ပါလက်စတိုင်း သမိုင်းလမ်းကြောင်း
<><><><><><><><><><><><><>
ပါလက်စတိုင်း၊ ဆီးရီးယား၊ ဂျော်ဒန်နဲ့ လက်ဘနွန်တို့ဟာ ဥရောပ၊ အာရှနဲ့ အာဖရိကတိုက်ကြီးသုံးခုကို ဆက်သွယ်
ထားတဲ့ မြေတံတားကြီးပါပဲ။ပျံမသွားနိုင်တဲ့ ဘယ်လူသား၊ တိရစ္ဆာန် (သို့) အပင်မျိုးစိတ်မဆို တစ်တိုက်ကနေတစ်တိုက်ကိုရောက်ဖို့ ဒီလမ်းကြောင်းကိုပဲ ဖြတ်သန်းကြရပါတယ်။လူသားမျိုးနွယ်စုရဲ့ မူလအစဟာ 'အာဖရိကက ထွက်ခွာခဲ့တယ်'လို့ဆိုတဲ့ သီအိုရီအရဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂ သိန်းခန့်က အာဖရိကမှာ စတင်ပေါ်ပေါက်လာတဲ့ Homo sapiens တွေဟာ အနှစ်၆သောင်းအရင်က ဒီမြေတံတားကို ဖြတ်ပြီး ကမ္ဘာတစ်လွှားကို ပျံ့နှံ့သွားခဲ့တာဖြစ်တယ်။ ဒီဒေသဟာ လူသားတွေရဲ့ စိုက်ပျိုးမွေးမြူရေးသမိုင်းရဲ့ အစလည်းဖြစ်တယ်။ ဂျုံ၊ မုယော၊ ပိတ်ချည်ပင်၊ ပဲမျိုးစုံ၊ နွား၊ သိုး၊ ဝက်၊ ဆိတ်တို့ရဲ့ မူလမွေးရပ်မြေပေါ့။ ဒါထက်ပိုအရေးကြီးတာက မြင်းတွေရဲ့ဆင့်ကဲဖြစ်စဉ်ကလည်း ဒီနားမှာပဲဖြစ်ခဲ့တယ်။
ထားတဲ့ မြေတံတားကြီးပါပဲ။ပျံမသွားနိုင်တဲ့ ဘယ်လူသား၊ တိရစ္ဆာန် (သို့) အပင်မျိုးစိတ်မဆို တစ်တိုက်ကနေတစ်တိုက်ကိုရောက်ဖို့ ဒီလမ်းကြောင်းကိုပဲ ဖြတ်သန်းကြရပါတယ်။လူသားမျိုးနွယ်စုရဲ့ မူလအစဟာ 'အာဖရိကက ထွက်ခွာခဲ့တယ်'လို့ဆိုတဲ့ သီအိုရီအရဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂ သိန်းခန့်က အာဖရိကမှာ စတင်ပေါ်ပေါက်လာတဲ့ Homo sapiens တွေဟာ အနှစ်၆သောင်းအရင်က ဒီမြေတံတားကို ဖြတ်ပြီး ကမ္ဘာတစ်လွှားကို ပျံ့နှံ့သွားခဲ့တာဖြစ်တယ်။ ဒီဒေသဟာ လူသားတွေရဲ့ စိုက်ပျိုးမွေးမြူရေးသမိုင်းရဲ့ အစလည်းဖြစ်တယ်။ ဂျုံ၊ မုယော၊ ပိတ်ချည်ပင်၊ ပဲမျိုးစုံ၊ နွား၊ သိုး၊ ဝက်၊ ဆိတ်တို့ရဲ့ မူလမွေးရပ်မြေပေါ့။ ဒါထက်ပိုအရေးကြီးတာက မြင်းတွေရဲ့ဆင့်ကဲဖြစ်စဉ်ကလည်း ဒီနားမှာပဲဖြစ်ခဲ့တယ်။
ဒီဒေသရဲ့သမိုင်းကို ရိုးရိုးပြောရရင် "သိမ်းပိုက်မှုများရဲ့ သံသရာ" ပါပဲ။ဒေသခံ အင်ပါယာတိုင်းက ဒီမှာခြေချခဲ့ဖူး
တယ်။အချို့က ဒီမြေကိုပိုင်ဆိုင်ချင်လို့၊အချို့က ဖြတ်သွားဖြတ်လာလုပ်ရုံပါပဲ။ ကမ္ဘာ့သမိုင်းဆိုတာ လူမျိုးတစ်ခုကို တစ်ခုက ကျူးကျော်သိမ်းပိုက်တဲ့ဇာတ်လမ်းပါပဲ။ ဥပမာ - ဗြိတိန်ကိုရိုမန်တွေ၊အိန်ဂျလ်၊ ဆက်ဇွန်၊ ဂေါ်လစ်၊ ဒိန်းမတ်တွေနဲ့ နော်မန်တွေက သိမ်းပိုက်ခဲ့ဖူးတယ်။ စပိန်ကိုလည်းအီဘာရီယာ၊ ဖိုနီးရှန်း၊ ဂရိ၊ ကာသေ့ဂျ်၊ ရိုမန်၊ ဂျာမန်နဲ့ မွတ်စလင်မိုးရ်တွေဝင်ရောက်ခဲ့ကြတယ်။
ပါလက်စတိုင်းနဲ့အနီးတဝိုက် (ဆီးရီးယား၊ လက်ဘနွန်၊ ဂျော်ဒန်ပါ) ကို ရှေးအီဂျစ်၊ ကနာနီ၊ အစ္စရေး၊အဆီးရီး
ယန်း၊ ဘေဘီလုံ၊ ပါရှန်၊ ရှေးဂရိ၊ ရိုမန်၊ ဘိုင်ဇန်တိုင်း၊ အာရဗ်ခလီဖိတ်၊ ခရူးဆိတ်၊ အိုက်ယူဘစ်၊ မမ်လုက်၊ မွန်ဂို၊
အော်တိုမန်၊ဗြိတိသျှနဲ့ အစ္စရေး-ပါလက်စတိုင်းတို့က ထိန်းချုပ်ခဲ့ကြတယ်။ ဒီမြေဟာလမ်းမကြီးတစ်ခုသာမက တန်ဖိုးထားစရာမြေကွက်လည်းဖြစ်ခဲ့တယ်။ပါလက်စတိုင်းဟာမြေထဲပင်လယ်နဲ့ ဂျော်ဒန်မြစ်ကြားမှာတည်ရှိပြီး ၁၉၁၄
ခုနှစ်က ချီကာဂိုတက္ကသိုလ်က ရှေးဟောင်းသုတေသနပါမောက္ခ ဂျိမ်းစ်ဟင်နရီဘရီးစတက်ဒ်(James Breasted)
က "Fertile Crescent" (မြေဩဇာကောင်းတဲ့လခြမ်းပုံဒေသ)လို့ခေါ်ခဲ့တဲ့နေရာထဲမှာပါဝင်တယ်။
(မြန်မာနိုင်ငံကထင်ရှားတဲ့ သမိုင်းဆရာ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ရှေးဟောင်းခေတ်ဦးကမ္ဘာ့သမိုင်းဆိုတဲ့စာအုပ်ဟာ ဘရီးစတက်ဒ်ရဲ့စာအုပ်ပဲ ဖြစ်ပါတယ်။)
ဒီဒေသထဲမှာ ယခုခေတ်နိုင်ငံတွေဖြစ်တဲ့ အီရတ်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ အီဂျစ်၊ ဆီးရီးယားနဲ့ ဂျော်ဒန်နိုင်ငံတို့ပါဝင်နေပါတယ်။
