မြန်မာဌာန | သတင်းများ
December 12'2019
■ မြန်မာ့တပ်မတော်ဟာ မွတ်စလင်လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင်၊ မုဒိမ်းမှု၊ မီးရှို့မှုတွေ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ နိုင်ငံတကာတရားရုံးကို လိမ်လည် ထွက် ဆို ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက စွပ်စွဲပြောဆိုကြောင်း AP သတင်းက ဖော်ပြ ပါတယ်။
သူခိုးက ခိုးတယ်လို့ ပြောမှာမဟုတ်ပေမယ့် ကမ္ဘာကြီးက သက်သေပြပါလိမ့်မယ်။ သက်သေအထောက်အ ထားတွေ တပုံကြီးရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် တွေက ပြောပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီအတွင်း ICJ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Bob Rae က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ှုICJ မှာ ထွက်ဆိုချက်တွေဟာ လက်တွေ့အရှိတရားနဲ့ လွဲချော်နေတယ် လို့ ပြောလိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ OIC အဖွဲ့ဝင်နိုင်ငံများကိုယ်စားပြု ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ မပြည့်စုံ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
Photo: AFP
- ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး။
Link : Here

No comments:
Post a Comment