January 31, 2019
ဇန်နဝါရီလ ၃၁ရက်နေ့က မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ဒေသတွင်ပြုလုပ်သော ဘုရင့်နောင် ပူးပေါင်း လေ့ကျင့်ခန်း တပ်မတော်(ကြည်း၊ လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးသို့ တက် ရောက်စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြင်ဖို့ သဘောတူပြီးသား။ အခြေခံဥပဒေမပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ် အစိုးရသက်တမ်းကတည်းက။ သို့သော် စနစ်တကျပြင်ဖို့ပဲ လိုတာ။” ဟု တပ် မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အာဏာရNLD ပါတီအမတ် မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင် ကြည်ညွန့်က တင်သွင်းခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။
ယင်းအဆိုတင်သွင်းချိန်တွင် လွှတ်တော်အတွင်းသို့ ရောက်ရှိနေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် အဆိုအားလက်ခံဆွေးနွေးရန် လွှတ်တော်မှ အ တည် ပြုခဲ့ခြင်း ဖြစ် သည်။
NLD ဦးဆောင်သည့် လွှတ်တော်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေအရတပ်မတော်ကလေးပုံတစ်ပုံ(၂၅ရာခိုင်နှုန်း) ပါ ဝင်နေသော်လည်း မဲအသာဖြင့် အနိုင်ယူနေခြင်းကြောင့် မဖြစ်သင့်သည့် ကိစ္စများရှိနေကြောင်း တပ်မ တော် ဘက်က ပြောကြားထားမှုများလည်း ရှိခဲ့သည်။
“ကျန်တာ ကတော့ ဘာမှမပြောဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ဟာ ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဖို့ ရှိပါ တယ်။ ပြင်မှာပါ”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
NLD က တင်သွင်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးအဆိုသည် လုပ်ထုံးလုပ်နည်းကို ကျော်လွန် လုပ် ဆောင်ခြင်းကြောင့် မဲခွဲဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း တပ်မတော်ဘက်ကလွှတ်တော်သို့ သဘော ထား တင်ပြခဲ့မှုများလည်း ရှိခဲ့သည်။
သို့သော် လွှတ်တော်နာယက က အရေးကြီးအဆိုကို မဲခွဲရန် ဆုံးဖြတ်ခဲ့ချိန်တွင် တပ်မတော်သား လွှတ်တော် ကိုယ် စားလှယ်အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၁ရမဲ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအ ဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
“ကျွန်တော်တို့က ဒါ ပြင်လို့မရတဲ့ ဥပဒေကြီးပဲ၊ ဘာပဲညာပဲဆိုပြီး ပြောတာ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက နိုင်ငံရဲ့ တစ်ကယ့် တည်တံ့ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒါကိုတော့ လွယ်လွယ်နဲ့ ယိုင်နဲ့မသွားအောင်တော့ ခိုင်ခိုင်မာမာ ဖြစ်အောင်တော့ လုပ်ရ တာပေါ့ဗျာ။ ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ပြီးမှ ပြင်ရ မှာပေါ့” ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ြ့ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော် မပါဘဲ ပြင်ဆင်၍ မရကြောင်း ပြောဆိုမှုများသည် သာမန် ပြောကြားခြင်းသာဖြစ်ပြီး နိုင်ငံအတွက်၊ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်ပါက ပြင်ဆင်၍ ရသည်ဟု ゞင်းက ထပ်လောင်း ပြောကြားခဲ့သည်။
Link : Here
No comments:
Post a Comment