ဒေသရဲ့ သဘာဝအခြေအနေက မြောက်ဘက်မှာတောင်တန်းတွေ၊ တောင်ဘက်မှာ သဲကန္တာရနဲ့မြက်ခင်းပြင်
တွေ၊အီဂျစ်ကစပြီး မြေထဲပင်လယ်အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ပါရှန်ပင်လယ်ကွေ့အထိ ကျယ်ပြန့်ပါတယ်။ ဒီဒေသရဲ့သမိုင်းဟာ တောင်ပေါ်သားတွေနဲ့ ကန္တာရကြမ်းပြင်တွေကလာတဲ့ လှည့်လည်နေထိုင်သူတွေအကြား မြေဩဇာကောင်းတဲ့အစပ်မှာ ပိုင်ဆိုင်မှုအတွက် အဆက်မပြတ် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ သမိုင်းပါပဲ။ ၁၅၉၀ ခုနှစ်မှာ အင်္ဂလိပ်ကဗျာဆရာ အဒ်မွန်စပန်ဆာ (Edmund Spencer) က,ဒီဒေသကို"ယဉ်ကျေးမှုအရင်းအမြစ် "(Cradle of Civilisation) လို့ ခေါ်ခဲ့တယ်။ အဲဒီတုန်းကလူတွေဟာ စိုက်ပျိုးရေးနဲ့စာပေတို့ကို ဒီကစတင်
တယ်လို့ ယုံကြည်ခဲ့ကြတယ်။
ယခုတော့ ယဉ်ကျေးမှုဟာ နေရာမျိုးစုံမှာ သီးသန့်စီပေါ်ပေါက်လာတယ်လို့ သိလာရပေမယ့်၊ ကမ္ဘာ့အစောဆုံးစိုက် ပျိုးရေးနေရာက ဂျော်ဒန်နဲ့ ယူဖရေးတီးစ်မြစ်ဝန်းကျင်ဒေသမှာပဲ ဖြစ်နိုင်တယ်။ သမိုင်းစာအုပ်တွေမှာတွေ့ရတဲ့ "လီဗန့်" (Levant)ဆိုတဲ့စကားလုံးဟာ ဆီးရီးယား-ပါလက်စတိုင်းဒေသကိုရည်ညွှန်းတဲ့ သမိုင်းဝင်အခေါ်အဝေါ်ပါ။အရှေ့မြေထဲပင်လယ်ဒေသဖြစ်တဲ့ ဆိုက်ပရပ်စ်၊ အီဂျစ်၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနဲ့ တူရကီတို့ပါတဲ့ နယ်မြေကို သူက ဖော်ပြခဲ့တယ်။ ပါလက်စတိုင်း" ဆိုတဲ့စကားလုံးဟာ အီဂျစ်နဲ့အဆီးရီးယန်းမှတ်တမ်းတွေမှာ တွေ့ရတဲ့ အလားတူနာမည်တွေကနေဆင်းသက်လာတယ်။ ဒီစကားလုံးက "ဖီလစ်စတင်း"(Philistine)ဆိုတဲ့အခေါ်နဲ့အလွန်ဆင်တူတယ်။ဖီလစ်စတင်းလူမျိုးတွေဟာ ဘီစီ ၁၂၀၀ ဝန်းကျင်က ခါနန်ရဲ့ ကမ်းခြေမြေပြန့်ဒေသမှာနေထိုင်ခဲ့ကြတယ်။ သူတို့ကို ဟီဘရူးသမ္မာကျမ်းစာမှာသာမကဘဲ အီဂျစ်ဧကရာဇ်ရမ် ဆေး-၃ (Ramses III) ရဲ့ဘုရားကျောင်းက ရုပ်ကြွပန်းချီတွေမှာလည်း "Peleset" ဆိုပြီးဖော်ပြထားတယ်။"Peleset" ဆိုတဲ့စကားလုံးကို ဘီစီ၁၁၅၀ ကဖြစ်တဲ့ ကျောက်စာငါးခုမှာ တွေ့ရတယ်။
ဘီစီ ၅ ရာစုက ရှေးဂရိသမိုင်းပညာရှင် ဟီရို့ဒိုးတပ်စ်(Herodotus)က "ပါလက်စတိုင်း" ဆိုတဲ့အခေါ်ကိုအီဂျစ်နဲ့
ဖိုနီးရှား(ယခုခေတ်ပါလက်စတိုင်းပါဝင်တဲ့ ခါနန်ကမ်းခြေဒေသ)ကြားမှာရှိတဲ့ တစ်ခုလုံးကိုရည်ညွှန်းဖို့သုံးခဲ့တယ်။
ဘီစီ ၉ ရာစုကစပြီး အစ္စရေးနဲ့ ဂျူဒါဘုရင့်နိုင်ငံတွပေါ်ပေါက်လာခဲ့တယ်။ အစ္စရေးကို နီယိုအဆီးရီးယန်းတွေက
ဘီစီ ၇၂၂ မှာ သိမ်းပိုက်လိုက်တယ်။ ဘေဘီလိုးနီးယန်းတွေဝင်တိုက်တဲ့ ဘီစီ ၅၃၉ မှာတော့ ဂျူဒါက "ယဟုဒ်" ဖြစ်သွားပြီး ဘီစီ ၃ ရာစုမှာ အလက်ဇန္ဒားရဲ့လက်အောက်ရောက်သွားတယ်။ ဘီစီ ၂ ရာစုမှာ ဟတ်စ်မိုးနီးယန်း(Hasmonean)တော်လှန်ရေးနဲ့အတူ ပြန်ပေါ်လာခဲ့ပေမယ့် ဘီစီ ၆၃ မှာ ရိုမန်တွေရဲ့လက်အောက် ကျရောက်သွားခဲ့တယ်။
ရိုမန်ခေတ်မှာ ဦးဆုံး "Syria-Palaestina" လို့ခေါ်ပြီး နောက်ပိုင်းမှာ "Palaestina Prima" လို့ခေါ်တယ်။အေဒီ
၇ ရာစုမှာ မွတ်စလင်တွေသိမ်းပိုက်ပြီးနောက် နေရာအမည်တွေကို အတူတူပဲ ထားခဲ့တဲ့အတွက် "Palaestina" ဆိုတဲ့အခေါ်ဆက်ရှိနေတယ်။ဒါကြောင့် အာရဗီအသံနဲ့ "ဖလက်စ်သွီးန်"ကို ယနေ့တိုင် ကြားနေရတာဖြစ်ပါတယ်။ ၁၈၇၂ ကစပြီး အော်တိုမန်တွေက ဂျေရုဆလင်၊ဘက်သလ်ဟမ်၊ ဟီဘရွန်၊ ဂျက်ဖာ၊ ဂါဇာနဲ့ ဘီယာရှီဘာတို့ပါတဲ့နယ်မြေကို "ဂျေရုဆလင်ခရိုင်"(Mutasarrifate of Jerusalem) လို့ခေါ်ခဲ့တယ်။ ၂၀ ရာစုမှာတော့ ဗြိတိသျှတွေက "Mandatory Palestine" (ပါလက်စတိုင်းမန်ဒိတ်) လို့ခေါ်တယ်။ဘီစီ ၁၁၅၀ ကနေ အေဒီ ၁၉၄၈ ဗြိတိသျှမန်ဒိတ်အဆုံးသတ်တဲ့အထိ "ပါလက်စတိုင်း" ဆိုတဲ့အခေါ်ကို ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်ကြားက ဒေသကိုရည်ညွှန်းဖို့ အကြိမ်ပေါင်းများစွာသုံးခဲ့ကြတယ်။ဒါကြောင့် ပါလက်စတိုင်းအမျိုးသားပါမောက္ခနူရ်မာဆွလာ(Masalha) တင်ပြခဲ့တဲ့ "ပါလက်စတိုင်း"ဆိုတာ လူမျိုးတစ်စုတည်းမဟုတ်ဘဲ တစ်ဆက်တည်းရှိခဲ့တဲ့ ပထဝီနယ်မြေ (Geographic Palestine)ရဲ့သမိုင်းကို ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီနယ်မြေဟာ ယခင်ဂျူးတွေသာ ပိုင်ခဲ့တဲ့ ဂျူးမြေဟောင်းဆိုတဲ့အမြင်ဟာ ဇိုင်ယွန်တွေ ဖန်တီးတဲ့ တစ်ဖက်သတ်အမြင် တစ်နည်းအားဖြင့် ခေတ်သစ်
အစ္စရေးကို တရား၀င်ဖြစ်စေဖို့ ရှေးဟောင်းသမိုင်းနဲ့တွဲဆက်တင်ပြတာပဲဖြစ်တယ်။တကယ်တော့ပါလက်စတိုင်းဟာခေတ်အဆက်ဆက် ဘီစီ ၂၀၀၀ ကစပြီး ကနာနီ၊ ဖီလစ်စတင်း၊ အစ္စရေး၊ ရောမ၊ အာရဗ်၊ အော်တိုမန်စတဲ့ လူ မျိုးတွေ အုပ်စိုးခဲ့ပေမယ့်၊ဒေသရဲ့အမည်နဲ့ကိုယ်ပိုင်လက္ခဏာဟာဆက်လက်ရှင်သန်ခဲ့သလို လူမျိုးအများအပြားရဲ့နေထိုင်မှုမှတ်တမ်းကိုလည်းပြသနေပါတယ်။
(မှတ်ချက်။ပါလက်စတိုင်း အနှစ်၄၀၀၀ သမိုင်းဆိုတဲ့ ဒီကိန်းဂဏန်းဟာဘီစီ ၂၀၀၀ ဝန်းကျင်(ကနာနီလူမျိုးတွေရဲ့ မြို့ပြယဉ်ကျေးမှုစတင်ချိန်)ကစပြီး ယနေ့ထိကာလကို ရည်ညွှန်းတာဖြစ်တယ်။)
ပါလက်စတိုင်း ရှေးဟောင်းသမိုင်း
+++++++++++++++++++++++
ဘီစီ ၁၂၅၀၀ - ၉၅၀၀ အထိ နာတူဖီယန်ယဉ်ကျေးမှု(Natufian) နာတူဖီယန်ယဥ်ကျေးမှုဆိုတာ ဘီစီ ၁၅၀၀၀ - ၁၁၅၀၀ က လီဗန့်ဒေသ(ယနေ့ အစ္စရေး/ပါလက်စတိုင်း)မှာ ပေါ်ခဲ့တဲ့ ကျေးလက်ကျေးရွာအခြေပြု လူ့အဖွဲ့အစည်းဖြစ်ပြီးပထမဆုံး အခြေချနေထိုင်သူများ၊ ဂျုံစတင်စိုက်ပျိုးသူများဖြစ်ကြပါတယ်။လယ်ယာစိုက်ပျိုးရေး (Neolithic Revolution)ရဲ့ အစ(Bar-Yosef, 1991)ဖြစ်ပြီးထမဆုံး ဂူသင်္ချိုင်းများ(Shanidar Cave)မှာတွေ့ရှိခဲ့ကြတယ်။ DNA အထောက်အထားအရ နာတူဖီယန်လူမျိုးများရဲ့ မျိုးရိုးဗီဇဟာ ယနေ့ပါလက်စတိုင်း/ယီမန်လူမျိုးတွေနဲ့ဆင်တူ (Nature, 2016)ပါတယ်။ဘီစီ ၁၁၅၀၀မှာ ရာသီဥတုပြောင်းလဲမှု (Younger Dryas) ကြောင့် ကျေးရွာတွေပြိုကွဲသွားတယ်လို့ ပညာရှင်တွေကဆိုတယ်။
(- Bar-Yosef, O. (1991), "The Natufian Culture in the Levant"
- Lazaridis et al. (2016), Nature (DNA Study)
- Shanidar Cave & Ain Mallaha တူးဖော်တွေ့ရှိမှုများ)
အဲဒီကာလတုန်းက ပါလက်စတိုင်းမှာ နာတူဖီယန်းလူမျိုးတွေ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ကျေးရွာတွေမှာ နေပြီး တောထွက်အသီးအနှံတွေကို စုဆောင်း၊ ပြုပြင်စားသောက်တဲ့ မုဆိုးနဲ့ စုဆောင်းသူတွေဖြစ်ခဲ့ကြတယ်။ သူတို့ဟာ ကျောက်နဲ့လုပ်ထားတဲ့ အိမ်တွေ၊ကောက်နှံသိုလှောင်ရုံတွေကိုတောင်ဆောက်လုပ်ခဲ့ကြတယ်။ မုဆိုးဘ၀ - စုဆောင်းသူဘဝကနေ လယ်သမားဘဝကို ပြောင်းလဲခြင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပြီး ဂျာရီကို (Jericho)မြို့မှာရှိတဲ့ရှေးဟောင်း သုတေသနနေရာတွေမှာ ဒီအထောက်အထားတွေ့ရတယ်။ ဂျာရီကိုမြို့ဟာ
လယ်ယာစိုက်ပျိုးရေးထက် ပိုရှေးကျတဲ့ ကမ္ဘာ့အစောဆုံး လူနေအခြေချရာနေရာဖြစ်တယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေက ကျောက်နဲ့လုပ်ထားတဲ့ ရိတ်သိမ်းတဲ့ကတ်ကြေးတွေ(sickles)တွေ့ရှိခဲ့ကြတယ်။ ဒါတွေဟာ တောဂျုံတွေကို ရိတ်သိမ်းဖို့သုံးတာ ဖြစ်မယ်လို့ ယူဆကြတယ်။
ဘီစီ ၈၀၀၀ မတိုင်မီက တောဂျုံ(Wild Wheat)ဟာ အခြားမြက်ပင်တွေလိုပဲ သာမန်အပင်တစ်မျိုးဖြစ်ခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဆိတ်မြက်(goat grass)နဲ့ စပ်ပြီးယနေ့ခေတ်ဂျုံရဲ့ဘိုးဘေးမျိုးစေ့ဖြစ်လာတယ်။ တောဂျုံ
(Einkorn, Emmer) လို့ခေါ်တဲ့ ရှေးဦးဂျုံမျိုးစိတ်တွေဟာ၊ယခုခေတ် ဂျုံ (Triticum aestivum)ရဲ့ ဘိုးဘေးပင်စည်ဖြစ်တယ်။ဒါကြောင့် တောဂျုံဟာ လူသားတွေရဲ့ ပထမဆုံးစိုက်ပျိုးခဲ့တဲ့ ကောက်ပဲသီးနှံဖြစ်ပြီး၊ ယနေ့ စားနေတဲ့ဂျုံရဲ့မူလအစပါလို့ ပညာရှင်တွေက ဆိုတယ်။
၈၅၀၀-၆၀၀၀ ဘီစီ
ဘီစီ ၈၅၀၀ ခုနှစ်တုန်းက ဂျာရီကိုလို နေရာမျိုးမှာ လူဦးရေ ရာဂဏန်းပဲ ရှိပါတယ်။ဘီစီ ၆၀၀၀ ရောက်တဲ့အခါ ဂျာရီကိုမြို့ဟာ စိုက်ပျိုးရေးနဲ့ အံ့ဖွယ်တံတိုင်းတွေ ကာရံထားတဲ့ ၈ - ၁၀ ဧက ကျယ်ဝန်းတဲ့မြို့တစ်မြို့ ဖြစ်လာပြီးလူဦးရေ ၃,၀၀၀အထိ ရှိလာပါတယ်။အမျိုးသမီးတွေက လေးလံတဲ့ ကျောက်တုံးတွေနဲ့ ဂျုံစေ့တွေကို ညက်အောင် ထောင်းကြတယ်။အမျိုး သားတွေကလည်း ရွှံ့စေးတွေကို အုတ်ခဲပုံသွင်းကြ(ယခုထိ အချို့အုတ်တွေမှာ သူတို့လက်ဗွေရာတွေ ကျန်နေဆဲ)တယ်။
၃၀၀၀-၁၂၀၀ ဘီစီ
ကြေးခေတ် (ဘီစီ ၃,၀၀၀ - ၁၂၀၀)
အဲဒီအချိန်က ကာနန် သို့မဟုတ် ခါနန် လို့ခေါ်တဲ့(ယခု အရှေ့ဘက်ကမ်းရိုးတန်းဒေသ)မှာ မြို့ပြနိုင်ငံများပေါ်ထွန်းခဲ့တယ်။ကာနန်လူမျိုးတွေနဲ့သူတို့ကဆင်းသက်လာတဲ့ ဖိုနီးရှန်းလူမျိုးတွေဟာ ကျွမ်းကျင်တဲ့ သင်္ဘောသားတွေဖြစ်ပြီး ကာသေ့(တူနီးရှား)နဲ့ ကာဒစ်ဇ်(စပိန်)တို့မှာ ကိုလိုနီတည်ထောင်ကြတယ်။ဘီစီ ၁၅၅၀ ကစပြီး သူတို့ဟာ အီဂျစ်ရဲ့ အုပ်စိုးမှုအောက်မှာရှိနေခဲ့ပြီး ဘီစီ ၁၁၇၈ ကာနန်စစ်ပွဲအပြီးမှာ လွတ်လပ်လာခဲ့ပါတယ်။သူတို့ဟာ ဆီးမိုက်တစ် ဘာသာစကားကို ပြောဆိုကြတယ်။
ဆီးမိုက်တစ်ဘာသာစကားတွေဟာ အာဖရို-အေးရှားတစ်ဘာသာစကားအုပ်စုက ဆင်းသက်လာပြီးအရှေ့အလယ်ပိုင်းမှာစတင်ပေါ်ပေါက်ခဲ့တယ်။ ယနေ့ခေတ်မှာ အာရဗီ၊ အမ်ဟာရစ်(Amharic)၊ တီဂရင်ယာ (Tigrinya)၊ ဟီဘရူး၊ အာရမိစ်နဲ့ မောလ်တီစ်(Maltese)စတဲ့ ဘာသာစကားများကို လူဦးရေသန်း ၅၀၀ ကျော်ပြောဆိုနေကြတယ်။ဒီဘာသာစကားများကို ဘီစီ ၂၉၀၀ နဲ့ ၂၅၀၀ ခေတ် ရှေးဟောင်း စာတမ်းစာသားများမှာလည်း တွေ့ရှိရပါတယ်။
ပညာရှင်အချို့က အစ္စရေးလူမျိုးတွေဟာ ကာနန်ရဲ့ တောင်ကုန်းဒေသက လူမျိုးစုများကတစ်ဆင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး
လာတယ်လို့ ယူဆကြတယ်။ ဖိုနီးရှန်းလူမျိုးတွေဟာ ကမ္ဘာ့ပထမဆုံး အက္ခရာစနစ်(Alphabet) ကို တီထွင်ခဲ့သူတွေဖြစ်တယ်။ ကာနန်လူမျိုးတွေနဲ့ ဖိုနီးရှန်းတွေဟာ ကုန်သွယ်ရေးနဲ့ ရေကြောင်းခရီးမှာ အထူးကျော်ကြားခဲ့တယ်။
အာဗြဟံ (Abraham)ဇာတ်လမ်း – ဟီဘရူးကျမ်းစာ(ဘီစီ ၂၀၀၀ ခန့်)
+++++++++++++++++++++++++++++++++
အရှေ့အလယ်ပိုင်းဒေသသမိုင်းနဲ့ ဟီဘရူးကျမ်းစာရဲ့
အခန်းကဏ္ဍ
××××××××××××××××××××××××××××××××××××
အရှေ့အလယ်ပိုင်းဒေသရဲ့သမိုင်းဟာ ဟီဘရူးကျမ်းစာ(Hebrew Bible)ရဲ့ လွှမ်းမိုးမှုကို များစွာခံခဲ့ရပါတယ်။ဒါ
ပေမယ့် ဒီကျမ်းစာဟာ ဂျူးလူမျိုးတို့ရဲ့ ယုံကြည်ချက်တွေ၊ဘာသာရေးအမြင်တွေနဲ့ ယဉ်ကျေးမှုတို့ကို ဥပမာပုံရိပ်များအားဖြင့် သရုပ်ဖော်ထားတဲ့ စာပေလက်ရာတစ်ခုဖြစ်ပြီး၊စာသားအလိုက် အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခု မဟုတ်ဘူး။
ဒီကျမ်းစာမှာပါဝင်တဲ့ အာဗြဟံ၊မောရှေ၊ထွက်မြောက်ရာကျမ်း စတဲ့ဇာတ်လမ်းတွေဟာ ဂျူးတွေရဲ့ဘုရားသခင်နဲ့
