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် မုံတိုင်ဒေသမှာ ပြုလုပ်တဲ့ တပ်မတော် ကြည်း၊ လေ၊ အမြောက်နဲ့ သံ ချပ်ကာ ပူးပေါင်းစစ်ဆင်ရေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ် ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားပြီး အဲ့ဒီတင်သွင်းထားတဲ့အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */