လွတ်လပ်တဲ့ အာရှအသံ
2019-03-14
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း ဟာ အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားခဲ့ပြီး၊ ရိုဟင်ဂျာတွေပြန်ခေါ်နိုင်မယ့်ကိစ္စ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အာဆီယံအသင်းကြီးရဲ့ လူသားချင်းစာနာမှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး ဌာန၊ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေပြန်လာရေးနဲ့ နေရာချထားရေး အခြေအနေ aတွ ကို မတ်လ ၄ ရက်နေ့ကနေ ဒီနေ့ မတ်လ ၁၃ ရက်နေ့ထိ လေ့လာအကဲခတ်ခဲ့ပြီး၊ မြန်မာအစိုးရက ပံ့ပိုးကူညီတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်ပြန်ခေါ်ရေးအစီအစဉ် အောင်မြင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား စေ့စပ်ညှိနှိုင်း ထားတွေ အဆင် ပြေချောမွေ့အောင် အာဆီယံဥက္ကဋ္ဌအနေနဲ့ ကြားဝင်ကူညီမယ်လို့လည်းဆိုပါတယ်။
ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းအားလုံး ခွင့်တူညီမျှရဖို့အတွက် စီးပွားရေးမှာ ပုံမှန်ဖွံ့ ဖြိုး တိုးတက်မှုတွေဖြစ်လာအောင် အားပေးမြှင့်တင်ရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ယူဆချက်ကို မြန်မာဘက်က လည်း သဘော တူတယ်လို့ဆိုပါတယ်။

Link ; Here
No comments:
Post a Comment