ပဋိညာဉ်၊လူ့အဖွဲ့အစည်းရဲ့တန်ဖိုး၊ သမိုင်းဆိုင်ရာ ဝိညာဉ်ရေးအတွေ့အကြုံ စတဲ့အမြင်တွေကို ပုံဆောင်ထားတဲ့ဥပမာများ(Metaphors/Allegories)သာဖြစ်တယ်။ကျမ်းစာပါ အချို့ဖြစ်ရပ်တွေ(ဥပမာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတို့နေထိုင်ခြင်း)ကိုရှေးဟောင်းသုတေသန အထောက်အထားအနည်းငယ်နဲ့သာ အတည်ပြုနိုင်တယ်။အလားတူအချို့ဇာတ်လမ်းတွေ (ဥပမာ အာဒံနဲ့ဧဝ၊ ရေလွှမ်းမိုးခြင်း)ဟာ သမိုင်းပါလို့ပြောနိုင်တဲ့ အနေအထားမရှိခြင်းကြောင့် သမိုင်းယုတ္တိဗေဒက ဒဏ္ဍာရီ (Myths)သို့မဟုတ် စိတ်ကူးယဉ် သင်ခန်းစာပုံပြင်လို့ ဆိုပါတယ်။သဘောက အဲဒီအကြောင်းအရာဟာ ဆိုင်ရာဘာသာရေးယုံကြည်ချက်အရ ယုံနိုင်တယ်။ဒါပေမယ့် သမိုင်း
သုတေသနမှာတော့ မသုံးဘူးဆိုပါတော့။
ဟီဘရူးကျမ်းစာဟာ ယဟူဒီဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာတို့ရဲ့ အခြေခံဖြစ်ပြီး ဒီဒေသရဲ့ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လူမှုဖွဲ့စည်းပုံတို့ကို နှစ်ထောင်ချီပြီး ပုံဖော်ခဲ့တယ်။အစ္စရေးကိစ္စမှာ အမြဲတမ်းလိုလို လွှမ်းမိုးနေတဲ့အမြင်ဆိုတာဟီဘရူးကျမ်းစာ သို့မဟုတ် သမ္မာကျမ်းပေါ့။ယနေ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ကျမ်းစာပါ "ကတိတော်မြေ"(Promised Land) ဆိုတဲ့ အယူအဆကိုယ်တိုင်က ဖော်ပြပါပြောကြားချက်အရ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်။
ကတိတော်မြေအဖြစ် သက်သေပြဖို့ရာ ဘုရားသခင်ကိုမိုးပေါ်က ခေါ်ချပြီး သက်သေထူခိုင်းလို့ မရနိုင်တာအားလုံး
သိပါတယ်။နှစ်၄၀၀၀ခန့်က ကျမ်းစာအထောက်အထားနဲ့၂၁ရာစုသမိုင်းကိုရေးဖို့ ဖြစ်နိုင်တယ်ဆိုရင် အဲဒါ ယုံကြည်
ချက်နဲ့ ရေးတာပဲဖြစ်လိမ့်မယ်။ယုံကြည်ချက်ဆိုတာဟာယုံကြည်သူနဲ့ပဲဆိုင်တယ်။ မယုံကြည်သူနဲ့မသက်ဆိုင်ဘူး။
ဒီအားနည်းချက်ကြောင့် ခေတ်သစ်သမိုင်းပညာရှင်အများစုက ဒီကျမ်းစာကို ၂၁ရာစု နိုင်ငံရေးနယ်နိမိတ်သတ်မှတ်ရာမှာအထောက်အထားအဖြစ် အသုံးမပြုသင့်ဘူးလို့သတိပေးကြပါတယ်။ရှင်းရှင်းပြောရရင်ကျမ်းလာ ဘာသာရေးဇာတ်လမ်းတွေဟာ မြေပြင်မှာအမှန်တကယ်ဖြစ်ခဲ့တယ်ဆိုဦးတော့။အဲဒါလွန်ခဲ့တဲ့ အနှစ်၄၀၀၀က မြေပြင်အခြေအနေပဲဖြစ်လို့ ၂၁ရာစုရဲ့လူအသစ်နဲ့ရှိနေတဲ့ မြေပြင်ပေါ်မှာ နယ်နိမိတ်ဆွဲဖို့၊ စစ်ပွဲတွေလုပ်ဖို့အထောက် အထားအဖြစ်သုံးလို့မရဘူးဆိုတာပါပဲ။ဘယ်ပညာရှင်မှလည်း လက်မခံပါဘူး။ဓမ္မဟောင်းကျမ်းထဲမှာ အစ္စရေးလူမျိုးတွေရဲ့ မူလအစအကြောင်း ဖော်ပြထားတာက - "ဘီစီနှစ်ထောင်တုန်းက "အာဗြဟံ"ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦး
(အခုအီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တောင်ဘက် ၃၀၀ကီလိုမီတာအကွာ"ဥရ်မြို့"မှာ)နေထိုင်ခဲ့တယ်။ဘုရားသခင်က
သူ့ကို၊ သူ့သား "အိုင်ဇတ်"နဲ့မြေး "ယာကုပ်"တို့ကို ကတိပေးခဲ့တာက"ကာနန်ပြည်" (အခုပါလက်စတိုင်းနဲ့အစ္စရေး
ဒေသ)ကိုသူတို့မျိုးဆက်များအတွက်(ဒါကို "ကတိတော်မြေ"လို့ခေါ်တယ်) ပေးတယ်။
အာဗြဟံက တောတွင်းကနေ လှည့်လည်ပြီး နောက်ဆုံး"ဖီလစ်စတင်း"လူမျိုးတွေနေတဲ့နေရာမှာ အခြေချခဲ့တယ်။
သူသေတဲ့အခါ အသက် ၁၇၅ နှစ်ရှိပြီတဲ့! သူ့ဇနီး "ဆာရာ"က အသက်၉၀ ကျော်မှာ အိုင်ဇတ်ကို မွေးဖွားခဲ့တယ်။
အိုင်ဇတ်ရဲ့သား "ယာကုပ်"က နာမည်ပြောင်းပြီး "အစ္စရေး"လို့အမည်တွင်ကာ အစ္စရေးလူမျိုးတွေရဲ့ အဘဖြစ်လာတယ်။ သူ့သား၁၂ယောက်က အစ္စရေးမျိုးနွယ်၁၂ စုကိုတည်ထောင်ခဲ့တယ်။Book of Deuteronomyမှာ ဒီ အစ္စရေးလူမျိုးတွေကို ဘုရားရဲ့"ရွေးချယ်ထားသောလူမျိုး"လို့ ဖော်ပြထားတယ်။
ဒီဇာတ်လမ်းဟာ ဘာသာရေးအရယုံကြည်သူအတွက်အရေးကြီးပေမယ့် သမိုင်းမှတ်တမ်းအနေနဲ့ သိပ္ပံနည်းကျ အတည်ပြုနိုင်တဲ့အထောက်အထားကတော့ နည်းလွန်းပါတယ်။ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တွေအရ "အာဗြဟံဇာတ်လမ်း"ဆိုတာ ဘီစီ ၆၀၀ နှောင်းပိုင်းကာလမှာ ရေးသားခဲ့တဲ့ဒဏ္ဍာရီတစ်ပုဒ်ဖြစ်တယ်လို့ဆိုထားပါတယ်။
