ရက္ခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာတွေဟာ အခြေအမြစ်မရှိတဲ့
စွပ်စွဲပြော ဆို ချက်တွေဖြစ်ကြောင်းနဲ့ ဒါတွေကို ကန့်ကွက်ကြောင်း
ထုတ်ပြန်ချက်ကို AA က ထုတ်ပြန် လိုက်ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ
ဦးဇော်ဌေးက AA အဖွဲ့ဟာ ၂ဝ၁၈ ဇူလိုင်လအတွင်း ARSA အဖွဲ့နဲ့ ဘင်္ဂ လား ဒေ့ရှ်
မှာတွေ့ဆုံခဲ့သလို ARSA နဲ့ AA အကြား လှုပ်ရှားမယ့်နယ်မြေ
ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ တယ်လို့ ပြောခဲ့ပါတယ်။