ဒီဇာတ်လမ်းကို ဘေဘီလိုးနီးယန်းစ်တွေရဲ့သိမ်းပိုက်ခံရချိန်မှာ ဂျူဒါပြည်မှာကျန်ရစ်ခဲ့တဲ့ မြေပိုင်ရှင်တွေက ဖန်တီးခဲ့တယ်လို့ဆိုပြီး သူတို့ရဲ့ ရည်ရွယ်ချက်က"ငါတို့ဖခင်အာဗြဟံကို ဘုရားက ဒီမြေပေးထားတယ်" ဆိုတဲ့ အကြောင်း ပြချက်နဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ခိုင်မာစေဖို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။ပထမအချက်က ဘေဘီလိုးနီးယန်းစ်တွေရဲ့ အကျဉ်းသားဘဝက ပြန်လာသူတွေဟာ "မောရှေရဲ့ အီဂျစ်ပြည်ကထွက်ပြေးခဲ့ရတဲ့ဇာတ်လမ်း" ဆိုတဲ့ နောက် ထပ် ဘာသာရေယုံကြည်ချက်စာသားတစ်ပုဒ်ကိုကိုးကားပြီးမြေယာပိုင်ဆိုင်ခွင့်တောင်းဆိုခဲ့ကြပါတယ်။ဒုတိယ အချက်က ဂျူဒါပြည်မှာ ကျန်ခဲ့သူတွေနဲ့ ပြန်လာသူတွေကြား အငြင်းပွားမှုဖြစ်ပြီး ဘေဘီလုံက ပြန်လာသူတွေက "ငါတို့ပဲ ဘုရားရွေးချယ်ထားတဲ့လူမျိုး"ဆိုတဲ့ သီးသန့်ဝါဒ (Exclusivism) ကို ယူဆောင်လာခဲ့ကြတယ်။ ဒါကို နားလည်ဖို့အတွက် နောက်ထပ်သမိုင်းဖြစ်ရပ်တစ်ခုကိုသိထားဖို့လိုတယ်။ပါရှန်ဧကရာဇ် ဆိုင်းရပ်စ်(Cyrus the
Great)က ဂျူးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်ရပ်(၅၃၉ BCE)ကို သိထားဖို့လိုပါတယ်။ဒီဖြစ်ရပ်က ဂျူး
သမိုင်းနဲ့ ဓမ္မဟောင်းကျမ်းထဲမှာ အရေးပါတယ်။ဆိုင်းရပ်စ်ဟာ ပါရှန်အင်ပါယာ(ယခုအီရန်)ရဲ့ဧကရာဇ်ဖြစ်ပြီး ဘီစီ၅၃၉မှာ ဘေဘီလုံ(ယခုအီရတ်)ကို သိမ်းပိုက်ကာ ဘေဘီလုံဘုရင် နေဗုခဒ်နေဇာ(Nebuchadnezzar) အဆက်အနွယ်များရဲ့ အုပ်စိုးမှုကို အဆုံးသတ်ခဲ့တယ်။
Great)က ဂျူးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်ရပ်(၅၃၉ BCE)ကို သိထားဖို့လိုပါတယ်။ဒီဖြစ်ရပ်က ဂျူး
သမိုင်းနဲ့ ဓမ္မဟောင်းကျမ်းထဲမှာ အရေးပါတယ်။ဆိုင်းရပ်စ်ဟာ ပါရှန်အင်ပါယာ(ယခုအီရန်)ရဲ့ဧကရာဇ်ဖြစ်ပြီး ဘီစီ၅၃၉မှာ ဘေဘီလုံ(ယခုအီရတ်)ကို သိမ်းပိုက်ကာ ဘေဘီလုံဘုရင် နေဗုခဒ်နေဇာ(Nebuchadnezzar) အဆက်အနွယ်များရဲ့ အုပ်စိုးမှုကို အဆုံးသတ်ခဲ့တယ်။
နေဗုခဒ်နေဇာရဲ့ဂျူးဖမ်းဆီးမှုနဲ့ဂျူးနိုင်ငံဖျက်ဆီးခြင်းသမိုင်း (၅၈၆ BCE)အရ ဘေဘီလုံဘုရင် နေဗုခဒ်နေဇာ-၂ က ဂျူဒါပြည်ကိုတိုက်ခိုက်ပြီး ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ကို ဖျက်ဆီးခဲ့တယ်။အဲဒီနောက်ဂျူးခေါင်းဆောင်တွေ၊ လက်မှုပညာရှင်တွေကို ဘေဘီလုံဖမ်းခေါ်သွားပြီးအကျဉ်းချထားခဲ့တယ်။ဒီအချိန်ကို"ဘေဘီလုံအကျဉ်းခံခြင်း"လို့ ခေါ်ကြတယ်။ ဘီစီ၅၃၉ မှာ ပါရှန်ဘုရင်ဆိုင်းရပ်စ်က ဘေဘီလုံအင်ပါယာကိုအောင်နိုင်ပြီးနောက် ဂျူအကျဉ်းသား များကိုလွတ်ငြိမ်းခွင့်ပြုခဲ့တယ်။သူတို့ကို ဂျေရုဆလင်ပြန်ခွင့်နဲ့သူတို့ရဲ့ဗိမာန်တော်ပြန်တည်ဆောက်ခွင့်တို့ကိုပါပေးခဲ့တယ်။ဒီအမိန့်တော်ကို ဓမ္မဟောင်းကျမ်း(Ezra 1:1-4)မှာလည်းဖော်ပြထားပြီး၊ဆိုင်းရပ်ကျောက်စာ(Cyrus Cylinder)မှာလည်း အတည်ပြုထားပါတယ်။ကျမ်းစာရဲ့ မူရင်းစာသားကို ရှည်မှာမို့ထားခဲ့ပါရစေ။ဒါဟာ နေဗုခဒ်နေဇာနဲ့ ပါရှန်ဧကရာဇ်ဆိုင်းစပ်စ်တို့အကြားက ကွဲပြားခြားနားတဲ့ သမိုင်းဖြစ်ရပ်နှစ်ခုဖြစ်တယ်။တစ်ဦးက ဖျက်ဆီး ပြီး ဖမ်းတယ်။တစ်ဦးက ပြန်လွှတ်ပြီး ဆောက်ခွင့်ပေးတယ်။အဲဒီမှာ ဆိုင်းရပ်စ်ဟာ ဘေဘီလုံဂျူးအကျဉ်းသား ၅၀,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးဂျေရုဆလင်မြို့ကို ပြန်တည်ဆောက်ဖို့ခွင့်ပြုခဲ့တယ်။
ဒီဖြစ်ရပ်နဲ့ အာဗြဟံ/မောရှေဇာတ်လမ်းတွေရဲ့ ဆက်စပ်မှုကိုလေ့လာရင် ဂျူးတွေပြန်လာပြီးနောက် သူတို့ရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ဘယ်လိုအထောက်အထားပြမလဲဆိုတဲ့အခါဂျူဒါပြည်မှာကျန်ခဲ့သူတွေ ➝ "ငါတို့ဘိုးဘေး အာဗြဟံကိုဘုရားက ဒီမြေပေးထားတယ်"ဆိုတဲ့ အာဗြဟံဒဏ္ဍာရီကိုသုံးခဲ့တယ်။ ဘေဘီလုံက ပြန်လာသူတွေက➝ "မောရှေနဲ့အစ္စရေးလူမျိုးတွေ ကတိတော်မြေကိုဝင်ရောက်ခဲ့တယ်"ဆိုတဲ့ထွက်မြောက်ရာဇာတ်လမ်း(Exodus)ကိုသုံးခဲ့ကြတယ်။ဒီဇာတ်လမ်း ၂ ခုဟာ နောက်ပိုင်းဖန်တီးခဲ့တဲ့ နိုင်ငံရေးအရ မြေယာအခွင့်အရေးအတွက် ပဋိညာဉ်ဇာတ်လမ်းတွေဖြစ်နိုင်တယ်လို့ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒီအကြောင်းကြောင့် သမိုင်းပညာရှင်တွေက အာဗြဟံနဲ့မောရှေဇာတ်လမ်းတွေဟာ ဘီစီ ၆၀၀ နှောင်းပိုင်း(ဘေဘီ
လုံအကျဉ်းစံကာလပြီးမှ)မှာမှ ရေးသားခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ပြကြတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ ➝
ဂျူးတွေရဲ့မြေယာအခွင့်အရေးနဲ့ လူမျိုးရေးလက္ခဏာကို ခိုင်မာစေဖို့ အာဗြဟံ/မောရှေဇာတ်လမ်းတွေကို နိုင်ငံရေးနဲ့ဘာသာရေးရည်ရွယ်ချက်တွေအတွက် သုံးခဲ့တာပဲ ဖြစ်နိုင်ပါတယ်။
မာနက်ပ်တာကျောက်စာ(Merneptah Stele)နဲ့ သမိုင်းအထောက်အထားများ ၁၂၀၈ ဘီစီ
+++++++++++++++++++++++++++++++
မာနက်ပ်တာကျောက်စာ(Merneptah Stele)ဆိုတာဘာလဲလို့မေးစရာရှိမယ်။တကယ်တော့ ကျောက်စာတိုင်
သို့မဟုတ် ကျောက်ပြားစာတမ်း(Stele)ဖြစ်ပါတယ်။အီဂျစ်ဖာရိုဘုရင် မာနက်ပ်တာ(Merneptah၊ ရမ်ဆေး-၂ ရဲ့သား) လက်ထက် (ဘီစီ ၁၂၁၃–၁၂၀၃)မှာ ထွင်းထုခဲ့တဲ့ ကျောက်စာတိုင်ဖြစ်ပါတယ်။ ဘီစီ ၁၂၀၈ ခန့်က ရေးထိုးခဲ့ပြီး၊ပါလက်စတိုင်းဒေသကို အောင်နိုင်ခဲ့တဲ့ အီဂျစ်စစ်ပွဲတွေအကြောင်းကို ဖော်ပြထားတယ်။ "အစ္စရေး" ဆိုတဲ့ အမည်ရဲ့ ပထမဆုံး ကျမ်းစာပြင်ပမှတ်တမ်းကိုမာနက်ပ်တာကျောက်စာ(Merneptah Stele -၁၂၀၈ ဘီစီခန့်) မှာ တွေ့ရပါတယ်။ဒီကျောက်စာမှာ အီဂျစ်ဘုရင် မာနက်ပ်တာက လစ်ဗ်ယန်း(မြောက်အာဖရိကက ရှေးဟောင်းလူမျိုး
များကိုရည်ညွှန်း)တို့ကို အောင်နိုင်တဲ့အကြောင်း ရေးထိုးထားတယ်။စာကြောင်း ၂၈ ကြောင်းရှိတဲ့အနက် နောက် ဆုံး ၂၃ ကြောင်းမှာတော့ ကာနန်ပြည်(အီဂျစ်ရဲ့အင်ပါယာပိုင်နက်)မှာ သီးခြားစစ်ဆင်ရေးအကြောင်း ဖော်ပြထားပြီး "အစ္စရေးပျက်စီးပြီ သူ့မျိုးဆက်တွေမရှိတော့ဘူး"လို့ ဆိုထားပါတယ်။
ဒါက ကာနန်ရဲ့အလယ်ပိုင်းကုန်းမြင့်ဒေသမှာနေထိုင်တဲ့ နိုင်ငံရေး (သို့) လူမျိုးစု အုပ်စုတစ်ခုကို ရည်ညွှန်းနေပါတယ်။ ဒီအုပ်စုက အီဂျစ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်နေတဲ့အုပ်စုဖြစ်ပြီး သူတို့ကိုယ်သူတို့ ကနာနီလူမျိုးအစား"အစ္စရေးလူမျိုး" လို့ စပြီး သတ်မှတ်လာတဲ့အုပ်စု ဖြစ်နိုင်ပါတယ်။ရှေးဟောင်းသုတေသနအထောက်အထားများအရအဲဒီအချိန်ကလူဦးရေ ၃၀၀-၄၀၀ ခန့်ရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးနဲ့ သားမွေးမြူရေးလုပ်ကိုင်ကြတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ရှိခဲ့တယ်လို့ သိရပါတယ်။ ဣသရေလ (Israel) ဆိုတဲ့ အမည်ကို ပထမဆုံးအကြိမ် အီဂျစ်မှတ်တမ်းမှာ ဖော်ပြခဲ့တာဖြစ်တယ်။ ဒီစာသားက အစ္စရေးလူမျိုးတွေ ကာနန်မှာ ဘီစီ ၁၂၀၀ ဝန်းကျင်ကရှိနေကြောင်းသက်သေပြထားတယ်။အလားတူ ကျမ်းစာပြင်ပက အခြားသက်သေများ
(Extra-Biblical Records)အဖြစ် အီဂျစ်မှတ်တမ်း မာနက်ပ်တာကျောက်စာအပြင်၊ အာမန်နာစာ(Amarna Letters၊ ဘီစီ ၁၄၀၀)တွေမှာလည်း ကာနန်ဒေသက "ဟာပီရူ" (Habiru)လို့ခေါ်တဲ့ လူတွေအကြောင်း ဖော်ပြထားတယ်။အချို့ပညာရှင်တွေက ဟာပီရူ = ဟီဘရူး (Hebrew)ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ရှေးဟောင်းသုတေသနထောက်အထားများအရ ကာနန်မြို့ပျက်များ(Jericho, Hazor)တူးဖော်တွေ့ရှိမှုများက ဘီစီ ၁၂၀၀ ဝန်းကျင်မှာ ကြီးမားတဲ့စစ်ပွဲတွေဖြစ်ခဲ့တာကို ညွှန်းဆိုနေပါတယ်။ ဒါက အစ္စရေးတွေ ကာနန်ကိုဝင်ရောက်ချိန်နဲ့ ကိုက်ညီတယ်။ဒါပေမယ့် ကျမ်းစာပါ "ကတိတော်မြေကိုဝင်ရောက်ခြင်း"ဆိုတဲ့အချိန်နဲ့မကိုက်ညီဘူး။ကျမ်းစာကဘီစီ ၁၄၀၀မှာ ၀င်တယ်လို့ပြပြီး၊ သမိုင်းကဘီစီ ၁၂၀၀ လို့ပြနေတယ်။ဒါကြောင့်ကျမ်းစာလာဟာ တူးဖော်တွေ့ရှိရတဲ့ သမိုင်းဆိုင်ရာ အထောက်အထားနဲ့ကွဲလွဲနေပါတယ်။ဘီစီ ၁၀၂၀ - အစ္စရေးပြည်ထောင်စု (Hebrew Bible) ဟီဘ ရူးကျမ်းစာအရ ဘီစီ ၁၀၂၀ မှာ အစ္စရေးပြည်ထောင်စု စတင်တည်ထောင်ခဲ့တယ်လို့ ဖော်ပြထားတယ်။ဟီဘရူကျမ်း စာအရ၊ ဘီစီ ၁၀၂၀ ခန့်မှာအစ္စရေးလူမျိုးတွေက ပထမဆုံးဘုရင်(King Saul) အုပ်စိုးမှုအောက်မှာ ပြည်ထောင်စုတစ်ခုအဖြစ် စည်းလုံးခဲ့တယ်။ပထမဘုရင် - ရှောလု (Saul)ဘီစီ ၁၀၂၀-၁၀၀၀အုပ်စိုး။အစ္စရေးအနွယ် ၁၂နွယ်ကို စုစည်းပြီး ဖီလစ်စတင်းတွေကို တိုက်ခိုက်ခဲ့တယ်။နောက်ဆုံးစစ်ပွဲမှာကျဆုံး(Book: 1 Samuel, Chpt.31)ခဲ့တယ်။ဒုတိယဘုရင် ဒါဝိဒ် (David)က ဘီစီ ၁၀၀၀-၉၆၁မှာ အုပ်စိုး။ဂျေရုဆလင်ကိုမြို့တော်အဖြစ် တည်ထောင်။အစ္စရေးအင်ပါယာအထွတ်အထိပ်ရောက်ခဲ့တယ်လို့ဆိုတယ်။တတိယဘုရင် - ဆောလ်မွန် (Solomon)ဟာဘီစီ ၉၆၁-၉၂၂မှာအုပ်စိုး။ ပထမဗိမာန်တော်(First Temple)တည်ဆောက်။ ပညာရှိဆုံးဘုရင်အဖြစ်ကျော်ကြား။ဒါ ကျမ်းစာလာဖြစ်ရပ်တွေ ဖြစ်တယ်။ရှေးဟောင်းသုတေသနနဲ့ ကိုက်ညီမှုကို လေ့လာတဲ့အခါဒါဝိဒ်နဲ့ ဆောလ်မွန်ခေတ်ကို သက်သေပြနိုင်တဲ့ ရှေးဟောင်းအထောက်အထား (ဥပမာ - Tel Dan Stele)တွေ့ရှိထားပေမယ့် ပြည် ထောင်စုရဲ့အင်အားနဲ့နယ်နမိတ်တို့ဟာ ကျမ်းစာမှာဖော်ပြထားတာထက် သေးငယ်နိုင်တယ်လို့ပညာရှင်အချို့ကငြင်းဆိုထားကြတယ်။
ဘီစီ ၉၃၀
ဆောလ်မွန်သေပြီးနောက် ဘီစီ ၉၂၂ မှာပြည်ထောင်စုဟာနှစ်ပိုင်းကွဲသွားတယ်။အစ္စရေးပြည်မြောက်ပိုင်း (မြို့တော် - ရာမာ - Ramah - ဂျေရုဆလင်မြိုမြောက်ဘက် ၈ ကီလိုမီတာ (၅ မိုင်)အကွာ အလ်ဘီရာ(al-Bireh) မြို့အနီးမှာရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်အများစုကသတ်မှတ်ထား)နဲ့အစ္စရေးတောင်ပိုင်း (မြို့တော် - ဂျေရုဆလင်)တို့ဖြစ်တယ်။အစ္စရေးပြည်ထောင်စုခေတ်ဟာ ဟီဘရူးကျမ်းစာရဲ အဓိက ဇာတ်လမ်းများ(ဒါဝိဒ် - ဂေါလီသစ်ဇာတ်လမ်း၊ဆောလ်မွန်ရဲ့ပညာစကား)ဖြစ်ပေါ်ရာ ကာလဖြစ်ပြီး ဂျူး၊ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့မှာ ဒါဝိဒ်နဲ့ဆောလ်မွန်တို့ကို အရေးပါတဲ့ပုဂ္ဂိုလ်များအဖြစ်ရည်ညွှန်းထားပါတယ်။ဒီအချက်အလက်တွေဟာ ဟီဘရူးကျမ်းစာအရဖော်ပြထားတာဖြစ်ပြီး၊ ရှေးဟောင်းသုတေသနနဲ့ အတိအကျကိုက်ညီမှုရှိ/မရှိ ငြင်းခုံမှုများရှိနေဆဲပါ။
ကွဲသွားရတဲ့အကြောင်းရင်းအဖြစ်
- အခွန်ဝန်ထုပ်များခြင်း - ဆောလ်မွန်ဘုရင်ရဲ့လုပ်အားပေးစနစ်နဲ့အတူ အခွန်များကို မြောက်ပိုင်းလူမျိုးတွေက မကျေနပ်ကြခြင်း
- ဘာသာရေးအငြင်းပွားမှု - ဂျေရုဆလင်ဗိမာန်တော်ကို ဗဟိုပြုခြင်းအပေါ် မြောက်ပိုင်းက ဆန့်ကျင်လာတယ်
- နိုင်ငံရေးအာဏာလုမှု - ဆောလ်မွန်သေပြီးဆက်ခံတဲ့သားတွေရဲ့ မာနထောင်လွှားမှုကို အခြားသားက အခွင့်ကောင်းယူ။ ဓမ္မဟောင်းကျမ်း ၁ ရာဇဝင်ချုပ် ၁၂ နဲ့ ၁ ရာဇဝင် ၁၂ တို့မှာ အသေးစိတ်ဖော်ပြထားတယ်။
ရှေးဟောင်းသုတေသနအထောက်အထားအဖြစ်
-တဲလ်ဒန် ကျောက်စာ (Tel Dan Stele)မှာ "ဒါဝိဒ်ရဲ့ အိမ်တော်"(ယုဒပြည်)နဲ့ "ဣသရေလပြည်"ဆိုပြီး ခွဲခြားဖော်ပြ
- မြောက်ပိုင်းမြို့ပျက်များ (မေဂိဒို၊ ဟာဇော)မှာယုဒပြည်နဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုလက္ခဏာများ တွေ့ရှိကြရခြင်း။
ဆက်ပါဦးမည်။
No comments:
Post a Comment